Pages

Friday, October 26, 2012

ရိက္ခာပြတ်ခြင်းဒဏ်ကို မခံနိုင်တော့သော KIA တပ်ဖွဲ့ဝင်များမှာ KIA အကြီးအကဲများအပေါ် ယုံကြည်မှု ကင်းမဲ့ပြီး ထွက်ပြေးလျက်ရှိ

26.10.2012

KIA တပ်များ၏ ရှေ့တန်း ဆွမ်ပရာဘွမ် ၊ ပူတာအိုနှင့် မချမ်းဘောဒေသမှ KIA တပ်မဟာ (၁ )တွင် ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှု ရှိနေခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ စိတ်ဓါတ်ကျဆင်းနေသော KIA စစ်သည်များ KIA တွင် တပ်မဟာ (၅) ခုရှိရာ စားစရာဝယ်ယူ/ တောင်းရမ်းစားသုံးနိုင်သော ဗန်းမော်ဒေသနှင့် ဖားကန့် ဒေသများအား ချုပ်ကိုင်ထားသည့် တပ်မဟာများမှအပ ကျန်တပ်မဟာများမှာ ရိက္ခာပြတ်လပ်မှုကြောင့် အာတာလွတ်ဥများကိုသာ စားနေရကြောင်း သိရပါတယ်။

အထူးသဖြင့် ဆွမ်ဘရာဘွမ် ၊ ပူတာအို နှင့် မချမ်းဘောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မဟာ (၁) မှ တပ်ရင်း (၇) ၊ တပ်ရင်း (၂၂) တို့တွင် မတ်လကတည်းက ရိက္ခာပို့နိုင်ခြင်းမရှိတော့သောကြောင့် ၄င်းဒေသရှိ KIA တပ်ဖွဲ့ဝင်များမှာ အစာရေစာ ငတ်မွတ်ခြင်းဒဏ်ကို ခံနေရကြောင်း သိရပါတယ်။ “ ကျွန်တော်တို့ကို (၃) လပိုင်းက ရိက္ခာ တစ်ခါပို့တယ်။ အဲတုန်းကပို့တဲ့ ရိက္ခာက (၅) လပိုင်းကတည်း က ကုန်သွားပြီ ။ ထပ်လည်းလာမပို့တော့ဘူး။ တပ်မဟာကနေတော့ ရွာတွေက ဆန်တောင်း ဖို့ ညွှန်ကြား ချက် တော့ရှိတယ်။ ဇွန်လထဲတုန်းက တစ်အိမ်ကို တစ်တင်းစီတောင်းပြီးပြီ၊ တောင်းလို့ရတာလည်း တစ်လပဲ အစားခံ တယ်။ ထပ်တောင်းလို့လည်း မရတော့ဘူး။ သူတို့မှာလည်းပေးစရာ မရှိတော့ဘူး။ လူသတ်ရင် သတ်မှပဲ၊ ဆန်တော့မရတော့ဘူး ” ဟု တပ်ရင်း (၇) မှ အမည်မဖေါ်လိုသူ KIA တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တပ်မဟာ (၁)ေ ဒ သတွင် အစာရေစာပြတ်လပ်မှုကြောင့် ရောဂါဖြစ်ပွားမှုလဲ များနေကြောင်း သိရ ပါတယ်။ “ ကျွန်တော်တို့ နယ်မြေမှာက တိုက်ပွဲဖြစ်တာ နည်းတော့ တိုက်ပွဲမှာသေတာ မရှိဘူး ၊ နေ မကောင်းဖြစ်ပြီး သေတာကများတယ် ၊ ဖျားရင်လည်း ဆေးကုဖို့က ဆရာဝန်မရှိဘူး။ တပ်မဟာမှ သူနာပြုဆရာမတစ်ယောက် တော့ ရှိတယ်။ သူလည်း ဘာမှမလုပ်တက်ဘူး ။ ခုဆိုဖျားပြီး သေတာက ကျွန်တော်တို့ တပ်ရင်းမှာတင် (၃၆) ယောက်ရှိနေပြီ ” ဟု အဆိုပါ တပ်ကြပ်က ဆက်လက်ပြော ကြားသွားပါတယ်။

ရိက္ခာပြတ်ခြင်းဒဏ်ကို မခံနိုင်တော့သော KIA တပ်ဖွဲ့ဝင်များမှာ KIA အကြီးအကဲများအပေါ် ယုံကြည်မှု ကင်းမဲ့ပြီး ထွက်ပြေးလျက်ရှိပါတယ်။ သြဂုတ်လမှ ယခု အောက်တိုဘာလအတွင်း တပ်မဟာ(၁) မှ ထွက်ပြေးသွားသူ (၄၉) ယောက် ရှိပြီ ဖြစ်ကြောင်းလဲသိရပါတယ်။

စစ်ငြိမ်းဦး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရိက္ခာပြတ်ခြင်းဒဏ်ကို မခံနိုင်တော့သော KIA တပ်ဖွဲ့ဝင်များမှာ KIA အကြီးအကဲများအပေါ် ယုံကြည်မှု ကင်းမဲ့ပြီး ထွက်ပြေးလျက်ရှိ

Labels:

26.10.2012

KIA တပ်များ၏ ရှေ့တန်း ဆွမ်ပရာဘွမ် ၊ ပူတာအိုနှင့် မချမ်းဘောဒေသမှ KIA တပ်မဟာ (၁ )တွင် ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှု ရှိနေခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ စိတ်ဓါတ်ကျဆင်းနေသော KIA စစ်သည်များ KIA တွင် တပ်မဟာ (၅) ခုရှိရာ စားစရာဝယ်ယူ/ တောင်းရမ်းစားသုံးနိုင်သော ဗန်းမော်ဒေသနှင့် ဖားကန့် ဒေသများအား ချုပ်ကိုင်ထားသည့် တပ်မဟာများမှအပ ကျန်တပ်မဟာများမှာ ရိက္ခာပြတ်လပ်မှုကြောင့် အာတာလွတ်ဥများကိုသာ စားနေရကြောင်း သိရပါတယ်။

အထူးသဖြင့် ဆွမ်ဘရာဘွမ် ၊ ပူတာအို နှင့် မချမ်းဘောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မဟာ (၁) မှ တပ်ရင်း (၇) ၊ တပ်ရင်း (၂၂) တို့တွင် မတ်လကတည်းက ရိက္ခာပို့နိုင်ခြင်းမရှိတော့သောကြောင့် ၄င်းဒေသရှိ KIA တပ်ဖွဲ့ဝင်များမှာ အစာရေစာ ငတ်မွတ်ခြင်းဒဏ်ကို ခံနေရကြောင်း သိရပါတယ်။ “ ကျွန်တော်တို့ကို (၃) လပိုင်းက ရိက္ခာ တစ်ခါပို့တယ်။ အဲတုန်းကပို့တဲ့ ရိက္ခာက (၅) လပိုင်းကတည်း က ကုန်သွားပြီ ။ ထပ်လည်းလာမပို့တော့ဘူး။ တပ်မဟာကနေတော့ ရွာတွေက ဆန်တောင်း ဖို့ ညွှန်ကြား ချက် တော့ရှိတယ်။ ဇွန်လထဲတုန်းက တစ်အိမ်ကို တစ်တင်းစီတောင်းပြီးပြီ၊ တောင်းလို့ရတာလည်း တစ်လပဲ အစားခံ တယ်။ ထပ်တောင်းလို့လည်း မရတော့ဘူး။ သူတို့မှာလည်းပေးစရာ မရှိတော့ဘူး။ လူသတ်ရင် သတ်မှပဲ၊ ဆန်တော့မရတော့ဘူး ” ဟု တပ်ရင်း (၇) မှ အမည်မဖေါ်လိုသူ KIA တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တပ်မဟာ (၁)ေ ဒ သတွင် အစာရေစာပြတ်လပ်မှုကြောင့် ရောဂါဖြစ်ပွားမှုလဲ များနေကြောင်း သိရ ပါတယ်။ “ ကျွန်တော်တို့ နယ်မြေမှာက တိုက်ပွဲဖြစ်တာ နည်းတော့ တိုက်ပွဲမှာသေတာ မရှိဘူး ၊ နေ မကောင်းဖြစ်ပြီး သေတာကများတယ် ၊ ဖျားရင်လည်း ဆေးကုဖို့က ဆရာဝန်မရှိဘူး။ တပ်မဟာမှ သူနာပြုဆရာမတစ်ယောက် တော့ ရှိတယ်။ သူလည်း ဘာမှမလုပ်တက်ဘူး ။ ခုဆိုဖျားပြီး သေတာက ကျွန်တော်တို့ တပ်ရင်းမှာတင် (၃၆) ယောက်ရှိနေပြီ ” ဟု အဆိုပါ တပ်ကြပ်က ဆက်လက်ပြော ကြားသွားပါတယ်။

ရိက္ခာပြတ်ခြင်းဒဏ်ကို မခံနိုင်တော့သော KIA တပ်ဖွဲ့ဝင်များမှာ KIA အကြီးအကဲများအပေါ် ယုံကြည်မှု ကင်းမဲ့ပြီး ထွက်ပြေးလျက်ရှိပါတယ်။ သြဂုတ်လမှ ယခု အောက်တိုဘာလအတွင်း တပ်မဟာ(၁) မှ ထွက်ပြေးသွားသူ (၄၉) ယောက် ရှိပြီ ဖြစ်ကြောင်းလဲသိရပါတယ်။

စစ်ငြိမ်းဦး
0 comments: