Pages

Saturday, November 17, 2012

“““ ယာဉ်တန်း အား ကြားဖြတ် တိုက်ခိုက် ခံရခြင်း ”””

စစ်မြေပြင်မှာ စစ်ကြောင်းတွေကို ကြားဖြတ်ပြီး ခြုံခိုတိုက်ခိုက်ခံရတာတွေ ရှိတတ်ပါတယ်။ ဒါကို စစ်သုံး စ ကားအနေနဲ့ ambush လုပ်တယ်လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စစ်မြေပြင်မှာ ခြုံခိုတိုက်ခိုက် ခံရသလို ပဲ နိုင်ငံရေးမှာလဲ အရေးပါ ပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်ခံရတာတွေလဲ ရှိ တတ် ပါတယ်။ ဒီလို ကြားဖြတ်တိုက်ခိုက်မှုတွေမှာ တိုက်ခိုက်သူတွေ အဓိကသုံးတဲ့ လက်နက်ကတော့ Surprise ပါပဲ။ မထင်မှတ်ထားတဲ့ အချိန်၊ မထင်မှတ်ထားတဲ့ နေရာမှာ ပေါ်ထွက်လာတတ်တဲ့ ရန်သူတွေက လက်တ ကမ်းမှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရန်သူတွေထက် ပိုပြီး အန္တရာယ်ကြီးပါတယ်။ ယာဉ်တန်းတွေကို ကြားဖြတ် တိုက်ခိုက်မှုမှာ သဏ္ဍာန်နှစ်မျိုးရှိပါတယ်။ Static ambush နဲ့ mobile ambush တို့ ဖြစ် ပါ တယ်။
 
Static ambush

အရေးပါ ပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်း ရပ်တန့်သွားအောင် လမ်းမပေါ်မှာ တစုံတရာနဲ့ ပိတ်ဆို့တားဆီးပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ ပိတ်ဆို့တားဆီးလေ့ရှိတဲ့ နည်းလမ်းတွေကတော့ အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းရှေ့မှာ မောင်းနှင်နေသောကားမှ ရုတ်တရက် ဘရိတ်အုပ် ရပ်တန့်ခြင်း ၊ ကျောက်တုံးနှင့် သစ်ကိုင်းကျိုးများ လမ်းမပေါ်တွင် ရှိနေခြင်း၊ မိုင်းထောင်ထားခြင်း စတာတွေ ဖြစ်ပါတယ်။

Static ambush နဲ့ တိုက်ခိုက်ခံရချိန်မှာ ယာဉ်မောင်းသူတွေရဲ့ အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းမှာ follow-up car ပါလာခဲ့ရင် ဒီကားက principal vehicle ကို ကျော်သွားပြီး၊ ကြားဖြတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားရာနေရာနဲ့ မီတာ (၂၀)အကွာမှာ defence position ယူဖို့လိုအပ် ပါ တယ်။ escort ကားကတော့ လမ်းရဲ့ အခြားတဘက် မီတာ (၂၀) အကွာမှာ ရပ်ပြီး cover ယူရပါမယ်။ ဒီ အချိန်မှာ principal vehicle ယာဉ်မောင်းက မောင်းထွက်ဖို့ ကြိုးစားရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် reverse gear နဲ့ ကားကို ၁၈၀ ဒီဂရီ လှည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ လမ်းကြောင်း အနည်းငယ်ရှင်းရင်တော့ U turn (သို့မဟုတ်) Y turn လုပ်နိုင်ပါတယ်။ အရေးကြီးဆုံးက ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာကနေ အမြန် ဆုံး ခွာနိုင်ဖို့ပါပဲ။

ယာဉ်တန်းမှာ ပါဝင်တဲ့ ကားတွေရဲ့ ယာဉ်မောင်းသူတွေဟာ ရှေ့ကကားရဲ့ ရှည်လျားမှုအတိုင်းအတာ တ ၀က်ခန့်ရှိတဲ့ အကွာအဝေးကို ချိန်ဆပြီးမှ ကားကို ရပ်နားသင့်ပါတယ်။ ခရီးစဉ်တလျှောက်က escape routes တွေကို ကျွမ်းကျွမ်းကျင်ကျင် သိနားလည်ထားသင့်ပါတယ်။

Mobile ambush

Mobile ambush မှာ တိုက်ခိုက်နည်းမျိုးစုံကို ကြုံတွေ့ရနိုင်ပါတယ်။ ပထမနည်းကတော့ Pincer attack ဖြစ် ပါတယ်။ pincer attack မှာ ကားတစီးက အရေးပါပုဂ္ဂိုလ်စီးနင်းလိုက်ပါလာတဲ့ ကားကို ဘေး ကနေ ယှဉ်မောင်းရင်း ကားရှေ့မှာ ပိတ်ရပ်လိုက်ပြီး၊ နောက်ထပ်ကားတစီးကတော့ နောက်ကနေ ပိတ်ရပ် လိုက်တာ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Side street attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ လမ်းဘေးမှာ ရပ်နားထားတဲ့ကားက အရေးပါပုဂ္ဂိုလ် စီးနင်းလိုက်ပါလာတဲ့ ကားရှေ့ကို ရုတ်ခြည်းဖြတ် ၀င် လိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ်ကားတစီးကလဲ နောက်ကနေ ၀င်ရပ်လိုက်ပြီး ကားကို ရပ်တန့်စေတာ ဖြစ်ပါတယ်။

နောက်တနည်းကတော့ Side attack ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ရမှာ ယာဉ်တန်း (သို့မဟုတ်) အရေး ပါ ပုဂ္ဂိုလ် လိုက်ပါစီးနင်းလာတဲ့ ကားကို နောက်ကနေ ၀င်ရောက်တိုက်ခိုက်တာ၊ ဘေးတဘက် တချက်ကနေ တိုက်ခိုက်တာတွေ ဖြစ်ပါတယ်။ နောက်တနည်းကတော့ Motorbike attack ဖြစ်ပါတယ် ။ မော်တော် ဆိုင် ကယ်သမားတွေက ယာဉ်တန်းဘေးမှာ ကပ်လိုက်လာပြီး မီးပွိုင့် (သို့မဟုတ်) ယာဉ်တန်းရပ်တန့်ချိန်မှာ အရေးပါပုဂ္ဂိုလ်ရဲ့ အသက်ကို ရန်ရှာတာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ Pincer attack နဲ့ တိုက် ခိုက် ခံရတဲ့အခါ ဘရိတ်ဆောင့်ဆွဲပြီး၊ မောင်းထွက်နိုင်ဖို့ ကြိုးစားရပါမယ်။ Side street attack နဲ့ တိုက် ခိုက်ခံရတဲ့အခါ ရှေ့က ကားကို တိုက်ချပြီးဖြစ်စေ၊ နောက်ဆုတ်ဖို့ အကျယ်အ၀န်းရှိ ရင် နောက် ဆုတ်ပြီးဖြ စ်စေ ပိတ်ဆို့ခံထားရတဲ့ အခြေအနေကနေ လွတ်မြောက်သွားနိုင်ဖို့ ကြိုးစားရပါမယ်။Side attack နဲ့ တိုက် ခိုက်ခံရရင် ဘရိတ်ဆွဲရပ်တန့်ပြီး ဂငယ်ကွေ့ ကွေ့ထွက်နိုင်ဖို့ ကြိုးစားရပါမယ်။

အရေးကြီးဆုံးကတော့ visual contact ကို ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ တိုက် ခိုက်ခံရမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ စဉ်ဆက်မပြတ် သတိရှိနေဖို့နဲ့ ပတ်ဝန်းကျင် ကို လေ့ လာစူးစမ်းတတ်ဖို့ပဲ ဖြစ်ပါတယ်။ escort vehicle တွေဟာ မော်တော်ဆိုင်ကယ်တွေ principal vehicle နားမကပ်နိုင်အောင် သတိထားပေးဖို့ လိုအပ်ပါတယ်။

လမ်းကြောင်း ကြိုတင်ပြင်ဆင်ခြင်း

အရေးပါပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်ထွက်ချိန်တွေနဲ့ မြို့တွင်းသွားလာချိန် လမ်းခရီးမှာ ကြားဖြတ် တိုက်ခိုက်ခံ ရ မှုကို ကာကွယ်နိုင်ဖို့ လုံခြုံရေးအဖွဲ့က သင့်လျော်ရာ လမ်းကြောင်းကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လို အပ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ဟာ နေရာနှစ်ခုအကြား (ဥပမာ- ရုံးနဲ့ အိမ်) မှာ ပုံမှန်သွားလာတတ်လို့ ရှိရင် လုံခြုံရေးအဖွဲ့အနေနဲ့ သွားလို့ရနိုင်မယ့် လမ်းကြောင်းမျိုးစုံကို ကြိုတင်ပြင်ဆင်ရပါမယ်။ နေ့စဉ် လမ်းကြောင်းတွေကို ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် ကြိုတင် တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်ပါတယ်။ ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်တွေကိုလဲ ပုံသေသတ်မှတ်ချက် မရှိတာကောင်းပါတယ်။

အထူးသဖြင့် ယာဉ်ပေါ် အတက်အဆင်း လုပ်ရမယ့် နေရာတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခရီးတို မှာဖြစ်စေ၊ ခရီးရှည်မှာဖြစ်စေ black spots နဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိထားရပါမယ်။ အမြဲ တမ်း အဆိုးဆုံး အတွက် ပြင်ဆင်ထားပြီး အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။

နိဂုံး

မော်တော်ယာဉ်တန်းတွေကို ambush လုပ်ပြီး၊ အရေးပါ ပုဂ္ဂိုလ်တွေရဲ့ အသက်အန္တရာယ်ကို ရန်ရှာမှုတွေ ဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် မြို့တွင်းခရီးနဲ့ နယ်စည်းရုံးရေး ခရီးစဉ်ေ တွ မှာ မော်ေ တာ် ယာဉ်တန်းလုံခြုံရေးနဲ့ ambush ကြိုတင်ကာကွယ်ရေး၊ ambush ဖြစ်လာခဲ့ရင် ရင် ဆိုင်ကျော် လွှားနို င်ရေး စတာတွေကို လုံခြုံရေး တာဝန်ယူထားသူများက ကျွမ်းကျင်စွာ စီမံထားဖို့ လိုအပ်လှပါကြောင်း ရေး သားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: