Pages

Friday, October 26, 2012

ရခိုင်ပြည်နယ် အတွင်းရှိ ရဲစခန်း ( ၈ ) ခုကို အဆင့်မြင့်တင်သွား ပြီး ရဲစခန်း ( ၃၀ ) ခု ထပ်မံဖွင့်လှစ် ရန်ရှိ

26.12.2012

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ရပ်ကွက်၊ ကျေးရွာများ၏ လူနေဧရိယာ တဖြည်းဖြည်း ကြီးကျယ်ပြန့်ကား လာမှုများကို ကွင်းဆင်းစစ်ဆေး ကြပ်မတ် လျက်ရှိပြီး ဥပဒေ နှင့် မညီညွတ်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြောကြားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုနှင့် ကျေးရွာများ၏ နယ်နမိတ်များ အား ပြည်ထဲရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် နယ်နမိတ် သတ်မှတ်ချက် စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့ဆောက် လုပ်ခြင်း အား တည်ဆဲမြို့နှင့် ကျေးရွာ ဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် များအတိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံအတွင်းကို တရားမဝင် ခိုးဝင်မှုများ တားဆီးရေး၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ မော်တင်စွန်း ကနေ နတ်မြစ်ဝအထိ ရခိုင် ပင်လယ်ပြင်ကို တပ်မတော် ( ရေ ) က တာဝန်ယူပြီးတော့ အငူမော်ကနေ နတ်မြစ်ဝ၊ နတ်မြစ်ဝကနေ နယ်နမိတ် တစ်လျှောက်ကိုတော့ လ၀က ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့တွေက လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ ရဲစခန်း ၇၅ ခုအပြင် ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ရှစ်ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်” ဟု  ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင် စု ဒုတိယဝန်ကြီး က အမျိုးသား လွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့သည်။

ယင်းအပြင် တရားမဝင် နေထိုင်သူများ မရှိစေရန်အတွက် မြို့နယ်အသီးသီးတွင် ရှောင်တခင် စစ်ဆေးခြင်း၊ ကုန်းလမ်း၊ ရေဆိပ်၊ လေဆိပ်နှင့် ပင်လယ်ကမ်းခြေ ဝင်ထွက်ပေါက် စစ်ဆေး ရေးဂိတ် များမှ စစ်ဆေးခြင်း၊ ရပ်ကွက် ကျေးရွာများကို မြေပုံဆွဲခြင်း၊ အဆောက်အဦ မှတ်တမ်း တင်ခြင်း၊ လူဦးရေ စစ်ဆေးခြင်း များကို ဆောင်ရွက်နေကြောင်း သိရှိရသည်။

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင်ပြည်နယ် အတွင်းရှိ ရဲစခန်း ( ၈ ) ခုကို အဆင့်မြင့်တင်သွား ပြီး ရဲစခန်း ( ၃၀ ) ခု ထပ်မံဖွင့်လှစ် ရန်ရှိ

Labels:

26.12.2012

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ရပ်ကွက်၊ ကျေးရွာများ၏ လူနေဧရိယာ တဖြည်းဖြည်း ကြီးကျယ်ပြန့်ကား လာမှုများကို ကွင်းဆင်းစစ်ဆေး ကြပ်မတ် လျက်ရှိပြီး ဥပဒေ နှင့် မညီညွတ်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ပြောကြားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုနှင့် ကျေးရွာများ၏ နယ်နမိတ်များ အား ပြည်ထဲရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် နယ်နမိတ် သတ်မှတ်ချက် စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့ဆောက် လုပ်ခြင်း အား တည်ဆဲမြို့နှင့် ကျေးရွာ ဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် များအတိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံအတွင်းကို တရားမဝင် ခိုးဝင်မှုများ တားဆီးရေး၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ မော်တင်စွန်း ကနေ နတ်မြစ်ဝအထိ ရခိုင် ပင်လယ်ပြင်ကို တပ်မတော် ( ရေ ) က တာဝန်ယူပြီးတော့ အငူမော်ကနေ နတ်မြစ်ဝ၊ နတ်မြစ်ဝကနေ နယ်နမိတ် တစ်လျှောက်ကိုတော့ လ၀က ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့တွေက လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ ရဲစခန်း ၇၅ ခုအပြင် ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ရှစ်ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်” ဟု  ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင် စု ဒုတိယဝန်ကြီး က အမျိုးသား လွှတ်တော်တွင် အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့သည်။

ယင်းအပြင် တရားမဝင် နေထိုင်သူများ မရှိစေရန်အတွက် မြို့နယ်အသီးသီးတွင် ရှောင်တခင် စစ်ဆေးခြင်း၊ ကုန်းလမ်း၊ ရေဆိပ်၊ လေဆိပ်နှင့် ပင်လယ်ကမ်းခြေ ဝင်ထွက်ပေါက် စစ်ဆေး ရေးဂိတ် များမှ စစ်ဆေးခြင်း၊ ရပ်ကွက် ကျေးရွာများကို မြေပုံဆွဲခြင်း၊ အဆောက်အဦ မှတ်တမ်း တင်ခြင်း၊ လူဦးရေ စစ်ဆေးခြင်း များကို ဆောင်ရွက်နေကြောင်း သိရှိရသည်။

Myanmar Express
0 comments: