Pages

Friday, November 23, 2012

“““ တပ်မတော် ဆေးတပ်ဖွဲ့မှ မီးဘေးသင့် လူနာများအား ဆက်လက် ဆေးကုသ ဆောင်ရွက်ပေး ”””

ကန့်ဘလူ ၊ ၂၃-၁၁-၂၀၁၂
အနောက်မြောက် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် မုံရွာမြို့ ၊ နယ်မြေခံ ဆေးတပ်ရင်း တို့မှ ဆရာဝန် များနှင့် အထက်တန်း သူနာပြုများ ၊ နေပြည်တော် ၊ ရန်ကုန် မြို့တို့ရှိ တပ်မတော် ဆေးရုံများမှ တာဝန်ရှိ ဆရာဝန်တို့သည် ကန့်ဘလူမြို့ ၊ ပြည်သူ့ ဆေးရုံ (ခုတင် - ၁၀၀)၌ နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ပြည်သူ့ ဆေးရုံမှ တာဝန်ရှိ ဆရာဝန် ကြီးများ ၊ သူနာပြု ဆရာမ များနှင့်အတူ မီးဘေးသင့် လူနာများ ကို ဆက်လက် ဆေးဝါး ကုသ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
 
အဆိုပါ မီးဘေးသင့် လူနာများအား အထူးကု ဆရာဝန် ကြီးများ ၊ ဆရာဝန် ၊ ဆရာမများ ၊ တပ်မတော် ဆေးတပ်ဖွဲ့ နှင့် သူနာပြုများမှ နေ့/ည မပြတ် ကုသ ဆောင်ရွက် ပေးလျက် ရှိရာ လူနာ များနှင့် လူနာရှင် မိသားစုများမှ ကျေးဇူးတင် စကား ပြောကြားလျက် ရှိရာမှာ " ကျွန်တော်တို့ ရွာက မီးလောင် ဒဏ်ရာ ရရှိသူတွေမှာ ကျွန်တော့် ညီနဲ့ တူမလည်း ပါတယ် ၊ သူတို့ကို လာစောင့် ပေးတဲ့ ကျွန်တော်နဲ့ တကွ လူနာရှင် မိသားစု များအားလုံး ကလည်း ကျေးဇူးတင်လျက် ရှိပါတယ် ၊ ကန့်ဘလူမြို့ (ခုတင် - ၁၀၀) ဆေးရုံမှာ ကုသလျက် ရှိတဲ့ လူနာ အားလုံးကို အထူးကု ဆရာဝန် ကြီးများ ၊ ဆရာဝန် ၊ ဆရာမများ ၊ တပ်မတော် ဆေးတပ်ဖွဲ့ နဲ့ သူနာပြုများက လူနာ အားလုံးကို စေတနာထားပြီး အမြဲ ဂရုတစိုက် နဲ့ ကုသပေးကြ ပါတယ် ၊ အဲဒီလို ကရုဏာထား ကုသ ဆောင်ရွက် ပေးနေရင်း လူနာအနေ ဖြင့် သေဆုံးခဲ့ရတော့ သူ့ရဲ့ ကံတရားပဲ လို့ ဖြေသိမ့် ခဲ့ရပါတယ် ၊ ဆေးကုသ ကုန်ကျစရိတ် လဲ မရှိပါဘူး ၊ နိုင်ငံတော် အစိုးရနဲ့ စေတနာရှင် တွေက လူနာတွေကို ဆေးဝါးများ ၊ ထောက်ပံ့ငွေများ လှူဒါန်း ပေးကြသလို ၊ လူနာစောင့် တွေစားဖို့ အတွက် နံနက် ၊ နေ့လည် ၊ ညနေစာ နဲ့ သောက်ရေသန့် ဗူးများကိုလည်း နေ့စဉ် လာရောက် လှူဒါန်း ပေးကြ ပါတယ် ... " လို့ ကန့်ဘလူ မြို့နယ် ၊ ချပ်ကြီး ကျေးရွာ လူနာရှင် မိသားစု တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ တပ်မတော် ဆေးတပ်ဖွဲ့မှ မီးဘေးသင့် လူနာများအား ဆက်လက် ဆေးကုသ ဆောင်ရွက်ပေး ”””

Labels:

ကန့်ဘလူ ၊ ၂၃-၁၁-၂၀၁၂
အနောက်မြောက် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် မုံရွာမြို့ ၊ နယ်မြေခံ ဆေးတပ်ရင်း တို့မှ ဆရာဝန် များနှင့် အထက်တန်း သူနာပြုများ ၊ နေပြည်တော် ၊ ရန်ကုန် မြို့တို့ရှိ တပ်မတော် ဆေးရုံများမှ တာဝန်ရှိ ဆရာဝန်တို့သည် ကန့်ဘလူမြို့ ၊ ပြည်သူ့ ဆေးရုံ (ခုတင် - ၁၀၀)၌ နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ပြည်သူ့ ဆေးရုံမှ တာဝန်ရှိ ဆရာဝန် ကြီးများ ၊ သူနာပြု ဆရာမ များနှင့်အတူ မီးဘေးသင့် လူနာများ ကို ဆက်လက် ဆေးဝါး ကုသ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
 
အဆိုပါ မီးဘေးသင့် လူနာများအား အထူးကု ဆရာဝန် ကြီးများ ၊ ဆရာဝန် ၊ ဆရာမများ ၊ တပ်မတော် ဆေးတပ်ဖွဲ့ နှင့် သူနာပြုများမှ နေ့/ည မပြတ် ကုသ ဆောင်ရွက် ပေးလျက် ရှိရာ လူနာ များနှင့် လူနာရှင် မိသားစုများမှ ကျေးဇူးတင် စကား ပြောကြားလျက် ရှိရာမှာ " ကျွန်တော်တို့ ရွာက မီးလောင် ဒဏ်ရာ ရရှိသူတွေမှာ ကျွန်တော့် ညီနဲ့ တူမလည်း ပါတယ် ၊ သူတို့ကို လာစောင့် ပေးတဲ့ ကျွန်တော်နဲ့ တကွ လူနာရှင် မိသားစု များအားလုံး ကလည်း ကျေးဇူးတင်လျက် ရှိပါတယ် ၊ ကန့်ဘလူမြို့ (ခုတင် - ၁၀၀) ဆေးရုံမှာ ကုသလျက် ရှိတဲ့ လူနာ အားလုံးကို အထူးကု ဆရာဝန် ကြီးများ ၊ ဆရာဝန် ၊ ဆရာမများ ၊ တပ်မတော် ဆေးတပ်ဖွဲ့ နဲ့ သူနာပြုများက လူနာ အားလုံးကို စေတနာထားပြီး အမြဲ ဂရုတစိုက် နဲ့ ကုသပေးကြ ပါတယ် ၊ အဲဒီလို ကရုဏာထား ကုသ ဆောင်ရွက် ပေးနေရင်း လူနာအနေ ဖြင့် သေဆုံးခဲ့ရတော့ သူ့ရဲ့ ကံတရားပဲ လို့ ဖြေသိမ့် ခဲ့ရပါတယ် ၊ ဆေးကုသ ကုန်ကျစရိတ် လဲ မရှိပါဘူး ၊ နိုင်ငံတော် အစိုးရနဲ့ စေတနာရှင် တွေက လူနာတွေကို ဆေးဝါးများ ၊ ထောက်ပံ့ငွေများ လှူဒါန်း ပေးကြသလို ၊ လူနာစောင့် တွေစားဖို့ အတွက် နံနက် ၊ နေ့လည် ၊ ညနေစာ နဲ့ သောက်ရေသန့် ဗူးများကိုလည်း နေ့စဉ် လာရောက် လှူဒါန်း ပေးကြ ပါတယ် ... " လို့ ကန့်ဘလူ မြို့နယ် ၊ ချပ်ကြီး ကျေးရွာ လူနာရှင် မိသားစု တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။
0 comments: