၈၈၈၈အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့၍ အရေးယူခြင်း ခံခဲ့ရသူများသည် မည်သည့်ကိစ္စကို ဦး စားပေး ဆောင်ရွက်ခဲ့ကြပါသနည်း?
လူ့အခွင့်အရေး အတွက်လော၊ ရိုဟင်ဂျာအရေးအတွက်လော?
သို့သော်လည်း အပြစ်ရှိ၍ တရားရုံးမှ အပြစ်ပေးခံထား ရသူများ သည် လွတ်ငြိမ်းခွင့် ရခဲ့ပါပြီ။ သို့သော် မီးစမှာ ငြိမ်းသွား ရမည့်အစား ပို၍ပင် စည်ပင် လာ နေပါသည်။ အဘယ်ကြောင့်ပါနည်း?
နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် NLD ပါတီ မှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာ လူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခင်ကပင် ရှိနေပြီးကြောင်း၊ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ပင် ရှိခဲ့ကြောင်း ပြောနေဆဲပါ။
သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေ ပါ သ နည်း?
ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း?
ရခိုင်ပြည်နယ်တွင် အထက်ပိုင်းစီးပွားရေးသမား မွတ်ဆလင်တို့ စန်းပွင့်နေ ဆဲဖြစ် သည်။ ပြည်သူ့ ကိုယ် စား လှယ် ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာ အရေး တိုက်ပွဲဝင်နေဆဲဖြစ်သည်။ ရခိုင်တို့အနေဖြင့် ဘင်္ဂါလီ မွတ်ဆလင်တို့နှင့် ကာလတာရှည်နေထိုင်ခဲ့ ဖူးကြပြီ။ ရိုဟင်ဂျာလူမျိုးသည် ရခိုင် ပြည်နယ်တွင် ယခင်က လည်း မရှိခဲ့။ ယခုမှ ရှိသည်ဆိုလျှင်လည်း လက်ခံမည်မဟုတ်။ မြန်မာနိုင်ငံသားတွင် လူမျိုးများအကြားတွင် လက်မခံနိုင် သော (ယင်းအမည်နှင့် လူမျိုးတစ်ခု မရှိခဲ့ဖူးသော)လူမျိုးအကြောင်း ထိုလူမျိုးများ၏ အရေးတို့ ကိုဆောင် ရွက် နေသူသည်ပင် ယခုဖြစ်ပျက်နေသော အရေးတို့ကို လှုံ့ဆော်သူ၊ သွေးထိုးသူ များ ဖြစ်ပါ သည်။ နောက်ကွယ်မှကြိုးကိုင် ခြယ်လှယ်နေသူများ ဖြစ်ပါသည်။ ပြည်ပရောက် ရိုဟင်ဂျာ ဆရာကြီး များ သည် လည်းကောင်း၊ ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများနှင့် အခါတော်ပေး စီးပွားရေး သမား များ သည် လည်းကောင်း၊ ယခုဖြစ်ပျက်နေသော သေကျေ၊ ဒဏ်ရာရ အိုးအိမ် မဲ့စာရင်းများတွင် ပါဝင် ကြမည် မဟုတ်ပါ။
သူတို့သည် ရူးသွပ်သော အိပ်မက်တစ်ခုကို အသက်ပေါင်းများစွာ စတေးပြီး အကောင်အထည် ပေါ်အောင် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ သူတို့သည် လူ့အခွင့်အရေး နှင့် ဘာသာရေးကို အကြောင်းပြပြီး ကိုယ် ကျိုးအမြတ် ထုတ်ကြပါမည်။ ယခုလည်းထုတ်နေ၊ ရနေ၊ ခံစားနေကြပါပြီ။ တရားခံဟူသည် တရားခွင် ထဲ မှာပင် ရှိနေပါသည်။ ယခုရခိုင်ပြည်နယ် အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်နေသော လူမျိုးရေး သတ် မှတ်ခြင်း ကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြား သားစသော ကိစ္စတို့သည် အချုပ်အခြာ အာဏာ ပိုင် နိုင်ငံ တစ်နိုင် ငံစီ၏ သီးခြားလွတ်လပ်သော ကိစ္စဟုဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော် အစိုးရမှ ကိုင် တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု ထင်မြင်ပါသည်။
ယခုတည်မြဲနေပြီးဖြစ်သော အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော် တို့သည် နိုင်ငံသား၊ နိုင်ငံခြား သားဖြစ် မှုကိစ္စ ကို တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပါသည်။ ထိုဥပဒေ ပြတ်သားလျှင် ရိုဟင်ဂျာ အရေးကို ပြတ်သားစွာ ဆုံးဖြတ်လာနိုင်ပါလိမ့်မည်။ ထိုအခါ ရခိုင်ပြည်နယ်အရေး သည် သူ့ သဘောသူဆောင်သော အဆင့်သို့ ရောက်သွားပါလိမ့်မည်။ ရခိုင်ပြည်နယ်တွင် ယခင်ကာလရှည်ကြာ အ တူနေထိုင်ခဲ့ကြသော လူမျိုးတို့အကြား ယခုလို အမုန်းတရား ပေါများလာစေခဲ့သည့် နောက်ကွယ်မှ တ ရားခံကိုပါ ဖော်ထုတ်ပြလာနိုင်ခဲ့ပါ မူကား အတူယှဉ်တွဲ နေထိုင်နိုင်ရေးသည်ပင် မဖြစ်နိုင်စရာမရှိပေ။ ယ ခု ကား အပြစ်မဲ့ရန်ငြိုးမဲ့ လူသားတစ်ဦး ကိုတိရစ္ဆာန်တစ်ကောင်ပမာလည်လှီး သတ်ခဲ့ပြီ။ အိုးအိမ် များ စွာ တို့ ပြာပုံ ဘ၀ရောက်ခဲ့ကြပြီ။ အိမ်မဲ့ယာမဲ့ ဘ၀ရောက်ခဲ့သူများသည် ရိုဟင်ဂျာဆိုတာ ဘာလဲဟုမေး လျှင် ဖြေနိုင်မည့်၊ ဖြေတတ်မည့်သူများ မဟုတ်မှာတော့ သေချာသည်။ သို့သော်လည်း သူတို့မှာပါ ဒဏ်ရာ ကရှိနေပြီ။ ဤဒဏ်ရာတို့သည် နှစ်ဦးနှစ်ဖက်ရရှိ သွားကြသည့် ဒဏ်ရာများဖြစ်သည်။ ဤဒဏ်ရာ ဒဏ်ချက် တို့ကို လူ့အခွင့်အရေးဆေး၊ ဘာသာရေး လွတ်လပ်ခွင့်ဆေးများ တိုက်ကျွေးရုံဖြင့် ကောင်း ပျောက်မည် မ ထင် ပါ။ ရောဂါ၏ အကြောင်းရင်းသည် လူသားမျိုးနွယ် အမည်သစ် ဖန်တီးလိုသည့် စိတ်ဝေဒနာသည် ပညာ တတ်လူတစ်စု တို့၏ သွေးထိုး မြှောက်ပင့်မှုများကြောင့်သာ ဖြစ်ရသည်ဟု ယူဆမိပါသည်။
ဦးကျော်ငြိမ်း
Myanmar Express
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။