Pages

Monday, November 19, 2012

“““ အတိုက်အခံ ခေါင်းဆောင် ကြီးတစ်ဦး၏ 2012 ခုနှစ် ဟာသ အမြောက်ဆုံး နှင့် အကြီးမားဆုံး အလွဲ များ ”””

( ၁ ) ပွင့်လင်းမြင်သာမှု ရှိရန်ဟု တဖွဖွ ပြောနေသော်လဲ အမေရိကန်သမ္မတ အိုဘားမားလာ သည့်အ ချိန် တွင် သက်ကြားအိုများအား ပြင်ပ တွင်ထား၍ တခါးပိတ် ဆွေးနွေးခြင်း ....

( ၂ ) သာတူညီမျှရေး ဟုပြောနေသော်လဲ ပြည်တွင်း ပြည်ပ သတင်းထောက် ( ၃၄ ) ဦးသာဝင်ခိုင်းပြီး ကျန် သတင်းထောက် များအား အဖက်မတန် သကဲ့ သို့ ပြုမူခြင်း ....

( ၃ ) ပြည်သူ ကိုချစ် ပါသည်ဟု တဖွဖွ ပြောနေသော်လဲ ပြည်သူအပေါင်း ဘေးဒုက္ခ ရောက်နေချိန် များ တွင် တိုင်းတပါးသို့ ထွက်ခွာသွားပြီး တိုင်းတပါးတွင် အပင်စိုက် ၊ ရေလောင်းခြင်းများ သာပြုလုပ်လေ့ ရှိခြင်း ....

( ၄ ) အမျိုးသား ရင်ကြားစေ့ရေး နှင့် အာဏာရှင် စနစ် ပပျောက်ရေး ဟု ကြွေးကြော်နေသော်လဲ ၄င်းပါတီ  အတွင်းတွင်ပင် အာဏာရှင် စနစ်ကျင့်သုံး သဖြင့် ပါတီတွင်း ကွဲပြဲ မှု များ ဖြစ်ပေါ်နေခြင်း ...

( ၅ ) ဟိုဟာ ကို ဟိုလို မခေါ်နှင့် မိမဆုံးမ ဖမဆုံးမ ဖြစ်မည်ဟု ပြောကာ မြန်မာအား ဘားမား ဟု လူတစ် ဥိး ၏ လွတ်လပ်ခွင့် အရ ကြိုက်သလို ခေါ်ဝေါ်နိုင်သည် ဟု ပြောခြင်း ....

( ၆ ) ဒီမိုကရေစီ ဒီမိုကရေစီ လူ့အခွင့် အရေး လူ့အခွင့်အရေး မြန်မာအား ဘားမား ဟု လူတစ် ဥိး ၏ လွတ်လပ်ခွင့် အရ ကြိုက်သလို ခေါ်ဝေါ်နိုင်သည်ဟု တဖွဖွ ပြောဆိုနေသော် လဲ တိုင်း တ ပါး အစိုးရများ မှ မြန်မာ နိုင်ငံအား မြန်မာ ( Myanmar ) ဟုခေါ်ဝေါ်နေခြင်းအား စိတ်ပျက်မိကြောင်း ဖြင့် ဒီမိုကရေစီ နည်းလမ်း မကျစွာ ပြောဆို ခြင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: