မြန်မာ့ နိုင်ငံရေး နယ်ပယ်မှာ ထင်ရှားခဲ့တဲ့ ဗိုလ်မှူးချုပ် ဟောင်း ဦးအောင်ကြီး ဒီမနက် ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွား တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပါပြီ။
အာဏာရှင် ဦးနေ၀င်း အစိုးရကို အုံကြွ ဆန့်ကျင်တဲ့ ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှု ကာလမှာ ဦးအောင်ကြီးက လူသိများတဲ့ ဒီမိုကရေစီ ခေါင်းဆောင် တယောက် ဖြစ်ခဲ့တာပါ။
လူထုအုံကြွမှု မတိုင်ခင် စစ်အစိုးရ ခေါင်းဆောင် ဦးနေ၀င်းထံပေးပို့တဲ့ သူ့ရဲ့ ပေးစာတွေကြောင့် သူဟာ ပြည်သူ အများအပြားရဲ့ ထောက်ခံမှု ရခဲ့ပါတယ်။ ဦးနေ၀င်းက သူ့ကို အကြိမ်ကြိမ် ထိန်းသိမ်းခဲ့ပါတယ်။
လူထု ထောက်ခံမှုကို ဦးအောင်ကြီး ရရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ်က လူထုဟောပြောပွဲတခုမှာ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက် ကတော့ အဲဒီကာလမှာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်း အပြီး နိုင်ငံရေးပါတီ ထူထောင်ရာမှာ တခြား ထင်ရှားသူများနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒီလိုနဲ့
- ဦးအောင်ကြီးနဲ့ နောက်လိုက်များ
- ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦး ခေါင်းဆောင်တဲ့ မျိုးချစ်ရဲဘော် ဟောင်း များ
- ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ တတ်သိ ပညာရှင်များ
အုပ်စု သုံးခု ပူးပေါင်းပြီး NLD ကို ဖွဲ့စည်းခဲ့တာပါ။
ဦးအောင်ကြီး NLD ဥက္ကဋ္ဌ ဖြစ်လာ ပါတယ်။ လများ မကြာမီမှာ ဦးအောင်ကြီး နဲ့နောက်လိုက်များ NLD ကနေ ထွက်သွားပြီး လူထု ထောက်ခံမှုမရတဲ့ ပါတီသစ်တခု တည်ထောင်ခဲ့ပါတယ်။ NLD ခေါင်းဆောင်ပိုင်းမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ်လိုလားသူတွေ ရှိနေတယ် ဆိုတဲ့ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ စွပ်စွဲသူများ ဘက်က ရှုံးတဲ့အတွက် အဲဒီလို ထွက်သွားရခြင်း ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ သူ့ပါတီက မဲဆန္ဒနယ်တချို့မှာ ၀င်ပြိုင်ပေမယ့် လူထု ထောက်ခံမှု မရခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက်ပိုင်း မြန်မာ့နိုင်ငံရေး ကနေ သူ့လှုပ်ရှားမှုတွေ တဖြည်းဖြည်း ပျောက် ကွယ်သွား ခဲ့တာပါ။
လူထု လှုပ်ရှားမှုကြီး မပေါ်ပေါက်ခင် ဦးအောင်ကြီး ပေဖူးလွှာ လစဉ်ထုတ် မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ "ကျွန်တော် အညာသားပါခင်ဗျား" အခန်းဆက် ဆောင်းပါး တွေက စာပေ လောက၊ နိုင်ငံရေး လောကမှာ ထင်ရှားခဲ့ပါတယ်။ သခင် အောင်ကြီး(ပေါင်းတည်) ကလောင် အမည်နဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ref:ဧရာဝတီ
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။