Pages

Wednesday, October 24, 2012

WE WERE SOLIDERS ................................

အရိုးကွဲအောင် ရိုက်မှာ အသဲစွဲအောင်ချစ်တာ ဆိုရင်….
တပ်မတော်ပေးတဲ့  Traning အောက်မှာ
မိဘတွေနဲ့ ခွဲခွာ
သံယောဇဉ်ကြိုးတွေဖြက်
မေတ္တာတွေငတ်ခဲ့ တဲ့  ကျနော်တို့ 
တိုင်းပြည်နဲ့  တပ်မတော်အပေါ်
ပေးဆပ်ခြင်းတွေနဲ့ ပျော်မွေ့ 
ချစ်ခြင်းတွေ ဘယ်လောက်တောင်ပြည့် နေပါလိမ့် မလဲ………………………..။

တောတောင်နယ်မြေအသီးသီးမှာပေါ့ 
ကြုံသလိုနေထိုင်ရင်း
ဖြစ်သလို ရင်ဆိုင်ရှင်းနေရတဲ့  ဒုက္ခတွေ မှာ
ဝမ်းနည်းမူ့ တွေအတွက်
ကျမျက်ရည်တွေကို ကွယ်ဝှက်
ဝေမျှစရာလူလည်းမရှိ
အနာဂတ်တွေလည်းပျောက်ဆုံး
မြင်သမျှက တောတောင်တဆုံး ဖြစ်နေခဲ့ မယ်ဆိုရင်……………..။

ပြည်သူတွေတောင်းဆိုတဲ့  ၅၀၀၀ တန်ဖုန်း
သုံးဖို့  မပြောနဲ့  ၅၀၀ တန် ပါဝါဓါတ်ခဲလေးကို
နေပြလိုက် အခြောက်ခံလိုက်နဲ့ 
အထက်အောက်ဆက်သွယ်ရေးမပျက်ဖို့ 
သက်သက်ညှာညှာနဲ့ သုံးနေရတဲ့ အဖြစ်
သိပ်စိတ်ညစ်ဖို့ ကောင်းတယ်……………။

ညဘက်စခန်းထိုင်တဲ့  အခါ
မီးရောင်ဝါတွေ လည်းမရ
လှပတဲ့  ညနေဆည်းဆာမှာ
တဲကုတ်လေးထဲဝင် ပုတီးလေးကိုစိတ်
ဓါတ်မီးလေးကိုထွန်း မြေပုံညွန်းကိုဖက်
နက်ဖြန်တွက်ပဲ တွေးပူတယ်………………………..။

ဂျီမေလ်းနဲ့  ဂျီတော့  Google မှာ လက်ဆော့ ဖို့ ကံပါမလာဘူး
အင်တာနက်မြန်နှုန်းအကြောင်းလည်း မသိဘူး
ဝေးနေသူအတွက်
အားဆေးကူတခွက်
အိမ်ကပို့ တဲ့ စာလွှာဖတ်ရရင်ကောင်းမယ်လို့ ပဲ စိတ်ကတွေးမိယုံ…။

အစားအသောက်လည်း ဆင်းရဲ
နေထိုင်ပုံမွဲပေမဲ့ 
စွန့် လွှတ်ထားတဲ့  အသက်
ပေးအပ်ထားတဲ့  ခန္ဒာ
မြုပ်နှံထားတဲ့ ဒီဘဝ
ပြည်သူ့ အတွက် ထာဝရ လို့ ဆိုမိယုံလေးပါ။

တကယ်တော့ လေ …………….
လက်တွေ့ နဲ့  ကျော်ဖြတ်နေရတဲ့  ကျနော်တို့ တွေရဲ့ ဘဝ
အခြေမလှပေမဲ့ 
နေရတဲ့  ဘ၀ကို စိတ်မပျက်ခဲ့ ကြဘူး……….။
တနေ့ နေ့ ပေါ့ ဆိုတဲ့  အတွေးနဲ့ 
မယိုင်မလဲ လက်ခြင်းခိုင်ခိုင်မြဲ လို့ 
တိုင်းပြည်နဲ့  တပ်မတော်အပေါ်
အရိုးကြေကြေ အရေခမ်းခမ်း သစ္စာပန်းတွေလန်းခဲ့ တယ်………………..။

Credit to original post by: ပုံရိပ် စစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

WE WERE SOLIDERS ................................

Labels:

0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။