Pages

Thursday, November 1, 2012

စိတ်ကူးယဉ် နိုင်ငံရေးသမား တွေ ဖတ်မိစေချင်တဲ့ "ဝ" ကို အားကျနေတဲ့ ကေအိုင်အို

1.11.2012

ဘာ လုက ၀ လိုဖြစ်ခြင်တယ် ဟုတ်လား။ လုက ၀ ကို အထင်ကြီးတယ်လား။ ၀ လည်း ၀ ဒုက်ခနဲ့ ၀ လု မသိဘူးနော်။ အဲသလို ပြောရမလို ဖြစ်နေပြီ ထင်တယ်။

အပေါ်က ပို့စ်တစ်ခုမှာ ကချင်က ၀ အထူးအဖွဲ့လို ဖြစ်ခြင်တယ် ဆိုတာဖတ်လိုက်ရတယ်။ ရှမ်းကလည်း အားကျတယ် ဆိုလား။ ငြိမ်းအဖွဲ့ တွေ အားလုံးထဲမှာတော့ အခုလောလောဆယ် သူက စင်ပေါ်ကလို့ ပြော လို့ရတဲ့ အနေအထားကိုး။ ဟုတ်မှာပေါ့။ ဒါပေမဲလည်း သူလည်း ဘာမှ မဖြစ်နိုင် ဘာမှ ဂရုစိုက်စရာ မလို ဆိုတဲ့ အနေအထားတော့ မဟုတ်ပါဘူး။

စက်တင်ဘာ လကုန်ခါနီးမှာ ဒုသမတ ဦးရှမ်းကြီး ကျိုင်းတုံကို ရောက်လာတယ်။ ရေဘေးကြုံသူတွေကို အ ကူ အညီတွေ လွှဲပြောင်းပေးတယ်။ မိုင်းလား အဖွဲ့လည်း လာတွေ့တယ်။ ဦးရှမ်းကြီးက မိုင်းလားရေဘေး ဒုက် ခသည်တွေအတွက် အထောက်အပံတွေ ပေးသလို မိုင်းလားအဖွဲ့ကလည်း သူတို့နယ်မြေက ပြည် သူတွေ ကို မှတ်ပုံတင် ထုတ်ပေးဖို့ တင်ပြခဲ့တယ်။ ကျတော်အမြင်ကတော့ သူတို့ ကရင်မှာ မှတ်ပုံတင် ထုတ်ပေးနေတယ် ထုတ်ပေးမယ် ဆိုတဲ့ ပုံစံမျိုး လိုလားတယ်လို့ ထင်မိတယ်။ သိပ်မကြာလိုက်ပါဘူး။

အောက်တိုဘာ ဒုတိယ အပတ်ထဲမှာ ကာ/ချုပ် မင်းအောင်လှိုင် ကျိုင်းတုံကို ရောက်လာတယ်။ မိုင်းလား အဖွဲ့တင်မကဘူး ၀ အဖွဲ့က ဒုတိယ ဥကဌ ရှောက်မင်နန်ပါ ဆင်းတွေတယ်။ မြင်မိမှာပါနော်။ ဒုသမတကို ၀ အဖွဲ့က ဘယ်သူမှ သွားမတွေ့ဘူး။ ဦးရှမ်းကြီး ကျိုင်းတုံလာတာကို သူတို့နဲ့ မဆိုင်သလို နေတာ။ ကာချုပ် လည်း လာရော ၀ က ဒုဥကဌကိုယ်တိုင် ဆင်းတွေတယ်။ ပါဝါခြင်း နှိုင်းယှဉ်ကြည့်ရင် ဘယ်လို့ အဖြေထွက် မလည်း။ ၂ လုံးဆရာ ၃ လုံးဆရာတွေ ကျွမ်းပြီးသားပါ။ ကာချုပ်က ၀ ဒုတိယ ဥကဌကိုပြောတယ်။ ၀ အဖွဲ့ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကို ၀င်ရောက်ဖို့ အချိန် တန်ပြီတဲ့။ ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီမှတ်ပုံတင်ပါ။ လာမဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ပါတဲ့။ တိုင်းပြည်တစ်ပြည် အုပ်ချုပ်ရေး နှစ်ဖွဲ့ဆိုတာ မဖြစ်သင့်ဘူးလို့ ဆိုတယ်။ ကျန်သေးတယ်။ တိုင်းပြည် တစ်ပြည် လက်နက်ကိုင် အဖွဲ့ ၂ ခုဆိုလည်း မဖြစ်ရဘူးတဲ့။ တိုင်းပြည်တစ်ပြည်မှာ စစ်တပ် တစ်ခုဘဲ ရှိရမယ်တဲ့။ နယ်ခြားစောင့်တပ်ဖွဲ့ရေးနဲ့ ပတ်သက်ပြီး အတင်းမာဆုံး တုံပြန်ခဲ့တာ ၀ နဲ့ ကိုးကန့်ပါ။ ကရင်၊ ရှမ်း၊ ကချင် အားလုံး အနည်းနဲ့ အများ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းဖွဲ့လိုက်ကြသေးတယ်။ လုံးဝ လက်မခံနိုင်ဆိုတဲ့ ကိုးကန့်ကို စံနမူနာပြ အဖြစ် ၀င်တိုက်လိုက်တယ်။ ၇၂ နာရီအတွင်း ပွဲသိမ်းသွား တယ် လိုလည့်း အစ်ကိုတော် တစ်ယောက်က ဆိုတယ်။ အဲသည်မှာ အဓိက ၄ ချက် မြင်မိတယ်။

ပထမအချက် က ကိုးကန့်က အောက်ခြေလွတ်နေတယ်။ ဘ၀ မေ့သွားတယ်။ စီးပွါးရေး လုံးဝ ဆန်သွားပြီး ပိုက်ဆံရှာဖို့ဘဲ လုပ်နေတယ်။ တပ်ထူထောင်ရေး၊ အင်အားဖြည့်ရေး၊ တိုက်ပွဲဝင်စိတ် ကိန်းဝပ်နေရေး ဘာမှ လုပ်မထားဘူး။ ကိုးကန့်စစ်သားဆိုတာ နိုက်ကလပ်နဲ့ ကက်စီနို စောင့်ဖို့ အတွက်သာသာ ဖြစ်လာခဲ့တယ်။

ဒုတိယ အချက် က မြန်မာစစ်တပ်က ကိုးကန့်တစ်ခွင် တောင်ဖက် ချင်းရွှေဟော်ကနေ မြောက်ဖက် ကုန်းကြမ်းအလွန် အစွန်းအဖျားအထိ အချက်အခြာနေရာတိုင်းမှာ တပ်စွဲပီးသား ဖြစ်နေတယ်။ ခြေ လျင် တပ်ချည်းဘဲ မဟုတ်ဘူး။ လောက်ကိုင်မှာ အမြောက်တပ် အထိုင်ချပြီးသား။ မြို့ပြင်ကနေ မြို့ထဲကို ချိန်ထားပြီးသား။ အဲသည် အမြောက်တပ်ကလည်း ဖျံနှစ်ကောင် ငါးလုလို့ ကြားက အမြတ်ထုတ်ခံလိုက် ရတာ။ ရန်မိုးလျံက ဖုန်းကြားရှင်ကို မောင်းထုတ်လိုက်တော့ သူသမက် မိုင်းလားခေါင်းဆောင် စိုင်းလင်း အကူအညီနဲ့ ပြန်တိုက်ပေမဲ့ အခြေအနေက သိပ်မကောင်းဘူး။ အဲသည်မှာ မြန်မာစစ်တပ်ရဲ့ အကူအညီ ယူခဲ့တယ်။ အဲသည်အတွက် အပြန်အလှန်အနေနဲ့ မြန်မာစစ်တပ်ကို ကိုးကန့်နယ်မြေတစ်လွှား တပ်စွဲ ခွင့် ပေးလိုက်ရတယ်။ အမြောက်တပ်တွေလည်း အန္တာရယ်ကြီးမှန်း သိသိကြီးနဲ့ လတ်တလော အာဏာပြန် ရရေးအတွက် ဖုန်ကြားရှင် ခွင့်ပြုခဲ့တယ်။

တတိယ အချက် ကကော ဦးပဲလို့ ခေါ်ကြတယ် အခု ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ခေါင်းဆောင် ပါဘဲ။ ဖုန်ကြားရှင် က ရန်မိုးလျံဆီက အာဏာ ပြန်လုချိန်မှာ ဦးပဲရဲ့ ဘက်ပြောင်းမှုဟာလည်း အခါရာ ကြခဲ့တယ်။ မူလက ဦးပဲက ရန်မိုးလျံဖက်က။ နောက်တော့ ဖုန်ကြားရှင်ဖက် ပြောင်းသွားတယ်။ ဖုန်ကြားရှင် အာဏာ ပြန်ရတော့ သူက ဒုတိယ ဥကဌ ဖြစ်လာတယ်။ အစိုးရက ၀င်သိမ်းတဲ့ အချိန်မှာ ဦးပဲက အစိုးရ ဖက် ပြောင်းသွားပြန်တယ်။ သူရဲ့ တပ်တွေက မခုခံတော့ အစိုးရက အလွယ်တကူဘဲ အနိုင်ရ ခဲ့ တယ် ။ အခုတော့ သူက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ အကြီးအကဲဖြစ်သွားပြီ။

နောက်ဆုံးအချက် ကတော့ ၀ အပါအ၀င် အခြားတိုင်းရင်းသား အဖွဲ့ တွေ နှာစေးနေခဲ့ကြတာပါ။ အစတုန်း ကတော့ လာမထိနဲ့ မီးပွင့်သွားမယ်။ All for one, one for all ဆိုပြီး အော်နေခဲ့ကြတာ။ လက်တွေ့လည်း ကျတော့ ကချင် ရှမ်း ၀ ဘယ်သူမှ တုတ်တုတ်မလှုပ်ရဲဘူး။

အထက်ကစာစုဟာ မငြိမ်းချမ်းတဲ့ ကချင်တွေက လက်ရှိ ငြိမ်းချမ်းနေတယ် ထင်ရတဲ့ ၀ လို အဆင့်အတန်း မျိုးကို ထုတ်မပြောပေမဲ့ တောင့်တနေတယ် ဆိုတဲ့ အဆိုကို တုံ့ပြန်ထားတဲ့ စာစု တစ်ခု ဖြစ်တယ် ... စိတ်ကူး ယဉ် နိုင်ငံရေးသမားတွေ ဖတ်မိစေချင်တယ်

Myanmar Cupid Forum

မောင်ကျောက်ခဲ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: