၂၀၁၃ခုနှစ် နွေရာသီကာလ တွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်မှ လျှပ်စစ်မီးလုံ လောက်စွာ ရရှိနိုင်ရန် အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှအလုံ၊ လှော်ကားနှင့် သာ ကေတမြို့နယ် သုံးမြို့နယ်တွင် Power Generation System များ ထားရှိသွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ၂၀၁၂ နွေရာသီ ကာလတွင် စက်မှုဇုန်များ အား အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေး ခဲ့ပြီး စက်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် အနည်းငယ်နှောင့် နှေးခဲ့ခြင်း ကြောင့် ထိုကဲ့သို့ ထပ် မံမဖြစ်စေရန် အတွက် အခုလို ပြု လုပ်သွာခြင်းဖြစ်ကြောင်းကို ရန် ကုန်တိုင်းဒေသကြီးစက်မှု၊လက်မှု နှင့်လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဉာဏ်ထွန်းဦး ၏ ပြောကြားချက်အရ သိရသည်။ ၎င်းအပြင်ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း ရေရှည်စီမံကိန်းအ အနေဖြင့် 500 MGW မဂ္ဂါဝပ် (၃)လုံးထားရှိသွားရန် စီစဉ်လျက်ရှိပြီး ပြည်တွင်းတွင် အဓိကထား အသုံးပြုနေရသည့် ရေအားလျှပ် စစ်အပြင် ကျောက်မီးသွေး မှနေ ပြီး လျှပ်စစ်စွမ်းအားထုတ်လုပ်အ သုံးပြုနိုင်ရန်အတွက်ကိုလည်း ၀န် ကြီးဌာနအနေဖြင့် ပြုလုပ်လျက် ရှိကြောင်းသိရသည်။ ထိုသို့ ကျောက်မီးသွေးမှ လျှပ်စစ်စွမ်း အား ထုတ်ယူရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် Cool Technology ကိုအသုံးပြု ပြီး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
The Hot News
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။