27.10.2012လွတ်လပ်ရေး ရပြီးတာက နှစ်ပေါင်း ၆၅ နှစ်ကြာခဲ့ပြီ။ ကိုယ့်နိုင်ငံကို ကိုယ့်ဘာသာစီမံမယ်ဆိုတဲ့ ဗိုလ်ချုပ် တို့ ကိုတောင် အပြစ်တင်ရတော့မတတ် ကျွန်တော်တို့ နိုင်ငံ က အရမ်း ကို နောက်ကျရတဲ့ ကြားထဲ မှာ နိုင်ငံ ရဲ့ လမ်းကြောင်း ကို ပုံဖော် မရအောင် အဖျက် အမှောင့်တွေက များလွန်း လှပါတယ်။
အားလုံး ရဲ့ လက်ညှိုးတွေက တပ်မတော်နဲ့ အာဏာထိန်းခဲ့တဲ့ အစိုးရကို ညွှန်ပြနေပေမယ့် ဒီ အခြေအနေ မျိုး မှာ ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်ဆိုတာ မျက်လုံးစုံ မှိတ်ပြီး ငြင်းဖို့ ကလွဲပြီး တစ်ခြားနည်း လမ်း မရှိခဲ့ပါ ဘူး။ နယ်စပ်မျိုးစုံကနေ တိုင်းပြည်ခွဲထွက်ဖို့၊ ကိုယ်ပိုင် လွတ်လပ်ရေး အတွက် တောင်းဆို လွန်းလို့ ဒို့တာဝန် အရေး (၃)ပါးကို ဦးစားပေးဆောင်ရွက်ခဲ့တာကို အားပေးကူညီရင်း တိုင်းပြည် တိုး တက်ေ အာင် ဆောင်ရွက် မယ် ဆိုတဲ့ အသိစိတ်တွေကို မြန်မာပြည်သူတွေအားလုံးကိုပေးဖို့ ပါတီနဲ့ မီဒီယာတွေက မဆောင် ရွက်ခဲ့ တာလဲ အံ့သြစရာ တစ်ခုပါပဲ။
၈ လေးလုံး ဆူပူမှုဖြစ်တယ်။ ဆူပူမှုတွေကို အစပျိုးတဲ့ ၈ လေးလုံးမျိုးဆက်တွေကို ထိန်းသိမ်းပြီး နယ်စပ်ေ တွမှာ တည်ငြိမ်အေးချမ်းဖို့ လုပ်ရတယ်။ တိုင်းပြည် အတွက် အသက် လည်းပေးရသေး၊ အစော်ကားလည်း ခံရသေးမို့ လူတစ်စုနဲ့ တိုင်းပြည် အုပ်ချုပ်ဖို့ ကြံစည်တဲ့ အဖွဲ့တွေကို ပူးပေါင်းဖို့ လက်ကမ်းပြီး လမ်းပြမြေ ပုံ ကို အကောင် အထည်ဖော်ပြန်တော့လဲ လက်တွဲမပါတော့ ဘေးကကြည့်ပါစေဆိုပြီး ထားခဲ့ ရပြန် တယ်။ နာဂစ်ဆိုတဲ့ သဘာဝ ဘေးဒဏ်ကြားထဲက အစိုးရတစ်ဖွဲ့ဖြစ် လာချိန်ကျမှ နှမ်းဖြူး ရင်ေ တာင် ကောက် ညှင်း ချက်တဲ့သူကို ချီးကျူးရမှာ မဟုတ်လား။
အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ ကဏ္ဍ(၃)ရပ်မှာ တပ်မတော် မပါဘဲ တိုင်းပြည် တည်ဆောက်လို့ မရနိုင် ပါဘူး။ အမြော်အမြင် ရှိတဲ့ အစိုးရ၊ ခိုင်မာတောင့် တင်းတဲ့ တပ်မတော်၊ စည်းလုံး ညီညွတ်သြော ပည် သူ ပေါင်း စည်း မှသာ ခေတ်မီ ဖွံဖြိုးတဲ့ နိုင်ငံတစ်နိုင်ငြံ ဖစ်လာ မှာပါ။ အရောင်တူ ကြယ်ဖြူ ၁၄ လုံး ကို နိုင်ငံတော် အလံမှာ အမြဲ မြင်ရ စေဖို့ ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဘယ် အဖွဲ့အစည်း၊ ဘယ်ပါတီ မှ မစွမ်းဆောင်နိုင် ပါဘူး။
တိုင်းပြည်က ခွဲထွက်ချင်တဲ့ တိုက်ပွဲတွေကလည်း အခုထိ မပြီးပြတ်သေးဘူး။ တိုင်းပြည်ကို ကျူးကျော် ချင်တဲ့ နိုင်ငံတွေကလည်း မြေပုံ တစ်ကိုင်ကိုင်နဲ့ အခွင့်သာတာနဲ့ လှမ်းဝင်ဖို့ ပြင်နေ တဲ့ ခြေလှမ်းတွေ လည်း မြ င်နေ ရပြီ။ လွှတ်တော်တွေ အဆင့်ဆင့်နဲ့ အစိုးရသစ်ပုံေ ပ်ါလာပေမယ့် တပ်မတော် ကိစ္စ တပ်မတော် ဘာသာ လုပ်ဆိုပြီး ကာကွယ်ရေး အသုံးစရိတ်တစ်ခု ကိုပဲ မြင်နေတဲ့ ဒို့တာဝန် အရေး(၃) ပါး ကို မေ့ တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ သက်သက်ပဲ ဖြစ်နေသလားလို့တောင် ထင်မိစရာပါပဲ။ ခဏ တာ အပစ်ရပ်၊ အပစ်ရပ်နေတုန်း ငါမသေခင် ငါ့ပါတီ အာဏာရအောင် လုပ်ဖို့ တစ်ခုလောက်ပဲ ခေါင်းထဲ ထည့်ကြေ လေ ရာ့ သလား။
ကချင်မှာ ကေအိုင်အေကြောင့် တပ်ရင်းပေါင်း များစွာ ငြိမ်းချမ်းရေး အတွက် တာဝန် ယူပေး ရတယ်။ ( တပ် မေ တာ် သာ အဲဒီမှာ မရှိရင် ငြိမ်းချမ်းပြီလို့ ခပ်လွယ်လွယ် ယူဆချက်နဲ့ ကချင် ထိုးစစ်ရပ် ဖို့ကို ရန်ကုန် မှာ လှုပ် ရှား ခဲ့ကြ တယ်။ ထောက်ခံခြင်း မရှိ၊ ကန့်ကွက်ခြင်း မရှိ၊ ပါတီများ၊ မီဒီယာများ ကြားနေခဲ့ကြတယ်။)
ရှမ်းပြည်နယ်မှာ ကမ္ဘာကျော် ဘိန်းဘုရင်တွေနဲ့ တပ်မတော်က တိုက်ပွဲ ၀င်နေရတယ်၊ ( ဘယ်ပါတီ၊ ဘယ် မီဒီယာ မှ ထောက်ခံခြင်းမရှိ၊ ကန့်ကွက်ခြင်းမရှိ။ တပ်မတော် သူ့အလုပ်သူလုပ် ဘယ်သူမှ ဆန္ဒပြ ရန်၊ လမ်းပေါ် ထွက်ရန်မရှိ။)
ဝ ဒေသမှာ အင်အား ၅ သောင်းခန့်ရှိတဲ့ ၀ တပ်မတော်ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကလေး ၁၅၀၀ ကို စာသင်မယ် အကြောင်းပြချက်နဲ့ စုပြီးခေါ်သွားတယ်။ (ဘယ်ပါတီ အကျိုးမှလဲ မထိခိုက်၊ ဘယ်မီဒီယာမှလဲ အလုပ်ရှုပ်ခံပြီး မရေး၊ လုပ်ချင်တာကိုလုပ် ရန်ကုန် မရောက်ပြီးရော ဆိုပြီး ဘယ်သူမှ လမ်းပေါ်ကို မထွက်ကြ ။)
ကရင်ပြည်နယ်မှာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်လို့ ဒေသဖွံဖြိုးရေးတွေ လုပ်နိုင်ပြီ။ နယ်စပ်ေ ဒသ တွေ မှာရှိတဲ့ လက်ကျန်သောင်းကျန်းသူတွေ နှိမ်နှင်းရင်း နယ်နိမိတ်ကို တပ်မတော်သားတွေ ကာကွယ်ေ စာင့် ရှောက်နေရတယ်။( အစိုးရကို ဝေဖန်ပြစ်တင်နိုင်မယ့် ဒုက္ခသည်စခန်းလောက်သာ မီဒီယာေ တွ က ဖော်ထုတ်ကြ တယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့ အစည်း ကမှ ဒီအရေးနဲ့ ပတ်သက်လို့ အသံမ ထွက်။ ကရင်ပြည်နယ် ငြိမ်းချမ်းရေး အလုပ်သည် အစိုးရနဲ့ နယ်ခြားစောင့်တပ် အလုပ်၊ ပါတီဆိုင်း ဘုတ်ေ ထာင်ဖို့သာ ငါတို့ အလုပ်ဆိုပြီး နေကြတယ်။ မြို့ပေါ်မှာ အေးချမ်းတော့ ဘယ်ပြည်သူမှ လမ်းပေါ် မထွက်ကြ ။ ခေါင်းစဉ် မကောင်းတော့ ဘယ်အဖွဲ့အစည်းမှ ခေါင်းမထောင်ကြ။)
ရခိုင်ပြည်နယ်မှာ ဘင်္ဂလီ အရေးကြောင့် မငြိမ်းချမ်းနိုင်တော့ တပ်မတော်က တပ်ရင်းပေါင်း ၄၀ ကျော် လုံခြုံေ ရး ယူပေး နေ ရတယ်။ ရခိုင်ပြည်သူတွေ ကိုယ့်လက်နက်ကိုယ်ဆွဲ ကာကွယ်နေရတယ်။ ဘင်္ဂလီ အ တွက် တစ်ကမ္ဘာ လုံးက ၀ါဒဖြန့်မှုတွေနဲ့ အစိုးရကို ဖိအားပေးနေကြတယ်။( အစိုးရက ဇာဂနာတို့ပါတဲ့ အဖွဲ့ တစ်ဖွဲ့ လွှတ်တယ်၊ မီဒီယာတွေက သတင်းမဟုတ်တဲ့ သတင်းတွေ ကိုဖော်ပြယုံနဲ့ ပါဝင် ကူညီကြ တယ်။ ပါတီတွေ၊ အဖွဲ့အစည်းတွေက ဖြစ်ကတတ်ဆန်း ကြေညာချက်တွေ ထုတ်တယ်။ အမျိုးဘာသာ သာ သ နာ ထိပါး တာတောင်မှ အေးချမ်းစေဖို့ ဆုတောင်းပွဲ လုပ်ဖို့ ဘယ်သူမှ သတိမရကြ၊ ရန်ပုံငွေ ထိခို က်နို င် တာေ ကြာင့် ဘယ်ပါတီမှ ခေါင်းမဆောင်ရဲကြ။ ရခိုင် မဟုတ်တဲ့ ပြည်သူတွေက လမ်းပေါ် မထွက်ကြ။ )
သစ်သားတံတားချိုးတဲ့ ခေတ်ကနေ သံဘောင် ကွန်ကရစ် ဖျက်ဆီးတဲ့ ပြည်တွင်းသောင်း ကျန်းမှုတွေကို အ ပစ် ရပ် ဆိုယုံနဲ့ ပြီးသွားဖို့ ဆွေးနွေးနေ ကြတယ်။ ရခိုင် တစ်နေရာမှာ တရားဝင်မြေ တစ်ကွက်နဲ့ တစ်ြ ပည် လုံး ကို ကူးစက် လာ နိုင်တဲ့ အမျိုးသားရေး ကိုလည်း ခေါင်းရှောင်နေကြတယ်။ ကျွန် မဖြစ်သေးပေ မယ့် ဒီခောတ် မှာ လူလာဖြစ်တဲ့နောက်တော့ ကိုမြအေးပြောသလို တပ်မတော် အင်အားရှိမှ တိုင်းပြည်အင် အား ရှိတာ ကို လက်မခံဘူးဆိုတဲ့ စကားထောက်ခံပြီး တပ်မတော် အကျိုးယုတ်မှ တိုင်းပြည် အမျိုးပြုတ် မယ် ဆို တာေ လးပဲ ဖြည့်ပြောချင်ေ တာ့တယ်ဗျာ။
OppositEyE
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။