Pages

Thursday, October 25, 2012

ပူတာအို ရိက္ခာပြတ်လပ် မှု ပြဿနာ လွှတ်တော်တွင် ဆွေးနွေး

ဒီနေ့ ကျင်းပနေတဲ့ ပြည်သူ့  လွှတ်တော် အစည်းအဝေးမှာ ကချင်ပြည်နယ် ပူတာအိုမြို့ ရိက္ခာ ပြတ်လပ်တဲ့ အကြောင်း ဆွေးနွေးခဲ့ပါတယ်။
ကချင် ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ပြဿနာကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က အရေးပေါ်အဆိုဖြစ် တင်သွင်း ခဲ့တာလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ပြည်သူ့ လွှတ်တော် အမတ်  ဦးစိုးဝင်းက ပြောပါတယ်။
“ဦးသိန်းဇော်က လက်ရှိ ပူတာအိုခရိုင်မှာ လူဦးရေနဲ့ လူတွေအတွက် အခုက လမ်းပန်း ဆက်သွယ်ရေး သွားလို့ မရတဲ့အတွက် စားဝတ်နေရေး အတော် အဆင်မပြေ ဖြစ်နေတယ်။ ဆန်ဆိုရင် ဆန်တပြည်ကို ၄ ထောင်လောက်ထိ တောင် ဖြစ်သွားတယ်။ အဲဒေသကို ကောင်းမွန်ဖို့၊ အားဖြည့်ဖို့ နိုင်ငံတော်က တည်ဆောက်ပေး ဖို့၊ အရေးပေါ်လိုအပ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်း တံတားတွေ ပြန်လုပ်ပေးဖို့။ အခုက တံတားတွေ အချိုးခံထား ရတယ်လေ။ ပူတာအိုနေရာက လုံးဝကို ကားလမ်းက သွားလို့မရတော့ လေယာဉ်နဲ့ပဲသွားလို့ရတယ်။ ဒါတွေကို ပြန်လုပ်ပေး ဖို့ပေါ့။”

ကချင်ပြည်နယ် ပူတာအိုမှာ ရာသီဥတုဘေးနဲ့ ပြည်တွင်း စစ်ပွဲတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ပြင်ပက စားနပ်ရိက္ခာတွေ တင်ပို့လို့ မရဘဲ  ဒေသခံတွေဟာ လအတန်ကြာကတည်းက ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ တာ ဖြစ်ပါတယ်။

မြစ်ကြီးနား မြို့နယ် ပြည်သူ့လွှတ် တော်အမတ် ဦးသိန်းဇော်ရဲ့ အရေးပေါ် အဆိုကို ပြည်သူ့ လွှတ်တော်မှာ မှတ်တမ်းတင် ထားပြီး ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေး ရဖို့ကိုလည်း ပူတာအိုမြို့နယ် လွှတ်တော်အမတ်က အဆိုတင်သွင်း သွားတာကို  ပြည်ထဲရေးက ဒု-၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြန်လည် ဖြေကြား ခဲ့တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

DVB

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ပူတာအို ရိက္ခာပြတ်လပ် မှု ပြဿနာ လွှတ်တော်တွင် ဆွေးနွေး

Labels:

ဒီနေ့ ကျင်းပနေတဲ့ ပြည်သူ့  လွှတ်တော် အစည်းအဝေးမှာ ကချင်ပြည်နယ် ပူတာအိုမြို့ ရိက္ခာ ပြတ်လပ်တဲ့ အကြောင်း ဆွေးနွေးခဲ့ပါတယ်။
ကချင် ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ပြဿနာကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က အရေးပေါ်အဆိုဖြစ် တင်သွင်း ခဲ့တာလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ပြည်သူ့ လွှတ်တော် အမတ်  ဦးစိုးဝင်းက ပြောပါတယ်။
“ဦးသိန်းဇော်က လက်ရှိ ပူတာအိုခရိုင်မှာ လူဦးရေနဲ့ လူတွေအတွက် အခုက လမ်းပန်း ဆက်သွယ်ရေး သွားလို့ မရတဲ့အတွက် စားဝတ်နေရေး အတော် အဆင်မပြေ ဖြစ်နေတယ်။ ဆန်ဆိုရင် ဆန်တပြည်ကို ၄ ထောင်လောက်ထိ တောင် ဖြစ်သွားတယ်။ အဲဒေသကို ကောင်းမွန်ဖို့၊ အားဖြည့်ဖို့ နိုင်ငံတော်က တည်ဆောက်ပေး ဖို့၊ အရေးပေါ်လိုအပ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်း တံတားတွေ ပြန်လုပ်ပေးဖို့။ အခုက တံတားတွေ အချိုးခံထား ရတယ်လေ။ ပူတာအိုနေရာက လုံးဝကို ကားလမ်းက သွားလို့မရတော့ လေယာဉ်နဲ့ပဲသွားလို့ရတယ်။ ဒါတွေကို ပြန်လုပ်ပေး ဖို့ပေါ့။”

ကချင်ပြည်နယ် ပူတာအိုမှာ ရာသီဥတုဘေးနဲ့ ပြည်တွင်း စစ်ပွဲတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ပြင်ပက စားနပ်ရိက္ခာတွေ တင်ပို့လို့ မရဘဲ  ဒေသခံတွေဟာ လအတန်ကြာကတည်းက ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ တာ ဖြစ်ပါတယ်။

မြစ်ကြီးနား မြို့နယ် ပြည်သူ့လွှတ် တော်အမတ် ဦးသိန်းဇော်ရဲ့ အရေးပေါ် အဆိုကို ပြည်သူ့ လွှတ်တော်မှာ မှတ်တမ်းတင် ထားပြီး ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေး ရဖို့ကိုလည်း ပူတာအိုမြို့နယ် လွှတ်တော်အမတ်က အဆိုတင်သွင်း သွားတာကို  ပြည်ထဲရေးက ဒု-၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြန်လည် ဖြေကြား ခဲ့တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

DVB
0 comments: