Pages

Wednesday, October 24, 2012

PSY ကို မနာလိုဖြစ်မိကြောင်း ဘန်ကီမွန်း နောက်ပြောင်ပြောကြား

အောက်တိုဘာလ ၂၄၊ ၂၀၁၂

မိမိသည် တောင်ကိုရီးယား Rap ဂီတ အဆိုတော် PSYကို မနာလို ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက နောက်ပြောင် ပြောကြားလိုက်သည်။ PSYသည် တစ်နိုင်ငံတည်းသား ဘန်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ နာမည်ကျော် သီချင်း Gangnam Styleမှ အကကို သင်ကြားပေးခဲ့သည်။

ယခုအခါ PSYသည် You Tubeတွင် ၎င်း၏ သီချင်းကို လူပေါင်း ဘီလျံဝက်ကျော် ကြည့်ရှုခြင်း ခံရသည် အထိ ကမ္ဘာသိ အောင်မြင်မှုများ ပိုင်ဆိုင်ထားခဲ့သည်။ ဘန်က ကိုရီးယားချင်းတူတူ မိမိသည် PSY၏   အောင်မြင်မှု အရိပ်ထိုးခြင်းကို ခံနေရသည့်အတွက် မနာလို ဖြစ်ရကြောင်း သတင်းထောက်များအား အရွှမ်းဖောက်ပြောဆိုသွားခြင်း ဖြစ်သည်။

ဘန်က "ကျွန်တော် နည်းနည်တော့ မနာလို ဖြစ်တာပေါ့။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကထိ လူတိုင်းက ကမ္ဘာပေါ်မှာ နာမည် အကျော်ဆုံး ကိုရီးယားလူမျိုးက ကျွန်တော်လို့ ပြောကြတယ်။ ခုတော့ ကျွန်တော် နေရာ ဖယ်ပေးလိုက်ရပြီ။ ဒါပေမဲ့ ကျွန်တော် နောင်တမရနေတော့ပါဘူးလေ"ဟု ရယ်ရယ်မောမော ဆိုသည်။

နယူးယော့ခ်ရှိ ကုလသမဂ္ဂ ဌာနချုပ်သို့ ရောက်ရှိလာသည့် PSYသည် ဘန်ကိုအကလည်း သင်ပေးခဲ့သေးသည်။ ၎င်းက "ကဲကဲ၊ ခင်ဗျားတို့ဟာ နာမည် အကြီးဆုံးနဲ့ ဒုတိယ နာမည်အကြီးဆုံး ကိုရီးယား နှစ်ယောက်ကို အဆောက်အအုံ တစ်ခုတည်းမှာ တူတူမြင်ခွင့်ရနေပြီလေ"ဟု သတင်းထောက်များရှေ့တွင် ဘန်နှင့် ဓာတ်ပုံတွဲ အရိုက်ခံရင်း ကျီစယ် ပြောကြားသွားသည်။

Source: TheAustralian

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

PSY ကို မနာလိုဖြစ်မိကြောင်း ဘန်ကီမွန်း နောက်ပြောင်ပြောကြား

Labels:
အောက်တိုဘာလ ၂၄၊ ၂၀၁၂

မိမိသည် တောင်ကိုရီးယား Rap ဂီတ အဆိုတော် PSYကို မနာလို ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက နောက်ပြောင် ပြောကြားလိုက်သည်။ PSYသည် တစ်နိုင်ငံတည်းသား ဘန်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ နာမည်ကျော် သီချင်း Gangnam Styleမှ အကကို သင်ကြားပေးခဲ့သည်။

ယခုအခါ PSYသည် You Tubeတွင် ၎င်း၏ သီချင်းကို လူပေါင်း ဘီလျံဝက်ကျော် ကြည့်ရှုခြင်း ခံရသည် အထိ ကမ္ဘာသိ အောင်မြင်မှုများ ပိုင်ဆိုင်ထားခဲ့သည်။ ဘန်က ကိုရီးယားချင်းတူတူ မိမိသည် PSY၏   အောင်မြင်မှု အရိပ်ထိုးခြင်းကို ခံနေရသည့်အတွက် မနာလို ဖြစ်ရကြောင်း သတင်းထောက်များအား အရွှမ်းဖောက်ပြောဆိုသွားခြင်း ဖြစ်သည်။

ဘန်က "ကျွန်တော် နည်းနည်တော့ မနာလို ဖြစ်တာပေါ့။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကထိ လူတိုင်းက ကမ္ဘာပေါ်မှာ နာမည် အကျော်ဆုံး ကိုရီးယားလူမျိုးက ကျွန်တော်လို့ ပြောကြတယ်။ ခုတော့ ကျွန်တော် နေရာ ဖယ်ပေးလိုက်ရပြီ။ ဒါပေမဲ့ ကျွန်တော် နောင်တမရနေတော့ပါဘူးလေ"ဟု ရယ်ရယ်မောမော ဆိုသည်။

နယူးယော့ခ်ရှိ ကုလသမဂ္ဂ ဌာနချုပ်သို့ ရောက်ရှိလာသည့် PSYသည် ဘန်ကိုအကလည်း သင်ပေးခဲ့သေးသည်။ ၎င်းက "ကဲကဲ၊ ခင်ဗျားတို့ဟာ နာမည် အကြီးဆုံးနဲ့ ဒုတိယ နာမည်အကြီးဆုံး ကိုရီးယား နှစ်ယောက်ကို အဆောက်အအုံ တစ်ခုတည်းမှာ တူတူမြင်ခွင့်ရနေပြီလေ"ဟု သတင်းထောက်များရှေ့တွင် ဘန်နှင့် ဓာတ်ပုံတွဲ အရိုက်ခံရင်း ကျီစယ် ပြောကြားသွားသည်။

Source: TheAustralian
0 comments: