Pages

Wednesday, November 14, 2012

“““ တရုတ်နိုင်ငံ ထုတ် ပထမဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် စမ်းသပ်ပျံသန်း ”””

တရုတ် စစ်ဘက်က ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ် အသုံးပြုနေသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အ မျိုး အစား WZ-10သည် အမေရိကန် ၏ နာမည်ကျော် AH-64 Apacheများကို စိန်ခေါ် လာဖွယ် ရှိနေကြောင်း သိရသည်။ အမေရိကန် ကြည်းတပ် နှင့် လေတပ် တို့တွင် အသုံးပြု နေသော AH-64 တိုက် ခိုက်ရေး ရဟတ်ယာဉ် သည် ကမ္ဘာပေါ်တွင် မဟာ ဗျူဟာ မြောက် ချေမှုန်း စစ်ဆင်ရေး များကို အကောင်းဆုံး လုပ်ဆောင် နိုင် သည့် စစ်ယန္တရား တစ်ခု အဖြစ် အောင်မြင်စွာ ရပ်တည် နေခဲ့သည်။

သို့သော်လည်း ယခုအခါ တရုတ်ကလည်း ကိုယ်ပိုင် ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်ခုကို ပထမဆုံးအကြိမ် စတင် ပျံသန်း အသုံးပြုလာခဲ့သည်။

WZ-10သည် စမ်းသပ်ပျံသန်း သရုပ်ပြမှုများအရ Apacheများကို မျက်ခုံး လှုပ်စေမည့် စွမ်းဆောင်ရည်ေ ကာင်း များ ရှိနေကြောင်း တွေ့ရသည်။

Apacheကဲ့သို့ပင် WZ-10သည် ဝေဟင်မှ မြေပြင် ချေမှုန်းရေးနှင့် တင့်ကားဖျက် ရဟတ်ယာဉ်အဖြစ် အဓိ က တည်ဆောက်ထားပြီး ဝေဟင်တွင် ရဟတ်ယာဉ် အချင်းချင်း စီးချင်းထိုးရာတွင်လည်း အသုံး ဝင်သည်။

တရုတ် လေကြောင်း စက်မှုကော်ပိုရေးရှင်း (AVIC)၏ ဥက္ကဋ္ဌဖြစ်သူ လင်ဇူမင်းက WZ-10သည် အနိမ့်ပျံ သန်း တိုက်ခိုက်မှုများတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ကြောင်းလည်း ရှင်းပြခဲ့သည်။

၎င်းက Apacheထက်ပင် အလေးချိန်အားဖြင့် ပိုမို ပေါ့ပါးသည်။ WZ-10သည် (၆)တန်မျှသာ အလေးချိန် ရှိရာ Apacheထက် (၄)တန်မျှ ပိုပေါ့သည့် သဘောဖြစ်သည်။ တရုတ်စစ်တပ်သည် WZ-10ကို Thunderboltဟု ချစ် စနိုး အမည်ပေးထားသည်။ ထို့အပြင် တရုတ်နိုင်ငံသည် WZ-19 အမျိုးအစား ရဟတ် ယာဉ် တစ်မျိုးကို Black Hurricaneဟု အမည်ပေးကာ မိတ်ဆက် ပျံသန်းမှု ပြုလုပ်ခဲ့သေးသည်။ သို့သော် လည်း WZ-10မှာ တရုတ်စစ်တပ်အတွက် ပိုမိုမဟာဗျူဟာမြောက်သည့် ခေတ်မီ စစ်ယန္တရားအဖြစ် တွင် ကျယ် လာနိုင်ကြောင်း လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

China.ORG,Planet

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တရုတ်နိုင်ငံ ထုတ် ပထမဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် စမ်းသပ်ပျံသန်း ”””

Labels:

တရုတ် စစ်ဘက်က ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ် အသုံးပြုနေသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အ မျိုး အစား WZ-10သည် အမေရိကန် ၏ နာမည်ကျော် AH-64 Apacheများကို စိန်ခေါ် လာဖွယ် ရှိနေကြောင်း သိရသည်။ အမေရိကန် ကြည်းတပ် နှင့် လေတပ် တို့တွင် အသုံးပြု နေသော AH-64 တိုက် ခိုက်ရေး ရဟတ်ယာဉ် သည် ကမ္ဘာပေါ်တွင် မဟာ ဗျူဟာ မြောက် ချေမှုန်း စစ်ဆင်ရေး များကို အကောင်းဆုံး လုပ်ဆောင် နိုင် သည့် စစ်ယန္တရား တစ်ခု အဖြစ် အောင်မြင်စွာ ရပ်တည် နေခဲ့သည်။

သို့သော်လည်း ယခုအခါ တရုတ်ကလည်း ကိုယ်ပိုင် ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်ခုကို ပထမဆုံးအကြိမ် စတင် ပျံသန်း အသုံးပြုလာခဲ့သည်။

WZ-10သည် စမ်းသပ်ပျံသန်း သရုပ်ပြမှုများအရ Apacheများကို မျက်ခုံး လှုပ်စေမည့် စွမ်းဆောင်ရည်ေ ကာင်း များ ရှိနေကြောင်း တွေ့ရသည်။

Apacheကဲ့သို့ပင် WZ-10သည် ဝေဟင်မှ မြေပြင် ချေမှုန်းရေးနှင့် တင့်ကားဖျက် ရဟတ်ယာဉ်အဖြစ် အဓိ က တည်ဆောက်ထားပြီး ဝေဟင်တွင် ရဟတ်ယာဉ် အချင်းချင်း စီးချင်းထိုးရာတွင်လည်း အသုံး ဝင်သည်။

တရုတ် လေကြောင်း စက်မှုကော်ပိုရေးရှင်း (AVIC)၏ ဥက္ကဋ္ဌဖြစ်သူ လင်ဇူမင်းက WZ-10သည် အနိမ့်ပျံ သန်း တိုက်ခိုက်မှုများတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ကြောင်းလည်း ရှင်းပြခဲ့သည်။

၎င်းက Apacheထက်ပင် အလေးချိန်အားဖြင့် ပိုမို ပေါ့ပါးသည်။ WZ-10သည် (၆)တန်မျှသာ အလေးချိန် ရှိရာ Apacheထက် (၄)တန်မျှ ပိုပေါ့သည့် သဘောဖြစ်သည်။ တရုတ်စစ်တပ်သည် WZ-10ကို Thunderboltဟု ချစ် စနိုး အမည်ပေးထားသည်။ ထို့အပြင် တရုတ်နိုင်ငံသည် WZ-19 အမျိုးအစား ရဟတ် ယာဉ် တစ်မျိုးကို Black Hurricaneဟု အမည်ပေးကာ မိတ်ဆက် ပျံသန်းမှု ပြုလုပ်ခဲ့သေးသည်။ သို့သော် လည်း WZ-10မှာ တရုတ်စစ်တပ်အတွက် ပိုမိုမဟာဗျူဟာမြောက်သည့် ခေတ်မီ စစ်ယန္တရားအဖြစ် တွင် ကျယ် လာနိုင်ကြောင်း လက်နက်ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

China.ORG,Planet
0 comments: