သေချာ မေးတော့လည်း သေချာပြန်ပြီးဖြေပါ့မယ် ..........
မေးသူ - ပြောချင်လွန်းလို့ friend request လုပ်လိုက်တာ။ မေးရဦးမယ်။ အဲဒီ ဒုက္ခတွေ ဘယ်သူ့အတွက် ခံရတာလဲကွ။ ဗိုလ်သင်တန်း တက်ပြီး စစ်ဗိုလ်လုပ်ရတဲ့ ရည်ရွယ်ချက်လေး စဉ်းစားကြည့်ပါဦး။ စစ် တိုက် ဖို့လား။
အဲ့ခံစားချက်နဲ့ အတူ တိုင်းပြည်မှာ တပ်မတော်ဆိုတာ အမာခံ အချုပ်ခြာ အာဏာကို ကာကွယ်နေပါလား ဆို တာ သိလာတယ် စစ်တိုက်ဖို့ လား ဆိုတာကတော့ စစ်သား စစ်တိုက်ရမယ် ဆိုတာ သိနေတာဘဲလေ စစ်ဆိုတာကို ခုံမင်လို့ တော့မဟုတ်ဖူး ဒါမဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ် ဘာလို့ စစ်သင် တန်း တတ်ခဲ့ကြသလဲ ဟိုင်းနန်းကျွန်းမှာ တိုင်းပြည်ကို လွတ်လပ်ရေး ရအောင် တိုက်ထုတ်ဖို့ စစ်ပညာ သွားသင် ခဲ့ ကြတာ အဲ့လိုဘဲ ငါတို့  ဟာလည်း သွေးနဲ့ ရေးခဲ့တဲ့ လွတ်လပ်ရေး ကိုကာကွယ်နိုင်ဖို့  မျိုးဆက်သစ်တွေ အဖြစ် လိုအပ်ရင် စစ်တိုက်ဖို့  ရှိနေတယ်။
-----------------------------------------------------------------
မေးသူ - စစ်က ဘယ်သူ့ကို တိုက်မှာလဲ သွေးချင်းညီ အကို ကချင်တွေကို တိုက်ဖို့လား။ ကရင်တွေကို တိုက်ဖို့လား။ ရှမ်းတွေကိုတိုက်ဖို့လား။ တိုင်းပြည်ကို ကာကွယ်ဖို့လား။ စစ်ဗိုလ်တွေ ကာကွယ်လွန်းလို့ တိုင်းပြည်ကို တရုတ်နဲ့ ကုလား ဝေခွဲယူထားတာ ခံရတာပေါ့။
ကောင်းပြီသူငယ်ချင်း ငါတို့ ဘယ်သူ့ ကိုမှ ရန်သူလို့  မသတ်မှတ်ခဲ့ဖူးကချင်မို့ လို့ ကယားမို့ လို့  ကရင် မို့ လို့  ရှမ်းမို့ လို့  ငါတို့ မှာ မရှိခဲ့ဖူးငါတို့ သွေးချင်းတွေ မှန်းသိလို့ လည်း ဘယ်လို ဘဲအယူဆတွေ ကွဲလွဲနေ ပါစေ ငါတို့ ငြိမ်းချမ်းရေး ဆိုတာ ကိုကမ်းလှမ်းတယ် ဂျပန် အင်္ဂလိပ်တရုတ်ဖြူ(ကွန်မင်တန်)လို တိုင်းပြည် ကနေ ပပျောက်ပြီး အမြစ်ပြတ် မလှုပ်ခဲ့ဖူး ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်တယ်။
ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ ထိပါးပြီး မငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ အားလုံး ငါတို့  တိုက်ခဲ့တယ်။ကုလား တရုတ်ဝေခွဲယူတယ် ဆိုတာ ရှင်းဖို့ ကတော့ ကမ္ဘာတခုလုံးကို ကြည့်လိုက်ပါ တ ရုတ်နို င်ငံရဲ့ စီပွားရေး လုပ်ဆောင်နေမှု ဘယ်နေရာမှာမဆိုသူတို့ ရှိနေတယ်ငါတို့ နိုင်ငံနဲ့ တော့ တော်တော် များ များ အရင်က အလုပ်တွဲ လုပ်ခဲ့ကြတယ် အဲ့လို လုပ်ခဲ့တယ်ဆိုတောင်ပြန်စဉ်စားကြည့် ငါတို့ ပိတ် ဆို့  မှုတွေ နဲ့ ကြုံဆုံလာတဲ့ အချိန်မှာ မားမားမတ်မတ် ရပ်ပေးခဲ့တဲ့ အနေထား ဝေခွဲယူတယ်လို့ ဆိုတာတော့ မဟုတ်ဖူး အမြတ်ကြီးစားပြီး လုပ်ခဲ့တယ် ဆိုတာတော့ လက်ခံတယ်။
ကုလား နေရာတိုင်းမှာ လူမျိုးရေးဝါမျို မှုတွေလုပ်နေတယ် အထူးတလည် ရှင်းပြစရာမလိုဖူး လူမိုက် အားပေး လုပ်နေတာတော့ တပ်မတော် မဟုတ်ဖူး မြင်အောင် ကြည့်တတ်ရင် အမျိုးသားရေးသစ္စာဖော က် လော က်ကောင်တွေ ရှိနေလို့ ရယ် အမျိုးဂုဏ်မစောင့်တဲ့ မိန်းခလေးတွေ ရယ် လာဘ်ပေးလာဘ်ယူ မှုတွေ ရှိပြီး ကိုယ်လူမျိုးထက် သူများကို အားပေးတဲ့ လူတွေရှိနေလို့ ပါ။တပ်မတော် မှာဆောင်ပုဒ် တခုရှိ တယ် -တပ်မတော်သည်အမျိုးသားရေးကို သစ္စာမဖောက် ။အဲ့တော့ကုလားဆိုတာ ငါတို့ ကြောင့်လို့  ပုံအော် လက်ညှိးမထိုးပါနဲ့  ကမ္ဘာနဲ့ ယဉ်ပြီးကြည့်ပါဘယ်လို ကာကွယ်မလဲစဉ်စားပါ။
----------------------------------------------------------------
မေးသူ - ဗိုလ်သင်တန်း တက်ရတဲ့ဗိုလ်လောင်း ကျောင်းသားတွေရဲ့ဒုက္ခတွေကိုသိလည်းသိ မြင်လည်း မြင် ဖူး ပါတယ်။ တကယ်ကို သနားချင်စရာပါ။ ဒါပေမယ့် သေချာစဉ်းစားကြည်တယ် သူတို့ ဒီ ဒုက္ခတွေ ဘာကြောင့် ခံရတာလဲတိုင်းပြည်အတွက်လား။ ပြည်သူ့အတွက်လား။ လုံးဝ မဟုတ်ပါဘူး။
ကောင်းပြီသူငယ်ချင်း ဗိုလ်လောင်း တယောက်ရဲ့ ဒုက္ခတွေ သိနားလည် တယ်ဆိုတော့ ဘာတွေလုပ်ရ လည်း ထပ်မပြောတော့ဖူး ကြမ်းတမ်းမယ် အသေချာဘဲ။ ဒါမဲ့ ဘာတွေလေ့ကျင့်ရလဲ ဆိုတာသေချာ လေ့ လာကြည့်ဖို့ တော့လိုတယ်။ သေနတ်တလက်ကိုကိုင်တွယ်ပစ်ခတ် တတ်ယုံနဲ့ စစ်ခေါင်းဆောင် တယောက် မဖြစ်ဖူး တွေးခေါ်မှု ဆင်ခြင်သုံးမှု စီမံခန့် ခွဲမှု အများကြီးလိုသေးတယ်။
တိုင်းပြည်တွက် ပြည်သူ့ အတွက်လား ဆိုတာတော့ မသိဖူး အဲ့ဒုက္ခ တွေ ခံပြီးမှ အမိန့် နဲ့ တာဝန်ကို ဦး လည်မသုန် ထမ်း ရွက်ပြီး အသက်ပေးခဲ့တဲ့ အရာရှိ စစ်သည်တွေကတော့ဒုနဲ့ ဒေးဘဲ ခြေထောက်ပြတ်ခဲ့တဲ့ လူတွေ ကျဆုံးခဲ့တဲ့ လူတွေ မိသားစု အားလုံး နောက်ဆုံး ဖြည်ခဲ့တာတော့ အော် တိုင်းပြည်တွက်ဘဲ
လေ ဆိုပြီး မျက်ရည်တွေ ခါထုတ်ခဲ့တာတော့ အမှန်ဘဲ။
လေ ဆိုပြီး မျက်ရည်တွေ ခါထုတ်ခဲ့တာတော့ အမှန်ဘဲ။
--------------------------------------------------------------
မေးသူ - အများစုက မိဘက ကိုယ့်သားကြီး စစ်ဗိုလ်ကြီး ဆိုတဲ့ဂုဏ် ကို လိုချင်လို့ တက်ခိုင်းလို့တက် ကြတာ။ တစ်ချို့က အပြင်တက္ကသိုလ်တက်မယ်ဆို ဘွဲ့တစ်ခု ရအောင်ယူဖို့ မလွယ်လို့တက်ကြတာ။
ကောင်းပြီသူငယ်ချင်း သူတို့ ဘာလို့ ဂုဏ်ယူကြတာလဲ အရင်ပြန်စဉ်စားကြည့်လိုက်ပါ တချို့ က စစ်ဗိုလ် ကြီးဖြစ် စေချင်တယ် ဂုဏ်ယူတယ် မိန်းခလေးတွေ နှစ်သက် သဘောကျ တယ် လုံးဝမငြင်းပါဖူး ခောတ် အဆက်ဆက် တိုင်းပြည်တွက် တပ်မတော်သားတွေရဲ့ ပေးဆပ်ရင်းနှီးမှု တွေ ကြောင့် သားကောင်း ခင် ပွန်းကောင်းဆိုတဲ့ အရာတွေ သက်သေ ရှိခဲ့လို့ ဘဲ။အခုထိလည်း ဂုဏ်ဆိုတာ ရဲ့အရာကို ကိုယ့်သား တိုင်းပြည် တွက် ကိုယ့်ချစ်သူ စွန့် လွန့် ပေးခဲ့ကြတော့မှ အဲ့ဂုဏ်ရဲ့ အရင်းမြစ်ကို မျက်ရည် စတွေ နဲ့ အတူ လူတွေ ပိုနားလည် လာကြတာပါ ။
အပြင်မှာ ဘွဲ့ တခုရ အောင်တတ်ဖို့ မလွယ်ဖူးဆိုတာ လက်ခံပါတယ် အဲ့လိုဘဲ စစ်ကျောင်းကြီးတွေနဲ့ စစ် ပညာရပ် ဟာလည်း လျောက်လွာ စာရွက်မှာ ဖြည့်ပြီးတတ်ချင် တိုင်းတတ်လို့ ရခဲ့ကြတာ မဟုတ်ပါဖူး ။တတ်ပြီး ရင်တောင် ခံနိုင်ရည် ရှိရှိ နဲ့  သစ္စာ ရှိရှိ နေဖို့ စောင့်စည်း ရပါတယ်။သေချာတာတော့ စာပေပ ညာ ရော စစ်ပညာပါ ပူးတွဲသင်ရတာ တခုတော့ ကွာပါလိမ့်မယ်။
ခြေထောက်ပြတ်ပြီး နေတဲ့ စစ်သားတွေ အသက်သေ မုဆိုးမ နဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ စစ်သား အကြောင်း ကောင်းကောင်း သိသားနဲ့  သေနိုင်တယ် ပြတ်နိုင်တယ် ဆိုမဲ့ တပ်ထဲ သွင်းခဲ့တဲ့ မိဘ တွေ ရှိ တယ်ဆိုတာ ရောသတိထားမိခဲ့လား ။
အပြင်မှာ ဘွဲ့ တခုရ အောင်တတ်ဖို့ မလွယ်ဖူးဆိုတာ လက်ခံပါတယ် အဲ့လိုဘဲ စစ်ကျောင်းကြီးတွေနဲ့ စစ် ပညာရပ် ဟာလည်း လျောက်လွာ စာရွက်မှာ ဖြည့်ပြီးတတ်ချင် တိုင်းတတ်လို့ ရခဲ့ကြတာ မဟုတ်ပါဖူး ။တတ်ပြီး ရင်တောင် ခံနိုင်ရည် ရှိရှိ နဲ့  သစ္စာ ရှိရှိ နေဖို့ စောင့်စည်း ရပါတယ်။သေချာတာတော့ စာပေပ ညာ ရော စစ်ပညာပါ ပူးတွဲသင်ရတာ တခုတော့ ကွာပါလိမ့်မယ်။
ခြေထောက်ပြတ်ပြီး နေတဲ့ စစ်သားတွေ အသက်သေ မုဆိုးမ နဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ စစ်သား အကြောင်း ကောင်းကောင်း သိသားနဲ့  သေနိုင်တယ် ပြတ်နိုင်တယ် ဆိုမဲ့ တပ်ထဲ သွင်းခဲ့တဲ့ မိဘ တွေ ရှိ တယ်ဆိုတာ ရောသတိထားမိခဲ့လား ။
--------------------------------------------------------------
မေးသူ - တစ်ချို့ကတော့ ဘယ်ဗိုလ်ကြီးကတော့ ဘယ်တပ်မှာ ဘယ်လောက်ချမ်းသာနေတာဆိုတဲ့ အမြင် အကြားတွေ အားကျလို့တက်ကြတာ။
ကောင်းပြီသူငယ်ချင်း အဲ့လိုလူမျိုးတွေ ရှိတယ် အမြင်အကြားနဲ့  ချမ်းသာ အားကျမိတယ် ဆိုရင်တော့ ကျွန်တော် တို့ တွေ ဘယ်တပ် ဘယ် ငှာန မှ တာဝန်ကျမယ်ဆိုတာ ဘယ်ဗေဒင် ဆရာ နဲ့  ဓါတ်ဆင်နိုင် မလဲ သိချင်တယ်။ မြို့ မှာကြီးဘဲ တပ် ရှိတယ်လို့ ထင်လို့ လား လူတွေ မြင်ကြတာ အဲ့ရုံးပေါ်ကအနေ ထား ဘဲမြင်ပေမဲ့ နယ်စပ်နဲ့ ဝေးလံခေါင်သီးတဲ့ နေရာ တွေမှာ မိသားစုနဲ့ အတူ ကာကွယ်ရေး တာဝန် ထမ်းေ ဆာင် နေ တဲ့ သူတွေ အများကြီးပါဘဲ ။တပ်မတော် ဆိုတာ မြန်မာ ပြည် နေရာ အနှံအပြား မှာ တပ်တွေ ဖွဲ့  စည်းထားတာပါ အဲ့လိုဘဲ ရုံးပိုင်ဆိုင်ရာကျွမ်းကျင်သူ ရုံးမှာရောက်တယ် ဆေးကုတဲ့သူ ဆေးရုံမှာ လမ်းတံ တား ဖောက်တဲ့သူ ဆောက်လုပ်ရေး အဖွဲ့ မှာ ဒါ့အပြင် သူ့ လက်ရုံးတပ်ဖွဲ့  အသီးသီးလိုက် ကြည်း၊ရေ၊လေ ၊သံကျပ်ကာ၊အမြောက်အစရှိသည် သူနဲ့ ကျွမ်းကျင်ရာ ထမ်းဆောင်ရ တာပါ။ ဘယ်ကို သွားချင်လို့ ပါ ဘယ်နေရာ ဆိုရင် အားလုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာ လက်ညှိးထိုး မှာပေါ့ ခင်မျာ ။
-----------------------------------------------------------
မေးသူ - ပြည်သူ့အတွက်ပါလို့တော့ တစ်ခွန်းဟမယ် မကြံပါနဲ့။ တပ်မတော်သာ အမိ တပ်မတော် သာအ ဖဆိုသူတွေအတွက် ပြည်သူ့အတွက် ဆိုတာ ပါးစပ်ဖျား ကထွက်တဲ့လေပါ။
ကောင်းပြီ သူငယ်ချင်း မင်းက မဟနဲ့ ဆိုတော့ မဟပါဖူး သမိုင်းကိုတော့ ရှင်းပြပါရစေ တပ်မတော် လွတ် လပ်ရေး ဘယ်လိုရယူပေးခဲ့လဲ ၁၉၄၁ ခုနစ် ဂျပန် ဟိုင်နန် ကျွန်းမှာ စစ်ပညာ သင်ကြားပြီး ဒီဇင်ဘာ BIA ဆိုတာ စတင်ဖွဲ့  မြန်မာပြည်ထဲကို စစ်ကြောင်းကြီး လေးကြောင်းနဲ့  ဝင်ပြီး အင်္ဂလိပ်မျက်နှာ ဖြူတွေကို ဂျပ န် ရဲ့ အကူညီနဲ့ တိုက်လာခဲ့တယ် ဂျပန်ဟာမော်လမြိုင်ကို သိမ်းပြီးတဲ့ အချိန် လွပ်လပ်ရေးပေးမယ် ဆိုတဲ့ က တိကိုဖျက်ခဲ့တယ် ဖက်ဆစ် စနစ် နဲ့ မြန်မာ တမျိုးသားလုံး လည်း ရင်ဆိုင်ခဲ့ရတယ်။ဂျပန်တွေက BIA ကို ဖျက်သိမ်း စစ်အင်အား လျော့ချခဲ့လို BDA ဆိုပြီးပြောင်းလဲ ဖွဲ့ စည်း ၁၉၄၂ ခုနစ် ဇူလိုင်လ (၂၈) ရက်နေ့ မှာ ဗိုလ်ချုပ် ကို ဗိုလ်မှုးကြီး အဆင့်တိုးမြင့်ပြီး စစ်သေနာ ပတိချုပ် ခန့် အပ်ခဲ့တယ်။
အဲ့ချိန်ထဲက ဘာလုပ်ခဲ့လဲ ၁၉၄၃ ခုနစ် မေလ ၁၀ရက်နေ့ မှာ ဒုတိယ ဗိုလ်သင်တန်းကို မင်္ဂလာ ဒုံမှာ ဖွဲ့ ပြီး စစ်ခေါင်းဆောင်တွေ မွေးထုတ်ခဲ့တယ်။၁၉၄၅ - မတ်လ ၂၇ မှာ သရက်မြို့ နယ်ပုဏ္စားရွာ မှာ တပ်ထွက် မိန့် ခွန်း အနီး ဆုံး ရန်သူကိုရှာ တိုက်ကြ ဆိုပြီး ဗိုလ်ချုပ်ကိုယ်တိုင် တပ်ပြောက်ပြီးဖက်ဆစ် ကို တော် လှန် မြန် မာ့ တပ်မတော် စစ်စစ်ပေါ်ပေါက်လာပြီး လွတ်လပ်ရေး ယူပေးခဲ့တယ်။
အဲ့ချိန်ကနေ စပြီး လွတ်လပ်ရေး နဲ့ အတူ ပေါက်ဖွားလာတဲ့ အကြမ်းဖက်မှုတွေ သောင်းကျန်မှုတွေ ခွဲထွက် မှုတွေနဲ့  ခု ဒီအနေထား ထိ ကြုံနေတုန်းပါ အဲ့သမိုင်းတွေတော့ ပြည်သူ့ အ တွက် လေဘဲပေးခဲ့ တာလား တပ်မတော်သားတွေ ကလေ့လာကြည့်ပေးပါ။
အဲ့ချိန်ကနေ စပြီး လွတ်လပ်ရေး နဲ့ အတူ ပေါက်ဖွားလာတဲ့ အကြမ်းဖက်မှုတွေ သောင်းကျန်မှုတွေ ခွဲထွက် မှုတွေနဲ့  ခု ဒီအနေထား ထိ ကြုံနေတုန်းပါ အဲ့သမိုင်းတွေတော့ ပြည်သူ့ အ တွက် လေဘဲပေးခဲ့ တာလား တပ်မတော်သားတွေ ကလေ့လာကြည့်ပေးပါ။
----------------------------------------------------------------
မေးသူ - အမှန်တရားနဲ့ စစ်ဗိုလ်ရာထူး ဘယ်ဘက်လိုက်မလဲဆိုရင် စစ်ဗိုလ်ရာထူးဘဲယူမယ့်သူတွေ ချည်း ပဲ။ ဘယ်နေရာ ရောက်ရောက် ဘာကိစ္စဖြစ်ဖြစ် ကျွန်တော် ဘယ်တပ်က ဗိုလ်ကြီးပါဆိုပြီး အာဏာပြမယ့်သူ ချည်းပဲ။
ကောင်းပြီသူငယ်ချင်း လူတိုင်းကို ကောင်းတယ်လို့  ကျွန်တော် မငြင်းပါဖူး စစ်ဗိုလ် ရာထူးဘဲယူမဲ့ သူ အမှန် တရား ကို ရှောင်ဖယ် တယ်ဆိုတာ တော့ လုံးဝမဟုတ်ပါဖူး ခုတပ်မတော်ကြီးနဲ့ ဘဲ ယှဉ်ပြောပါရစေ တပ် မတော်မှာ လူ မူပိုင် ဘယ်သူ့ တပ်မတော်ဆို တာမရှိပါဖူး အဲ့တာကြောင့် ပြောင်းလဲလာတဲ့ အနေထား အ တိုင်း ခု ကာကွယ်ရေးဦးစီးချုပ် ကအစ စစ်ဘက် အရာရှိကြီးတွေမှာ ကောင်းမှု အစဉ်လာ တွေကို ထိန်း သိမ်း ပါတယ် မကောင်းတာပြင်ပါတယ် ကျွန်တော်တို့ အား လုံး တိုင်းပြည်ကြီး ကို ထိထိရောက် ရောက် ကာကွယ်နိုင်ဖို့  သူ ကျရာနေရာကနေ တာဝန်ထမ်းဆောင် နေကြပါတယ်။ ရာထူးဆိုတာလည်းထိုက်တန် မှလာတာပါ ကျွမ်းကျင်မှု လေးစားမှု ရဲရင့်မှု စွန့် လွတ်အနစ်နာ ခံမှု အများကြီး ပေးဆပ်ပြီး ဖြစ်တည်လာ ကြတာပါ။ ဥပမာ ရော့ မင်း သမ္မတ တတ်လုပ်ကွာဆိုပြီး လူတိုင်းကို လုပ်ခိုင်းလို့ ရသလား ။
အပြစ်ဆိုတာ ဖောက်ထားလို့  ပြုတ်သွားတဲ့ သူတွေအများကြီးပါ စစ်သား မှာ စစ်စည်းကမ်း ဆိုတာ တောင် ပိုပါသေးတယ်။ ဘယ်နေရာ ရောက်ရောက် အာဏာ ပြမဲ့သူတွေ စစ်မြေပြင် မှာတော့ စစ်မြေပြင် အတိုင်း ကျင့်သုံး ကြမှာဘဲ အမိန့် ဆိုတဲ့ အရာကို အပြည့်အဝ သုံးရပါတယ် ဘာလို့ လဲဆို သေသွားနိုင် တာကို ။ အာ ဏာပြ တယ် လို့ ပြောတာ ကျွန်တော် တို့ ခုလက်ရှိ ပြည်သူ ဆိုလည်း ကြောက်ပါတယ် အရပ်ဘက် အဖွဲ့ စည်းဆိုလည်း လန့် ရပါတယ် တောသားမြို့ တတ်ဆိုသလို ဘဲ ကိုယ်ကြီးဘဲ ဖိဟောက်ခံရတာပါ ခင် များ စစ်သားမဟုတ်ဖူးလား ဆိုတာနဲ့  ဟုတ်ကဲ့ ကူညီပေးပါဗျာလုပ်ခဲ့ရတာ ဘယ်သူ့ ပါဝါ ပိုကြီးလဲ သိသာ ကြီးဘဲကျုပ်တို့ မှာ ခွင့် ဆိုလည်း ရက်နဲ့ အချိန်နဲ့  အတိကျ သွားရလာရ နဲ့ တခါတလေ ဘူတာတို့  လေ ဆိပ် ကားလက်မှတ်တို့ မှာ ကျွန်တော် ဗိုလ်ကြီးပါ ခင်မျာ ဆို တဲ့ အသံလေးနဲ့ ပြောမှ အဆင်ပြေတာ အဲ့ လုပ်ပေးတဲ့ သူတွေကလည်း တပ်မတော်သား အချိန်နဲ့ အလုပ်လုပ် ဆိုလို့ ဦးစားပေးတာပါ နားလည် မှုလေးတွေပါ အာဏာ ပြတယ် မဟုတ်ပါဖူး။
အပြစ်ဆိုတာ ဖောက်ထားလို့  ပြုတ်သွားတဲ့ သူတွေအများကြီးပါ စစ်သား မှာ စစ်စည်းကမ်း ဆိုတာ တောင် ပိုပါသေးတယ်။ ဘယ်နေရာ ရောက်ရောက် အာဏာ ပြမဲ့သူတွေ စစ်မြေပြင် မှာတော့ စစ်မြေပြင် အတိုင်း ကျင့်သုံး ကြမှာဘဲ အမိန့် ဆိုတဲ့ အရာကို အပြည့်အဝ သုံးရပါတယ် ဘာလို့ လဲဆို သေသွားနိုင် တာကို ။ အာ ဏာပြ တယ် လို့ ပြောတာ ကျွန်တော် တို့ ခုလက်ရှိ ပြည်သူ ဆိုလည်း ကြောက်ပါတယ် အရပ်ဘက် အဖွဲ့ စည်းဆိုလည်း လန့် ရပါတယ် တောသားမြို့ တတ်ဆိုသလို ဘဲ ကိုယ်ကြီးဘဲ ဖိဟောက်ခံရတာပါ ခင် များ စစ်သားမဟုတ်ဖူးလား ဆိုတာနဲ့  ဟုတ်ကဲ့ ကူညီပေးပါဗျာလုပ်ခဲ့ရတာ ဘယ်သူ့ ပါဝါ ပိုကြီးလဲ သိသာ ကြီးဘဲကျုပ်တို့ မှာ ခွင့် ဆိုလည်း ရက်နဲ့ အချိန်နဲ့  အတိကျ သွားရလာရ နဲ့ တခါတလေ ဘူတာတို့  လေ ဆိပ် ကားလက်မှတ်တို့ မှာ ကျွန်တော် ဗိုလ်ကြီးပါ ခင်မျာ ဆို တဲ့ အသံလေးနဲ့ ပြောမှ အဆင်ပြေတာ အဲ့ လုပ်ပေးတဲ့ သူတွေကလည်း တပ်မတော်သား အချိန်နဲ့ အလုပ်လုပ် ဆိုလို့ ဦးစားပေးတာပါ နားလည် မှုလေးတွေပါ အာဏာ ပြတယ် မဟုတ်ပါဖူး။
--------------------------------------------------------------------
မေးသူ - ကျွန်တော် တပ်ကပါလို့ပြောလို့ လူတွေ ကြောက်သွားတာကို ကြည်နူး ဂုဏ်ယူနေကြ တဲ့သူတွေ ချည်းပဲ။ အဲဒီလို လုပ် ပြောလိုက်တိုင်း ကိုယ့်မိဘ ပါးကို တစ်ချက်ရိုက်လိုက်တာနဲ့ တူတယ်လို့ တွေးတဲ့ စစ်ဗိုလ် တစ်ယောက်မှ မတွေ့ဖူးဘူး။
ကောင်ပြီသူငယ်ချင်း ကျွန်တော်ကတပ်ကပါလို့ အငြိမ့်ထဲမှာ အော်တိုင်း တော့ မင်းသမီးကို ဖက်ရမယ် လို့ မထင်ပါနဲ့  မသုံးပါနဲ့ ဗျာ အရပ်သား တယောက်နဲ့ တယောက် ရန်ဖြစ် အချင်းများ ကြရင် ဘာမှ ပြ သာ နာမရှိဖူး တမူဘဲ ခံကြရတာပါ တပ်မတော်သား တယောက်နဲ့ ဖြစ်ခဲ့တာ နဲ့  စစ်ဘက် စည်းကမ်း
စည်း လုံး ညီညွတ်မှု ပျက်ပြားတယ် ဆိုတဲ့ ပြစ်မှုတွေ တောင် တိုးပါသေးတယ်။အဲ့တော့ ကိုယ့်မိဘကို ပါး ရိုက်တယ်လို့  မတွေးဖူး ဆိုတဲ့ အကိုရေ တပ်မတော်မှာ ဆန်ရင်းနာနာ ဖွတ်ပါတယ်။အဲ့တာ ဘာလို့ လဲ ဆိုတော့ စည်းကမ်းဆိုတာ တပ်မတော် ရဲ့ကျောရိုးဖြစ်နေလို့ ပါဘဲ ။
စည်း လုံး ညီညွတ်မှု ပျက်ပြားတယ် ဆိုတဲ့ ပြစ်မှုတွေ တောင် တိုးပါသေးတယ်။အဲ့တော့ ကိုယ့်မိဘကို ပါး ရိုက်တယ်လို့  မတွေးဖူး ဆိုတဲ့ အကိုရေ တပ်မတော်မှာ ဆန်ရင်းနာနာ ဖွတ်ပါတယ်။အဲ့တာ ဘာလို့ လဲ ဆိုတော့ စည်းကမ်းဆိုတာ တပ်မတော် ရဲ့ကျောရိုးဖြစ်နေလို့ ပါဘဲ ။
---------------------------------------------------------------
မေးသူ - ပြည်သူပိုင်တဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီး လစာတွေ အများကြီးရထား တာကိုပဲ ။ငါ တို့ ကို ပြည်သူက ကျွေးထားတာ မဟုတ်ဘူး။တပ်ကကျွေးထားတာလို့မြင်နေတဲ့။ ပြည်သူနဲ့ပတ်သက်ရင် ကိုယ့်စားခွက်ပဲကြည့်ပြီး ကိုယ့်သခင်ကိုတောင် ပြန်ကိုက်တတ်တဲ့ ခွေးဆိုးသာသာ အသိဥာဏ်ရှိ သူတွေပဲ လို့ မှတ်တယ်။
ကောင်းပါပီ ခုမေးလာတဲ့အနေထားမှာတော့ ဝမ်းနည်းမိပါတယ်ဗျာ ကျွန်တော်တို့ ကို ခွေးလို့  သတ်မှတ် တယ်ဆိုလည်း ခွေးပါဘဲ ဟုတ်ပါတယ် တိုင်းပြည်ရဲ့အပေါ်သစ္စာ ရှိတဲ့ ခွေးတွေပါဘဲ ဘယ် အရာမှ လက် ဝါးကြီး အုပ်စိုးမိုးခြယ်လှယ် ထားတာ မရှိခဲ့ပါဖူး ခုလက်ရှိ ဒီမိုကရေစီ တိုးတတ်ပြောင်းလဲမှု မှာ ပြည်သူ့  လက် ကို အပ်နှံဖို့  ကြိုးစားပြီး ကူညီနေတာတွေ တော့ သိသင့်ပါတယ်။ ကိုယ့်စားခွက် ဘဲကြည့်တယ် လို့  တော့ မစွပ်စွဲပါနဲ့  ။ ရှေ့ တန်းစစ်မြေပြင်မှာ တိုင်းပြည် စည်းရိုး သယံဇာတ တွေ ကို လက်ဝါးကြီးအုပ်လို သူတွေကို တိုက်ထုတ်ရင်း နေခဲ့သူတွေပါ။
တပ်ကကျွေးတဲ့ထမင်းနဲ့  အိမ်က ထမင်းဟင်း ဘယ်ဟာပို ကောင်းတယ်ထင်လဲ စားရိပ်သာကို ဖိတ်ခေါ်ပါ တယ် ရှေ့ တန်း စစ်မြေပြင် စခန်းတွေက ဓါးလှီးထမင်းနဲ့  ပဲပြုတ်ရည်ကိုတောင်ထည့် မပြောပါဖူး ပေး ထားတဲ့လစာ နဲ့ ထမ်းဆောင်တဲ့ တာဝန် သိချင်ရင် စစ်သား တယောက်အဖြင့် နဲ့ ဝင်ပြီး လုပ်ကြည့်ပါ လို့  ပြော ပါရစေ။အဲ့ကျရင် သိလာပါလိမ့်မယ် အလိုလို။
==================================
လှိုက်လဲသော် အသဲနှလုံးက ပါရှင် ဆိုတဲ့ ရေဒီယို က လွင့်တဲ့ အသံလေးကို ငတ်ငတ် မွတ်မွတ် နဲ့  ပြတ်ပြ တ် လတ်လတ် အဝေး နေရာတွေမှာ တာဝန် ထမ်းဆောင်ရင်း နားထောင်တဲ့အခါ ပြည်သူ ကပေး တဲ့ အင် အားတွေ အလိုလို ဖြစ်တည်အသက်ကို စွန့် ရဲ တိုင်းပြည်ကို ကာကွယ်တဲ့စိတ် ဖြစ်ပေါ်လာတဲ့ အ ချိန် စစ် သားဘဝကို တကယ်နားလည်မိလား ဆိုတာ ကိုယ့်ဘာသာကို ဖြေစရာမလိုဘဲ သိလာပါလိမ့်မယ်။
ကျွန်တော် အဖြေထဲ မှာ လိုအပ်တာတွေ ရှိရင် ပြင်ဆင်ပေးကြပါ။ ကျွန်တော် အသိနဲ့ စစ်သားတွေရဲ့ ခံယူ ချက် ခံစားချက်လေးတွေ ပါ။
လေးစားစွာဖြင့်
ဖိုးသားလေး
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။