Pages

Friday, November 23, 2012

“““ ဘင်္ဂလားဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီး သွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား ”””

နိုင်ငံတကာ မီဒီယာအများစုက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီး မလေးရှားသို့ သွား လာနေ ကြသူများမှာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေး တိမ်းရှောင် လာရသူ ရို ဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ထုတ်ဖေါ်ရေးသား နေကြခြင်းမှာ မဟုတ်မမှန်ဘဲ လိုသည်ထက် တမင်ချဲ့ ကား ရေးသားနေကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က သတင်း ထုတ်ေ ဖါ် ရေး သားလိုက်သည်။

ဘင်္ဂလာဒေခ်ျ့မှအကြီးဆုံး သတင်းဌာန တစ်ခု ဖြစ်သော United News of Bangladesh (UNB) က ယ မန်နေ့က Bangladesh join Rohingya in search of opportunity တွင် ထိုသို့ ထုတ်ဖေါ် ရေးသား လိုက်ခြင်း ဖြစ် သည်။ အောက်တိုဘာလ ၂၇ ရက်နေ့ မှ နိုဝင်္ဘာလ ၇ ရက်နေ့ အတွင်း လူပေါင်း ၂၄၅ ဦးကို တင်ဆောင်လာသော လူမှောင်ခို စက်လှေ နှစ်စီး ကော့စ်ဘဇား ခရိုင် တက်ကနက် ကမ်းခြေတွင် နစ်မြုပ်ခဲ့သည်။ လှေနစ်မြုပ်ရာမှ လူ ၂၈ ဦးကို ဆယ်ယူခဲ့ရာ တ၀က်နီးပါးမှာ ရိုဟင်ဂျာ ဆိုသူများ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း UNB က ရေးသား ဖေါ်ပြသည်။

သို့ရာတွင် နိုင်ငံတကာ သတင်း မီဒီယာများက အဆိုပါ လှေစီးပြီး သွားသူများမှာ ရိုဟင်ဂျာ ဆိုသူ များ ဖြ စ်ေ ကြာင်း ရေးသား ဖေါ်ပြခဲ့ကြဟု ဆိုသည်။

UNB သတင်းဌာနက ဘီဂျီဘီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး Mohammad Zahid Hasan ကို ကိုးကားရေးသားရာတွင် နိုင်ငံတကာ၏ အာရုံ စူးစိုက်မူ ရယူလိုသဖြင့် ထိုသို့ ရေးသား နေခြင်း မှာ လုံးဝ မှားယွင်းပြီး လူမှောင်ခိုသွားသူတိုင်းသည် ရိုဟင်ဂျာ မဟုတ်ကြောင်း ဗိုလ်မှူးကြီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် လှေစီးပြီး သွားကြသူ တ၀က်ခန့်မှာဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများဖြစ်ကြသော်လည်း မည်သည့် သ တင်းဌာနကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း မဖေါ်ပြကြတော့ကြောင်းနှင့် ယနေ့ ဘင်္ဂလာဒေ ခ်ျ့ မှ မလေးရှားသို့ သွားနေကြသူများအထဲတွင် ၆၀ နှင့် ၆၅ ရာခိုင်နုန်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား များ ဖြစ် ကြ သည်ဟု ဆိုသည်။

ယခုကဲ့သို့ သတင်းအမှား အမှန်ကို မဆန်းစစ်ဘဲ ရိုဟင်ဂျာ အရေးကို ဇောင်းပေး ရေးသားနေ ရာ တွင် နိုင် ငံခြား သတင်းဌာနများသာမက ပြည်ပ အခြေစိုက် မြန်မာ သတင်းဌာန တချို့လည်း ရှေ့တန်းမှ ပါဝင်ေ နေ ကြာင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေကြသော လူငယ် တစ်ဦးအနေဖြင့် မလေးရှားနှင့် အာ ရပ် နိုင်ငံများသို့ တရားဝင် အလုပ်သွားလုပ်မည် ဆိုပါက တာကာငွေ နှစ်သိန်းခွဲ (ယူရို နှစ်ထောင်ငါးရာ) ထိ အသုံးပြုကြရသည်။ သို့အတွက် ဘင်္ဂလီ လူငယ် အများစုသည် တာကာငွေ ၁၅၀၀၀ ( ယူရို ၁၄၀) ခန့်ဖြင့် တရားမ၀င် အလုပ် လုပ်ကိုင်နိုင်သော မလေးရှားကို ခိုးလှေဖြင့် ထွက်ခွာနေကြသည်ဟု ဆိုသည်။

မလေးရှားသို့ ခိုးလှေဖြင့် သွားသူများ အနေဖြင့် တာကာငွေ တစ်သိန်းမှ တစ်သိန်း သုံးသောင်းထိ ကုန် ကျသော်လည်း လူမှောင်ခိုသမားများကို မလေးရှားတွင် အလုပ် လုပ်ပြီး အရစ်ကျ ပေးဆပ်နိုင်ခွင့် ရှိေ ကြာင်း လည်း သိရသည်။
 
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဘင်္ဂလားဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီး သွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား ”””

Labels:

0 comments: