27.10.2012အောက်တိုဘာလ(၂၅) ရက်နေ့က ဆဒုံးမြို့နယ်ခွဲ၊ ဆကားပါ ကျေးရွာအနီးတွင် KIA တပ်မဟာ(၅) ရင်း(၃) မှ ဆရာ တစ်ဦးမှ မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲခဲ့ ကြောင်း သိရပါတယ်။
ဖြစ်ပွားပုံမှာ အောက်တိုဘာလ(၂၅)ရက်နေ့ နေ့လည်ပိုင်းတွင် KIA တပ်မဟာ(၅) ရင်း(၃)မှ တပ်ကြပ် မရန်ဂျီဂွန် သည် မိုင်းထောင်ရန် လာရောက်စဉ် သစ်ခွပန်း ရှာနေသော ဆကားပါ ရွာသား ကလေး ငယ် နှစ်ဦးအား တွေ့ရှိပြီး ၄င်းနှင့်အတူ လိုက်ခဲ့ရန် အတင်းအကြပ် ခေါ်ဆောင်ခဲ့ကာ ဆကားပါရွာနှင့် ဘွမ်ဝါရွာအကြား လူသွားလမ်းပေါ်တွင် မိုင်းထောင်နေခဲ့စဉ် နေ့လည်(၁)နာရီခွဲခန့်၌ မိုင်းအား ထိန်း ထားသော လက်လွတ်သွားသဖြင့် မိုင်းပေါက်ကွဲသွားခဲ့ပြီး မိုင်းထောင်သူ KIA တပ်ဖွဲ့ဝင် မရန်ဂျီဂွန် သည် မိုင်းစထိမှန်၍ ၀မ်းဗိုက်တွင် ပေါက်ထွက်သွားသော ဒဏ်ရာရရှိခဲ့ပြီး ၄င်းခေါ်လာသော ကလေး ငယ်နှစ် ဦးဖြစ်သည့် မောင်မာလ(၁၃) နှစ်သည် ၀မ်းဗိုက်နှင့် ညာဘက်နံရိုးတို့တွင် မိုင်းစထိမှန်ခဲ့ပြီး ၊ မောင် မခေါ်လတူး (၁၄)နှစ်သည် ဘယ်ဘက်ပါးနှင့် မျက်နှာတို့တွင် မိုင်းစ ထိမှန်ခဲ့သော ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ မိုင်းပေါက်ကွဲသဖြင့် ဒဏ်ရာရရှိခဲ့သော KIA မှ မရန်ဂျီဂွန်အား KIA တပ်ရင်း (၃) မှ တပ်ဖွဲ့ ၀င်(၆)ဦး ဖြင့် ညနေပိုင်းတွင် လာရောက် ခေါ်ဆောင်သွားပြီး တပ်ရင်း(၃)၏ လုံထန် စခန်းတွင် ဆေး ကုသခိုင်း ထားကြောင်း သိရပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှု နှင့်ပတ်သက်ပြီး ဆကားပါရွာသားများ ၏ ပြောပြချက်အရ မိုင်းပေါက်ကွဲမှုတွင် ဒဏ် ရာရခဲ့သော မောင်မာလသည် စိုးရိမ်ရ သောကြောင့် ၄င်း၏ ဖခင်ဖြစ်သူ ဦးဇောင်းဆီးမှ တရုတ်နိုင်ငံ ခါကျန်းဆေးရုံသို့ သွားရောက် ပို့ဆောင်ခဲ့ရ ကြောင်း နှင့် မောင်မခေါ်လတူး အား ဆဒုံးမြို့တွင်ပင် ဆေးကုသ ခဲ့ကြောင်း သိရ ပါတယ်။
`` KIA က သူ့လူကျတော့ ခေါ်သွားတယ်။ ကလေးနှစ်ယောက် ကျတော့ တောထဲမှာ ဒီတိုင်း ထားခဲ့ တယ်။ တော်သေး တာပေါ့။ ညနေပိုင်း ဘွမ်ခါက ပြန်လာတဲ့ ရွာသားတွေ တွေ့လို့ ထမ်းခေါ်လာခဲ့လို့ မဟုတ်ရင် မာလ ကသေမှာ ၊ ဗိုက်ပါ ပေါက်သွားတာ၊ မျက်နှာထိတဲ့ မခေါ်လတူး က သူတို့ရွာ ကို ပြောပေးဖို့ KIA ကို အကူအညီ တောင်းသေးတယ်။ သူတို့က ပြောမပေးနိုင်ဘူး။ မင်းတို့ဟာ မင်းတို့ သေသေဆိုပြီး ပြောသွားတယ်´´ ဟု ဆကားပါ ရွာသားတစ်ဦးက ဆိုပါတယ်။
ယနေ့အထိ KIA တွင် မိုင်းထောင်စဉ် မိုင်းပေါက်ကွဲသည့် KIA တပ်ဖွဲ့ဝင် အရေအတွက်မှာ (၄၄)ယောက် ရှိပြီ ဖြစ်ပြီး (၂၆)ဦး သေဆုံးကာ (၁၈)ဦး ဒဏ်ရာရရှိ ခဲ့ပြီး KIA မိုင်းနင်းမိ ၍ သေဆုံး၊ ဒဏ်ရာရ သွားသော အပြစ်မဲ့ပြည်သူ (၁၁၂) ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ကချင်သတင်း
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။