Pages

Saturday, November 24, 2012

“““ နိုင်ငံရေး ဘေး လွယ်အိတ် များ ”””

ကုလားကို ကုလားလို့ ခေါ်ရင်လည်း ခင်ဗျားကြီးက လက်မခံနိုင်ဘူး မြန်မာ နိုင်ငံကို မြန်မာလို့ ပြောလည်း ခင်ဗျားကြီးက လက်မခံနိုင်ဘူး မြန်မာနိုင်ငံ ကောင်းဖို့ အတွက် အားလုံးက ၀ိုင်းဝန်းပီး ကြိုးပမ်း နေချိန်မှာ ဘာလို့ များဘေးလွယ်အိတ်လိုက်လုပ်နေလဲ မသိ။ မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ်သုံးစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ေ အာင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒါကြောင့်လည်း ‘ဘေးလွယ်အိတ်’ ဆိုတဲ့ အသုံးအနှုန်းဟာ လူထုကြားထဲမှာ နာမည်ပျက်နေ ရတာ ပါ။ ရှေ့ ကလည်း မသွားရဲ၊ နောက်မှာလည်း မနေချင်၊ ဘေးတိုက်ကနေ ပေကပ်လိုက်ကာ အနှောင့်အယှက်ပေး အ ဟန့်အတား ပြုတတ်ကြသူမျိုးတွေကို ‘ဘေးလွယ်အိတ်’ လို့ ခေါ်တတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သာ မန် လူမှုရေးကိစ္စတွေမှာ ‘ဘေးလွယ်အိတ်’ လုပ်နေတာ ထိခိုက်နစ်နာ မှု သိပ်မကြီးမားလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ လုပ်နေကြပြီ ဆိုရင်တော့ တိုင်းပြည်နဲ့ လူထုသာမက အရေးတော်ပါ ထိ ခိုက်နစ်နာမှု ကြီးမားတတ်တာဖြစ်လို့ သတိထားဖို့ လိုပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးတွေ သမိုင်းမှာ အကြိမ် ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

နိုင်ငံရေးအရ ဖြေရှင်းတယ်ဆိုတာ ဘေးလွယ်အိတ်တွေကို ခေါင်းဆောင်အဖွဲ့ထဲက ဖယ်ထုတ်ပစ် လိုက် ရုံနှင့် ပြေလည်သွားတာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် ‘ဘေးလွယ်အိတ်’ ဆိုတာမျိုးကလည်း လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေ ထည့်ထားရတတ်တာမျိုးမို့ အသုံးတည့်မှုတွေ ရှိတတ်လို့ အလွယ်တကူ ဖျက်ဆီးလွှင့်ပစ် ဖို့ဆို တာလည်း မဖြစ်ပါဘူး။

ဒါကြောင့် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ‘ဘေးလွယ်အိတ်တွေ ကို ကျောပိုးအိတ် အဖြစ် ပြောင်း လဲ ပစ်လိုက်ပါ’ ။

ကျောပိုးအိတ်ဆိုတာလည်း ဘေးလွယ်အိတ်လိုပဲ ထမ်းပိုးထားရတာပေါ့။ ဒါပေ မယ့် ကျောပိုး အိတ်ဆိုေ တာ့ ရှေ့ မှာထားစရာမလို၊ နောက်ကျောကို ပို့ထားရင်ပဲ ရပါပြီ။ နောက်ပြီး ကျောပိုးအိတ် ဆိုတာ ဘေးက လိုက်ပြီး ကန့်လန့်တိုက်လို့လည်း မရတော့ပါဘူး။

ဒါကြောင့် နိုင်ငံရေးကျောပိုးအိတ်တွေကို ရှေ့မှာ မထားပဲ နောက် လိုက် အဖြစ်သာ ထားသင့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့၊ ဒီအချိန်မျိုးမှာ ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ ပြဿနာကို အလျင်အမြန် ‘သတိ ထား’ ဖြေရှင်းဖို့ အထူးလိုအပ်နေပါပြီ။

တိုင်းတပါး အစိုးရများက မြန်မာနိုင်ငံအား Myanmar ဟု အင်္ဂလိပ်လို ခေါ်ဝေါ်နေကြသည်ကို စိတ်ပျက်မိေ ကြာင်း လည်း နယူးဇီလန် ဝန်ကြီးချုပ်နှင့် ကြာသပတေးနေ့က နေပြည်တော် တွင် တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်းဖြစ်သည်။

“ကျမကတော့ နိုင်ငံအမည်ကို ပြည်သူတွေက ဘယ်လို သတ်မှတ်ခေါ်ဝေါ်ချင်တယ်ဆိုတာ မဆုံးဖြတ်မချင်း (အင်္ဂလိပ်လို) Burma လို့ပဲ အမြဲဆက်ခေါ်နေမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအား ကိုး ကား၍ ANI နှင့် နိုင်ငံခြား သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Burma ဟု လွတ်လပ်ရေးခေတ် တလျှောက်လုံး သတ်မှတ် ေ ခၚေ ဝၚ လာခဲ့ရာမွ ၁၉၈၉ ခုနှစ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နဝတ စစ်အစိုးရ လက်ထက် တွင် Myanmar ဟု ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ပြည်သူ့ လွှတ်တော်ဟူ၍ မရှိခဲ့ဘဲ အမည် အတော်များများကို စစ်အစိုးရ က ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ စစ်အစိုးရက ‘ဗမာ’ ‘မြန်မာ’ အပါအဝင် အမည် ပြောင်းလဲခေါ်မှုများ အား ထိုစဉ်က ကျောင်းသားခေါင်းဆောင် တဦးက “ဗုဒ္ဓကိုလည်း မုဒ္ဓလို့ ပြောင်းခေါ်ရမလိုပဲ” ဟု သရော်ဝေဖန်ခဲ့ဖူး သည်။

လက်ရှိ ၂ဝဝ၈ ခုနှစ်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း Myanmar ဟုသာ သုံးစွဲထား သည်။

ထို့ကြောင့် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုခြင်း မပြုဘဲ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂) တွင် ဖော်ပြ ထားသည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ( သို့မဟုတ် ) မြန်မာနိုင်ငံဟု သာ ခေါ် ဆို သုံးနှုန်းရန်ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက်တရပ် ထပ်မံ ထုတ်ပြန် သတိပေးခဲ့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ နိုင်ငံရေး ဘေး လွယ်အိတ် များ ”””

Labels:

0 comments: