Pages

Thursday, October 25, 2012

ရခိုင်ပြည်တွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ရန် RWU မှ မေတ္တာရပ်ခံ

                                  ရခိုင်ပြည်တွင်းဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများကို ရပ်တန့်စေပါရန် မေတ္တာရပ်ခံခြင်း
  
အောက်တိုဘာလ(၂၁)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အမြန်ဆုံးရပ်တန့်ရန် ရခိုင်အမျိုးသမီး အစည်းအရုံးမှ မေတ္တာ ရပ်ခံချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။"ပထမဆုံး ဖြစ်နေတဲ့ ပြဿနာ ကို ရပ်တန့် စေချင်ပါတယ်၊ ထိခိုက် နစ်နာမှုတွေက တော်တော်လေး ကိုများနေပြီ။ အဲ ဒါကြောင့် ဖြစ်နေ တဲ့ ဆူပူမှုကို အမြန်ဆုံးရပ်တန့်ပြီးမှ အနာဂတ်မှာ ဘယ်လိုလုပ်ရမလဲ စဉ်းစား လုပ်ဆောင်နိုင်ကြ မှာဖြစ် တယ်။ ဒါကြောင့် ပထမဆုံး အနေနဲ့ အခုဖြစ်နေကြတဲ့ ဆူပူမှုကို ရပ်လိုက်ကြပါတော့ လို့ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်"ဟု ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဥက္ကဌ စောမြရာဇာလင်းက ပြောသည်။

မင်းပြား၊ မြောက်ဦးမြို့များတွင် အောက်တိုဘာ လ (၂၁)ရက်နေ့မှ စတင် ဖြစ်ပေါ်နေသော ဒေသခံရခိုင်များနှင့် တစ်ဖက်နိုင်ငံမှဝင်ရောက် ခြေချနေထိုင် လာသူ ဘင်္ဂလီမူဆလင် မျိုးဆက်များ အကြား ဖြစ်ပေါ်နေသော ဆူပူ အကြမ်းဖက်မှုများ ရပ်တန့်ရန် ကြိုးစားသင့်ကြောင်း ပြည်သူလူထု တစ်ရပ်လုံးသို့  မေတ္တာရပ်ခံ လိုက်ပါသည်။ ယခုဖြစ်ပေါ်နေ ဆူပူအကြမ်းဖက်မှုတွင် သံဃာတော်များ ပျံလွန်တော်မူ ရခြင်း၊ ထိခိုက်နာကျင် မှုဖြစ်ရခြင်း၊ လူအများအပြား သေဆုံးနေခြင်း၊ သွးထွက်သံယို၊ အနာတရ ဖြစ်နေကြရခြင်း တို့ကိုကြားသိရ၍ မိမိတို့မှ များစွာ စိတ်မကောင်း ခံစားနေရပါသည်။ ရခိုင်ပြည်အတွင်း ယခုဖြစ်ပေါ်နေသော ဆူပူ အကြမ်းဖက်မှုများ သည် ရခိုင်ပြည် အတွက်သာမက မြန်မာတစ်နိုင်ငံ အတွက် အထူးစိုးရိမ်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ အန္တရာယ်ဆိုးကြီး ဖြစ်ကြောင်း မိမိတို့မှ အခိုင်အမာ သုံးသပ်လျှက်ရှိနေပါသည်။

ဤသို့ ပြဿနာ ဖြစ်ပေါ်အောင် သွေးထိုး လှုံဆော်နေကြသော အခြေခံ အကြောင်းရင်း များရှိနေသည်ကို သက်ဆိုင်ရာအစိုးရမှ မဖြစ်မနေ သေချာစွာ စီစစ်၍ ဖေါ်ထုတ်ရန် အထူးအရေးကြီး ကြောင်း လည်း ဖေါ်ပြ အပ်ပါသည်။ သို့သော် ဆူပူမှု ဆက်တိုက် ဖြစ်ပေါ်နေပါက ပြဿနာ၏ ဇစ်မြစ်ကို အစိုးရ အနေနှင့်ဖြစ်စေ၊ နိုင်ငံရေး ပါတီများ အနေနှင့်ဖြစ်စေ၊ အဖြေရှာရန် အထူးခက်ခဲပါလိမ့်မည်။သို့ဖြစ်၍ ပထမအဆင့်အနေနှင့် ဆူပူမှုများ ရပ်တန့်အောင် အမြန်ဆုံး ဆောင်ရွက်ပါရန် နိုင်ငံတော်အစိုးရ၊ ဘာ သာရေးခေါင်းေ ဆာင်ကြီး များနှင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ မြို့ မိမြို့ဖ၊ ရပ်မိရပ်ဖများကို မိမိတို့ ရခိုင်အမျိုးသမီး များ အစည်းအရုံးမှ မေတ္တာရပ်ခံအပ်ပါသည်။

ထို့နောက် အနာဂတ် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ယခုဖြစ် ပေါ်နေသောဆိုးကျိုးများ နောင်တွင် လုံးဝမဖြစ်ရအောင် မည်သို့ကြိုးပမ်းကြရမည်ကို ရခိုင် ခေါင်းဆောင်များနှင့် နိုင်ငံတော် အစိုးရတို့မှ သေချာစွာ စဉ်းစား အဖြေရှာရမည် ဖြစ်ကြောင်းလည်း ထုတ်ဖေါ်လိုက်ပါသည်။သို့ဖြစ်၍ လက်ရှိအခြေအနေကို အမြန် ဆုံးငြိမ်းအေး စေရန် ဘာသာရေး ခေါင်းဆောင်များ၊ လူရိုသေရှင်ရိုသေ မြို့ မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ အစိုးရ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်ကြီးများက အမြော်အမြင် ကြီးစွာဖြင့် ထိန်းထိန်း သိမ်းသိမ်းကြိုးပမ်းကြပါရန် မိမိတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ မေတ္တာရပ်ခံလိုက်ပါသည်။ ထို့အတူ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို အခြားသော တိုင်းရင်းသား များအနေနှင့် မျက်ကွယ်ပြု မနေကြ ဘဲ စေတနာကောင်း များဖြင့် ရခိုင်လူထုတစ်ရပ်လုံး ၏ အသက်၊ အိုးအိမ်များကို ကာကွယ်စောင့်ရှော က်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လေးစားစွာဖြင့်
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်။
ဆက်သွယ်ရန်၊ ဖုန်း - ၈၈၀ ၁၈၃၀ ၈၇၉ ၄၇၃။
၈၈၀ ၁၇၃၂ ၆၄၉ ၀၀၇

Arakantimes.net မှကုးယူဖော်ပြပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင်ပြည်တွင် ယခုဖြစ်ပေါ်နေသော ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ရန် RWU မှ မေတ္တာရပ်ခံ

Labels:

0 comments: