Pages

Friday, November 16, 2012

“““ ရခိုင်ပြည်နယ် ပဋိပက္ခ မှာ နှစ်ဖက်စလုံးက ကျူးလွန်တာဖြစ်လို့ ၊ မိမိအနေနဲ့ ဘက်တဘက်တည်းကို ရပ်တည်ပြီး မပြောဆိုနိုင်ကြောင်း အန်တီစု ပြော ”””

အင်္ဂလိပ်ဘာသာနဲ့ အိန္ဒိယနိုင်ငံမှာ ထုတ်လွှင့်တဲ့ NDTV သတင်းထောက်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ် သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလားလို့ မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အ တွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ပါ။ ကျွန်မ အနေနဲ့အမြဲတမ်းပြောနေတာက အစိုးရ အနေနဲ့ နိုင်ငံသား ဥ ပဒေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိဖို့ လိုအပ်ပါတယ်။ကျွန်မတို့နိုင်ငံမှာ နိုင်ငံသားဆိုင်ရာ ဥပဒေရှိ ပါ တယ်။ ဒါကြောင့် ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရ မှာဖြစ် တယ်ဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က NDTV ဖြေတဲ့အခါမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာတင် တာဝန်ရှိတာမဟုတ်ပဲ ၊ ဘင်္ဂ လားဒေ့ ရှ် နိုင်ငံမှာလည်း တာဝန်ရှိကြောင်း ၊တကယ်လို့ နှစ်နိုင်ငံ နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ဖက်က ခိုး ၀င်နေ တာတွေ ရှိနေရင်လည်း တားဆီးနိုင်ဖို့ လိုအပ်ကြောင်း၊ အဲဒီလို မတားဆီးနိုင်ဘူးဆိုရင် ရခိုင်ပြည် နယ်အရေးကိစ္စ ဟာ ပြီးဆုံးဖို့ ခက်ခဲပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြောင်း သိရပါ တယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေမှာ နှစ်ဖက်စလုံးက ကျူးလွန်တာဖြစ်ပြီး ၊ မိမိအနေနဲ့ ဘက် တ ဘက်တည်းကို ရပ်တည်ပြီး မပြောဆိုနိုင်ကြောင်း၊ နှစ်ဖက် ပြန်လည်သင့်မြတ်ရေးကိစ္စကိုသာ မိမိ အနေနဲ့ ကြိုးပမ်းလိုကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်လို့သိရပါတယ်။

RFA Burmese

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ရခိုင်ပြည်နယ် ပဋိပက္ခ မှာ နှစ်ဖက်စလုံးက ကျူးလွန်တာဖြစ်လို့ ၊ မိမိအနေနဲ့ ဘက်တဘက်တည်းကို ရပ်တည်ပြီး မပြောဆိုနိုင်ကြောင်း အန်တီစု ပြော ”””

Labels:

အင်္ဂလိပ်ဘာသာနဲ့ အိန္ဒိယနိုင်ငံမှာ ထုတ်လွှင့်တဲ့ NDTV သတင်းထောက်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ် သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလားလို့ မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အ တွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ပါ။ ကျွန်မ အနေနဲ့အမြဲတမ်းပြောနေတာက အစိုးရ အနေနဲ့ နိုင်ငံသား ဥ ပဒေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိဖို့ လိုအပ်ပါတယ်။ကျွန်မတို့နိုင်ငံမှာ နိုင်ငံသားဆိုင်ရာ ဥပဒေရှိ ပါ တယ်။ ဒါကြောင့် ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရ မှာဖြစ် တယ်ဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က NDTV ဖြေတဲ့အခါမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာတင် တာဝန်ရှိတာမဟုတ်ပဲ ၊ ဘင်္ဂ လားဒေ့ ရှ် နိုင်ငံမှာလည်း တာဝန်ရှိကြောင်း ၊တကယ်လို့ နှစ်နိုင်ငံ နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ဖက်က ခိုး ၀င်နေ တာတွေ ရှိနေရင်လည်း တားဆီးနိုင်ဖို့ လိုအပ်ကြောင်း၊ အဲဒီလို မတားဆီးနိုင်ဘူးဆိုရင် ရခိုင်ပြည် နယ်အရေးကိစ္စ ဟာ ပြီးဆုံးဖို့ ခက်ခဲပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြောင်း သိရပါ တယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေမှာ နှစ်ဖက်စလုံးက ကျူးလွန်တာဖြစ်ပြီး ၊ မိမိအနေနဲ့ ဘက် တ ဘက်တည်းကို ရပ်တည်ပြီး မပြောဆိုနိုင်ကြောင်း၊ နှစ်ဖက် ပြန်လည်သင့်မြတ်ရေးကိစ္စကိုသာ မိမိ အနေနဲ့ ကြိုးပမ်းလိုကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်လို့သိရပါတယ်။

RFA Burmese
0 comments: