Pages

Friday, November 30, 2012

“““ ၂၀၀၇ စက်တင်ဘာ ကဲ့သို့ ထပ်ဖြစ်ရန် မန္တလေး ဘုန်းကြီးများ စတင် လုပ်ဆောင် ”””

မြန်မာနိုင်ငံမှ ဘုန်းကြီးများကို ဘယ်လို နားလည်ရမည်မသိ။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာများကိုလည်း ဘယ် လို ကိုးကွယ်ကြသနည်းဆိုသည့် မေးခွန်းကို မေးရတော့မတတ် ဘုန်းကြီးများကို အသုံးချ လိုရာဆွဲ ပုံဖော်ကြေ လ သည်။ ဘုန်းကြီးထဲတွင် ဘာသာရေးလုပ်သည့် ဘုန်းကြီးနှင့် နိုင်ငံရေး လုပ်သည့် ဘုန်းကြီး ဟူ၍ တရားဝင် ၂ မျိုး ခွဲခွင့်ရပြီလားဟုပင် မေးလောက်စရာ သာသနာရေး တစ်ခုမှ မလုပ်ဘဲ နိုင်ငံရေး၊ ဆူပူရေးတို့ကိုပင် သီးသန့်လုပ်ဆောင်နေသည့် ဘုန်းကြီးများကို တွေ့နေရသည်။ အရှင်ဘုရားတို့ ဒီနည်းနဲ့ သာသ နာပြန့်ပွားဖို့ လုပ်လေသလား။
 
မိုက်ကိုင်ပြီးတရားမဟော။ မိုက်ကိုင်ပြီး ဆူပူသည်
 
ရေးပြန်ရင်လည်း ဘာသာကို စော်ကားသည် ဖြစ်မည်။ မရေးပြန်ရင်လည်း သံဃာကစသည့် ဆူပူမှုကို အားလုံးက မြှောက်ထိုးပင့်ကော် လုပ်ကြပေအုံးမည်။ သင်္ဃန်းကို အကာအကွယ်ယူပြီး သာသနာကို နစ် မွန်းေ စ အုံးမည် ဖြစ်သည်။ ထိုမှတစ်ဖန် ဓမ္မစက်ဖြင့် မရပါက ရသည့် စက်ဖြင့် နှိ မ်နှင်းခြင်ြး ဖင့် မြန် မာ နိုင် ငံ ၏ သံဃာ အပေါ် ယုံကြည်မှု ပပျောက်တော့ပေမည်။ စစ်သားနှင့် ရဲကို ဘုန်းကြီးက ရှိခိုးသည်။ အဆို ပါ ဘုန်းကြီးများ တစ်နေ့တစ်ချိန်မှာ သက်ကြီးဝါကြီး ထေရ်ကြီးဖြစ်၊ အဆိုပါ စစ်သားရဲများ ရာထူး ကြီးေ တွဖြစ် ဆုံတွေ့ကြလျှင် ဘယ်လိုဖြစ်ကြမည်နည်း။ အရှင်ဘုရားတို့ ထိုအချိန်မှ ကိုယ့်လိပ်ပြာ ကိုယ်လုံ ကြ မည်လား။
 
ဒဏ်ရာရ ဘုန်းကြီးများသည် မီးလောင်ရန် ခြောက်သွေ့နေ သည့်အချိန် တွင် မေတ္တာသုတ် ရွတ်ကာ စောင် ပတ်ကာ ဒီပုံအတိုင်း ကန်တော့နေကြသည်။ ဘာသာခြားတို့ မည်မျှ လှောင်ပြောင်နေမည် မဆိုတတ်

သီရိလင်္ကာကဲ့သို့သော နိုင်ငံတွင် ဘာသာတရားကို အထူးအလေးပေး၏။ ပုဂံခေတ်ကပင် မြန်မာတို့ ကူညီပေး ခဲ့ဖူး၏။ ယခု သီ၇ိလင်္ကာနိုင်ငံတွင် ဘုန်းကြီးများ အ၀လွန်မှုအတွက် အဆီ အဆိမ့်များ လျော့ လှူရန် နှိုးဆော်ရ၏။ ဘုန်းကြီးများ၏ အစားအသောက်ကို အမိန့်ထုတ်ပြန်၍ ကန့်သတ်ရ၏။ အစိုးရ မည်သည် ဘာသာ သာသနာအကျိုးအတွက် မည်သူအပြစ်ဆိုဆို လုပ်မည်သာ ဖြစ်သည်။
 
ဘုန်းကြီးအတွက် အစိုးရက ပြောယူရသည့် သီရိလင်္ကာ၊ ထိုအတွက် ဘုန်းကြီးများ မကျေနပ်

Google တွင် ဘုန်းကြီးဆိုပြီး ရိုက်ရှာလျှင် တွေ့ရသည့်ပုံ၊ ထိပ်ဆုံးက မြင်ရသည့်ပုံကိုကြည့်၊ ဘုန်းကြီးတို့ သာသနာအတွက် ဘာလုပ်ကြမှာလဲ

ရှင်ဘုရင် တစ်ပါးလက်ထက်တွင် သံဃာတော် တစ်ပါးအား မြင်သဖြင့် ဆွမ်းလောင်း၏။ ထိုသံဃာ တော် အစစ် ဟုတ်မဟုတ် အမတ်ကြီးအား လိုက်ကြည့်ခိုင်းရာ သံဃာတု ဖြစ်သော်လည်း ရှင်ဘုရင် အကု သိုလ် ဖြစ် မည်စိုးသဖြင့် အမတ်ကြီးက သံဃာ အစစ်ပါ ဟု လိမ်လည်ခဲ့ ရဖူးသည့် သာဓက ရှိဖူးသည်။ ထိုင်းနိုင်ငံမှ ဇာတ်ကားများတွင် ဘုန်းကြီးနှင့်ပတ်သက်၍ ကောင်းကွက်များ ပျောက်ကုန်ပြီ ဖြစ်သည်။ ဘုန်းကြီး ကို ဘုန်းကြီးဟု ပင် မယူဆကြတော့။ အရှင်ဘုရားတို့ကြောင့် ကလေးတွေကို ဘာသာရေး ဆုံးမရ ခက်ေ အာင် မလုပ်ကြပါနှင့်။ သာ သ နာရေး လုပ်သော ဘုန်းကြီး များကိုသာ ကန်တော့လိုပါသည်။

ဆရာကြီး ဦးသုခရိုက်ဖူးသော ဇာတ်လမ်းတစ်ခုတွင် သူခိုးဖြစ်သူသည် မိမိ အသက်ဘေးကို ကြောက်သဖြင့် သင်္ဃန်းခြုံကာ လူကောင်းဟန်ဆောင်၏။ လူတို့က အထူးထူး ပူဇော်ကြ၏။ ထို့အတွက် နောင်တရကာ တရားကို အမှန်တကယ် အားထုတ်ခဲ့လေသည်။ ယခု အရှင်ဘုရားတို့ကား ပြောင်းပြန်ဖြစ်ဖို့ ကြိုးစားလေပြီ။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံဖြစ်သည်။ ထိုအတွက်လည်း ဂုဏ်ယူရသည်။ ယခုမူ အင်တာနက်တွင် ဘုန်းကြီးဟု ရိုက်ထည့်ပြီး ရှာရှာ၊ သံဃာဟု ရိုက်ထည့်ပြီးရှာရှာ၊ Myanmar Monk ဟု ရိုက်ထည့်ပြီး ရှာရှာ တရားအားထုတ်နေသော ဘုန်းကြီးများ မတွေ့ရ။ ဓား၊ဒုတ် ကိုင်သော ဘုန်းကြီးများ ကိုသာ တွေ့ရသည်။

ယခုလည်း လက်ပံတောင်းနီးမှ အရေးပေါ် ဘုန်းကြီးဝတ်သူများကို ထပ်တွေ့ရအုံးမည်။ ဘုန်းကြီးတို့က ဘုန်းကြီး အလုပ် မလုပ်ချင်မှတော့ တာဝန်ရှိသူများကလည်း တာဝန်ရှိသည့်အတိုင်း ဆက်လုပ်ကြရ အုံးမည်။ သာသနာ အတွက်ကော၊ နိုင်ငံအတွက်ပါ ဆိုးရွားလွန်းလှပါသည်။ ကိုယ့်ကျောင်း ကိုယ်ပြန် သင့်ပါပြီ။
 
သိုင်းဘုန်းကြီး သိုင်းလေ့ကျင့်တာ ဘယ်သူမှ အပြစ်မပြော
 
 ဘုန်းကြီး ဘုန်းကြီးအလုပ်မလုပ်လို့ တိုင်းပြည် အကြိမ်ကြိမ် နစ်နာခဲ့ဖူးပြီ
 
အေးအေးဆေးဆေး ဆန္ဒပြသည်ပဲဆိုဆို၊ ဆူပူသည်ပဲဆိုဆို ဥပဒေအရတော့ ထိုင်းနိုင်ငံတွင်လည်း ယခုပုံ အတိုင်း လုပ်ကြသည်။ ကျန်နိုင်ငံများလည်း ထိုထက် ဆိုးသည်များသာ ဖြစ်သည်။ဗုဒ္ဓဘာသာ မြန်မာ တစ်ယောက် မို့ ဘုရား၊တရား၊ သံဃာ ကန်တော့တိုင်း သာသနာရေး ဆောင်ရွက်သော ဘုန်းကြီးပုံများ သာ မြင်ယောင် လိုပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: