Pages

Thursday, October 25, 2012

KIA နှင့် အစိုးရတပ် မန်စီတွင် တိုက်ပွဲများဖြစ် အတင်းအကြပ် ဖမ်းဆီး စုဆောင်း ခံထားရသော KIA ကလေး စစ်သားများ ကျဆုံး

                           KIA မှ အတင်းအကြပ် ဖမ်းဆီး  စုဆောင်း ခြင်းခံ ထားရသော ကလေးစစ်သားတစ်ဦး

KIA တပ်မဟာ (၃) တပ်ရင်း (၂၇) ဖြင့် အစိုးရတပ်တို့သည် အောက်တိုဘာလ (၂၃/၂၄) ရက်များတွင် မန်စီမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲများအားလုံးမှာ အစိုးရတပ်အား KIA တပ်များမှ လူအနည်းငယ်ဖြင့် ပြောက်ကျား စစ်နည်းဗျူဟာ ကို အသုံးပြုကာ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း များဖြစ်ပါတယ်။ သို့သော်လည်း KIA တပ်များမှာ စစ်နည်းဗျူဟာ ကောင်းစွာ မတတ်မြောက်သော ကလေးငယ်များ ဖြစ်နေခြင်းကြောင့် ထိခိုက် ကျဆုံးမှုများရှိပြီး လက်နက်များ ဆုံးရှုံးခဲ့ရှိကြောင်း သိရပါတယ်။

အောက်တိုဘာလ (၂၃) ရက်တွင် KIA တပ်ရင်း (၂၇) မှ အင်အား (၁၅) ဦးခန်မှ မန်စီမြို့နယ်ခချယ်ရွာအနီး တွင် စစ်ကြောင်းများချီတက်လာမှုကို ရုတ်တရက် ၀င်တိုက်ခဲ့ရာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIAစစ်သည် (၂) ယောက် ကျဆုံးခဲ့ကြောင်း သိရပါတယ်။အဆိုပါ KIA စစ်သား (၂) ယောက်အနက်မှ တစ်ယောက်မှာ အသက် (၁၄) နှစ်ခန့်သာရှိသေးသော ကလေးငယ် တစ်ဦးသာဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် (၉) နာရီခန့်တွင်လည်း မန်စီမြို့နယ် အူလန်ပါ ကျေးရွာအနီး တွင် KIA တပ်ရင်း (၂၇) မှ ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်း နေတုန်း အစိုးရ စစ်ကြောင်းမှ တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ ကာ KIAမှ(၃)ယောက်ကျဆုံးခဲ့ပြီးသေနတ်(၃)လက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။

KIA နှင့် အစိုရတပ်များသည် အောက်တိုဘာလ ဆန်းပိုင်းက ဖားကန့်မြို့နယ်တွင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယခုအခါတွင် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့သော်လည်း မန်စီဘက် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာလျက်ရှိသည်။ သို့သော် နှင့်အစိုးရတို့သည် အောက်တိုဘာလ(၃၀)နှင့် (၃၁) ရက်နေ့များတွင် ရွှေလီမြို့  ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူထားကြောင်းသိရပါတယ်။

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KIA နှင့် အစိုးရတပ် မန်စီတွင် တိုက်ပွဲများဖြစ် အတင်းအကြပ် ဖမ်းဆီး စုဆောင်း ခံထားရသော KIA ကလေး စစ်သားများ ကျဆုံး

Labels:
                           KIA မှ အတင်းအကြပ် ဖမ်းဆီး  စုဆောင်း ခြင်းခံ ထားရသော ကလေးစစ်သားတစ်ဦး

KIA တပ်မဟာ (၃) တပ်ရင်း (၂၇) ဖြင့် အစိုးရတပ်တို့သည် အောက်တိုဘာလ (၂၃/၂၄) ရက်များတွင် မန်စီမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲများအားလုံးမှာ အစိုးရတပ်အား KIA တပ်များမှ လူအနည်းငယ်ဖြင့် ပြောက်ကျား စစ်နည်းဗျူဟာ ကို အသုံးပြုကာ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း များဖြစ်ပါတယ်။ သို့သော်လည်း KIA တပ်များမှာ စစ်နည်းဗျူဟာ ကောင်းစွာ မတတ်မြောက်သော ကလေးငယ်များ ဖြစ်နေခြင်းကြောင့် ထိခိုက် ကျဆုံးမှုများရှိပြီး လက်နက်များ ဆုံးရှုံးခဲ့ရှိကြောင်း သိရပါတယ်။

အောက်တိုဘာလ (၂၃) ရက်တွင် KIA တပ်ရင်း (၂၇) မှ အင်အား (၁၅) ဦးခန်မှ မန်စီမြို့နယ်ခချယ်ရွာအနီး တွင် စစ်ကြောင်းများချီတက်လာမှုကို ရုတ်တရက် ၀င်တိုက်ခဲ့ရာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIAစစ်သည် (၂) ယောက် ကျဆုံးခဲ့ကြောင်း သိရပါတယ်။အဆိုပါ KIA စစ်သား (၂) ယောက်အနက်မှ တစ်ယောက်မှာ အသက် (၁၄) နှစ်ခန့်သာရှိသေးသော ကလေးငယ် တစ်ဦးသာဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် (၉) နာရီခန့်တွင်လည်း မန်စီမြို့နယ် အူလန်ပါ ကျေးရွာအနီး တွင် KIA တပ်ရင်း (၂၇) မှ ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်း နေတုန်း အစိုးရ စစ်ကြောင်းမှ တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ ကာ KIAမှ(၃)ယောက်ကျဆုံးခဲ့ပြီးသေနတ်(၃)လက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။

KIA နှင့် အစိုရတပ်များသည် အောက်တိုဘာလ ဆန်းပိုင်းက ဖားကန့်မြို့နယ်တွင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယခုအခါတွင် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့သော်လည်း မန်စီဘက် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာလျက်ရှိသည်။ သို့သော် နှင့်အစိုးရတို့သည် အောက်တိုဘာလ(၃၀)နှင့် (၃၁) ရက်နေ့များတွင် ရွှေလီမြို့  ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူထားကြောင်းသိရပါတယ်။

ကချင်သတင်း
0 comments: