ရှေ့တန်းကပြန်လာရင် သပြေခက်နဲ့ အနမ်းတွေပေးဖို့စောင့်နေမယ်
ဆိုတဲ့ ကောင်မလေးရေ....
ငါပြန်လာခဲ့ပြီးလေ...
သပြေခက်နဲ့အနမ်းတွေက ငါကိုစောင့်နေတာမဟုတ်ပဲ
နင်ကိုမေ့လိုက်တော့ စာလေးတကြောင်းနဲ့
မင်္ဂလာဖိတ်စာလေးက စောင့်နေတာပဲ...
မောင်ကသစ္စာရှိရှိချစ်နိုင်မှာလားဆိုတဲ့
မေးခွန်းတွေ ကတိတွေတောင်းခဲ့ မေးခဲ့ပြီးမှ...
ဘာလို့များ မင်္ဂလာဖိတ်စာ ငါဆီပို့ခဲ့ရတာလဲ...
မင်းပြောတော့ တပ်ကပေးတဲ့ ထမင်းနဲ့လဲစားနိုင်တယ်...
မောင့်လစာနဲ့လဲ ရောင်ရဲတယ်ဆို...
အခုတော့ ပေါ်ဆန်မွှေးနဲ့ ပါရာဒိုကို ရွေးချယ်သွားပြီးပေါ့...
ငါနားလည်ပါတယ်ကောင်မလေးရယ်...
မင်းဘဝကောင်းစားရေးအတွက်ပဲ..
ငါဘယ်လိုငြိုငြင်ရက်မလဲ...
ငါကစစ်သားလေ သူဌေးသားမှ မဟုတ်တာ...
တိုက်ခန်းမှာပဲထားနိုင်တာလေ...
အဲကွန်းနဲ့တိုက်နဲ့မှ မထားနိုင်သေးတာ...
တိုင်းပြည်တာဝန်ထမ်းဆောင်ရအုံးမှာလေ...
မင်းလိုအပ်တဲ့အခါ မင်းလက်ကိုဆွဲပြီး အားမပေးနိုင်သေးတာ...
မင်းရွေးချယ်တာမှန်ပါတယ်ကောင်မလေးရယ်...
မင်းအတွက် ဂုဏ်ယူပါတယ် ...
(စစ်သားတယောက်ကိုတသက်စာလက်မတွဲနိုင်ရင် မျှော်လင့်ချက်နဲ့ကတိတွေပေးမထားခဲ့ပါနဲ့...တာ ဝန် ထမ်းဆောင်တာ ပင်ပန်းလာတဲ့အခါ အနားယူအိပ်စက်နိုင်မဲ့ သစ္စာရှိတဲ့ ရင်ခွင်တခုကိုသာ လိုအပ်တာပါ...)
Goo Gle Mile
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။