Pages

Friday, November 2, 2012

*** ကျနော်တို့ သေသည်တိုင် နောင်တ မရပါဘူး ***

ကျနော်တို့တွေ အားငယ်မိတယ်...
နေမကောင်းဖြစ်တဲ့အခါ...
ကျနော်တို့ဘေးမှာ ဘယ်သူမှမရှိခဲ့ဘူးလေ...

ကျနော်တို့ ၀မ်းနည်းမိတယ်...
သူများမိသားစုတွေမြင်တဲ့အခါ...
၁နှစ်မှာမှာတောင် တွေ့ဖို့မသေချာတဲ့ မိသားစုဘ၀လေးကို လွမ်းမိတယ်လေ..

ကျနော်တို့ အားကျမိတယ်...
ကြည်နူးနေတဲ့ သူများအတွဲတွေမြင်တဲ့အခါ...
ကျနော်တို့ ချစ်သူက ဟိုးအဝေးမှာလေ...

ဒါပေမဲ့ ကျနော်တို့တွေ အားမငယ်တော့ပါဘူး...
ဝမ်းမနည်းတော့ပါဘူး...
အားမကျတော့ပါဘူး...
ကျနော်တို့ချစ်တဲ့ မိသားစုအတွက်....
ကျနော်တို့ချစ်သူအတွက်....
တိုင်းသူပြည်သားတွေအတွက်...
သူများတွေမလုပ်နိုင်တဲ့ ကိစ္စတခုကို ကျနော်တို့ လုပ်ခဲ့ပြီးလေ....
ကိုယ်အသက် ကိုယ်ခန္ဒာကို စွန့်ပြီး....
ကာကွယ်ဖို့ကြိုးစားခဲ့ပြီးလေ...
ဒါကြောင့် ကျနော်တို့ စစ်သားဖြစ်ရတာ နောင်တမရပါဘူး....
ဟုတ်တယ်....ကျနော်တို့သေသည်တိုင် နောင်တမရပါဘူး....

Goo Gle Mile

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

*** ကျနော်တို့ သေသည်တိုင် နောင်တ မရပါဘူး ***

Labels:

0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။