Pages

Sunday, November 4, 2012

"" အစိုးရ ထိုးစစ် ""

အစိုးရ ထိုးစစ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်လို့ ကျွန်တော်သိသမျှကို အနည်းငယ် ရှင်းပြလိုပါတယ်။

KIO KIA မှာ အမှန်တကယ် တပ်စွဲထားသော စခန်းတွေဟာ သိပ်အများကြီး မဟုတ်ပါဘူး။ သူတို့ တပ် သားတွေ အများစုက ရွားသား အဖြစ်နဲ့နေတယ် အစိုးရ စစ်ကြောင်းတွေ ရေခပ်ဆင်းတာတို့ ရိက္ခာပို့ တာ တို့ရှိရင် ဖြတ်တိုက်တယ် ပစ်ပြေးတယ် အဲတော့ လိုက်ရှင်းလင်းရင် ရွားသား အဖြစ်ပြန်နေတယ် ပြီး အ စိုး ရ ကပစ်ရင် ရွာသားကို ပစ်ပါတယ် ရွာကို မီးရှို့တယ်စသင့် ပြည်ပ မီဒီယာနဲ့ စွပ်စွဲတယ်။

နောက်တစ်ခုက မြို့ပေါ်မှာပါ သူတို့လွှတ်ထားတဲ့ ထောက်လှမ်းရေးရှိတယ်။ အစိုးရထောက် လှမ်းရေးဆို တာက ဖမ်းမိတယ်ဆိုရင် စစ်ဆေးတာတို့ လုပ်ရတာပေါ့။ သူတို့ထောက်လှမ်းရေးတွေက လူထုကို လှုံ့ဆော်မယ် ပြီးရင် ဆန္ဒပြပွဲတွေလုပ်မယ် အစိုးရက တဖက်သတ် ပစ်သယောင်လုပ်မယ်။ အဲဒါ က မြေပေါ်မြေအောက် ပူးပေါင်း စစ်ဆင်ရေးဗျူဟာကျင့်သုံးတာကို တွေ့ရပါတယ်။

နောက် KIO KIA တပ်တွေ အများကြီး မရှိပဲ များသောအားဖြင့် တောင်ကုန်းတွေ ဗျူဟာကုန်း တွေ မှာ နေ ရာ ယူထားတာက တပ်မတော်စခန်း တွေဖြစ်တယ် အဲဒီ စခန်းမှာရှိတဲ့ အင်အားကို ရိက္ခာပို့ဖို့လိုလာတယ် ရိက္ခာပို့တဲ့အခါမှာ ပို့ရတဲ့ လမ်းကြောင်းကို ပိတ်ပြီး တိုက်ခိုက်တယ် တံတား တွေ ဖျက်တယ် အဲတော့ လမ်းကြောင်း မရှိတော့ဘူး မရှိတော့ တောကြို အုံကြားကနေ ပို့ရတယ် အဲဒီလမ်းကြောင်း တွေမှာက KIA တပ်တွေက အစဖြောက် နေတယ် သူတို့နဲ့ ထိတွေ့မှုဖြစ်တာနဲ့ ပစ်ပြီး ပြေးတာပဲ ပြီး အပေါ်မှာပြောခဲ့ သ လို ရွာသား ယောင်ဆောင် ပြီးတာနဲ့ အစိုးရက စတင်ထိုး စစ်ဆင် ပါတယ်ပြော အဲတော့ ရိက္ခာမပို့ ဘူး ပဲဆိုပါစို့ တပ်စခန်း မှာရှိတဲ့သူတွေက ငတ်ပြတ်လာတယ် အဲဒီအချိန်မှာ စိတ်ဓါတ် ကျကုန်တယ် အဲတော့မှ KIA က အဲဒီစခန်းတွေကို လူအင်အား တွေသုံးပြီး တက်သိမ်းတယ် သူတို့ကျင့်သုံးတဲ့ဗျူဟာက သူပုန်မှာ လူ့အခွင့်အရေးပြစရာမလိုတဲ့အတွက် အဖက်ဖက် ကသူတို့နစ်နာ တယ်ပြောတာ အစိုးရ မှာက နိုင်ငံတ ကာ ကော အတိုက်အခံ တွေကော တပ်မတော်ကော တခြားသူတွေပါ ပြသနာ ပေါင်းစုံ ရှင်းရတော့ အဖက် ဖက် ကနေ စဉ်းစားရတယ်။

အဲဒီတော့ စဉ်းစား ကြည့်ရင် အရှင်းကြီးလေ သူတို့ထက် သမိုင်းမှာ ပိုကြာတဲ့ ပိုပြီးနာမည်ရှိတဲ့KNU တောင် တပ် မတော် ကော အစိုးရနဲ့ပါပြေလည်တယ် တစ်လောက တောင် KNLA နဲ့ ရုပ်ရှင်အစည်း အရုံး နဲ့ ဘော လုံးတောင် ကန်သွားသေး တယ် အဲတော့ ဘယ်ဘက်ကနေ လျှော့ဖို့လိုမယ်ဆိုတာက အရှင်း ကြီး လေ ခုတောင် KIA ဆီက ဆက်ကြေး တောင်းစာရသေးတယ် သူတို့ကို လုပ်ငန်းရှင်တိုင်းက သိန်း ၂၅၀ ပေးရမယ် မပေးရင် သတ်ပစ်တဲ့အထိ ထွက်ပြေးရင် လိုက်သတ်တဲ့အထိ အရေးယူမယ်တဲ့....

ကျွန်တော် ပြောချင် တာရှိတယ် အမှန်တကယ် တိုင်းရင်းသား တွေကို ကိုယ်စားပြုတဲ့လက်နက် ကိုင်အ ဖွဲ့ ဆိုရင် အဲလိုအကြမ်းဖက် လုပ်ရပ် တွေလုပ်ပါ့မလား ???

ဆက်ကြေး ကောက်ပါ့မလား ???

အတင်းလူစု ပါ့မလား ???

နည်းမျိုးစုံ သုံးပြီး ယုတ်မာမလား ????

စဉ်းစားပါ တကယ်သာ ကိုယ်စားပြုအဖွဲ့ဆိုရင် အနစ်နာခံပြမယ် တံတား မိုင်းခွဲမဲ့အစား ဒုက္ခသည်တွေကို ကူညီမယ် ခုတော့ ဒုက္ခသည်တွေထဲမှာ 15 နှစ်ကနေ 50 အရွယ်အထိ လူကောင်းမှ မကျန်ဆိုတာက သူ တို့ ဘာလုပ်တယ်ဆိုတာ အရှင်းကြီး ပေါ်လွင်နေတာပဲလေ။

ကျွန်တော် ကတော့ မှန်ကန်စွာ သတင်း ထုတ်ပြန်ပြီး လူထုအနေနဲ့လည်း သေချာ ဘာကြောင့် ဖြစ် တယ် ဆိုတာကို သိစေချင်တယ်။ ဟိုတစ်လောကပဲ မင်္ဂလာဆောင်တာ ၁ လတောင် မပြည့်သေးတဲ့ ကောင်လေး တစ်ယောက် တိုက်ပွဲကျ သွားတယ်လေ။ သူတို့မိသားစုနေရာကလည်း စဉ်းစားကြည့်ပေါ့....

အမှန်တကယ်တော့ တကယ် တိုက်နေရတဲ့ တပ်မတော်သား တွေ ရဲ့မိသားစုတွေဟာ ငြိမ်းချမ်းရေးကို အ လို အပ်ဆုံးပါ ဘယ်သူမှ ကိုယ့်ချစ်ခင်ရသူကို မမြင်တွေ့ရတော့ပဲ မဆုံးရှုံးချင်ဘူးလေ....

phyophyo86

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

"" အစိုးရ ထိုးစစ် ""

Labels:

0 comments: