Pages

Friday, October 26, 2012

ကလေး ဒေသတွင် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့က စုံစမ်း ဖော်ထုတ်ချက်အရ ဘင်္ဂါလီ နှင့် ခိုးသွင်းသူစုစုပေါင်း (၄၃) ဦး အား ယခုလပိုင်း ရက်ဆက် ဖမ်းဆီးရ မိ

26.10.2012

ကလေးဒေသ တွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂါလီများ ယခုလပိုင်း ရက်ဆက်ဖမ်းဆီး ရမိလျက် ရှိရာ ဦးရေ(၃၀)ကျော် နေပြီဖြစ်ပြီး ဒေသခံ တို့၏ ပြောစ ကားအရ ကလေးဒေသအတွင်း သွားလာနေသော ဘင်္ဂါလီ အရေအတွက်မှာ ရာဂဏန်း၊ထောင်ဂဏန်းအထိပင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ဖမ်းဆီးရမိသော ဘင်္ဂါလီများမှာ ဒေသခံတို့မှ ၀ိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံ သူ များဖြစ်ကြောင်း သိရသည်။

““ဘုန်းကြီးတို့က ဒေသအာဏာပိုင်အဖွဲ့အစည်းတွေကိုကူညီပြီး တစ်ဖက်က ခိုးဝင်လာသူ တွေကို ဖမ်းဆီး၊ သတင်းပေးဆိုတာမျိုးလုပ်ပေးနေတာပါ။ အခု ဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်လာသူအား လုံးဒေသ ခံတွေ တာဝန် သိစွာ ဖမ်း ဆီးပြီး သက်ဆိုင်ရာကို အပ်နှံခဲ့ တာဖြစ်ပါတယ်။ သက်ဆိုင်ရာ တွေ အနေ နဲ့လည်း နယ်စပ် ဖြတ် ကျော် မှု၊ တရားမ၀င်၊ ၀င်ရောက်လာမှုကို ဟန့်တားဖမ်းဆီးနိုင်ဖို့ အစီအ မံ တွေ ဆောင် ရွက် သင့်ပါတယ်။ အခုဆိုရင် နယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကလေး မြို့ပေါ် ဈေးထဲအထိရောက်လာပါပြီ။ အချိန်မီဆောင်ရွက် မှုအားနည်း ရင် ပြည်သူ လူထုကြားမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ် ပေါ်လာ နိုင်ပါ တယ်။ ဘုန်းကြီး တို့ကတော့ ကလေး၊ တမူး၊ ချင်း တောင်ဒေသမှာ တာဝန်ယူပြီး ပို့ လွှတ်နေတဲ့ ပွဲစား ရှိနေနိုင်တယ်လို့ ယူဆတယ်။ နောက်တစ်ခု က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ကြည့်လိုက်ရင် အ၀တ် တစ် ထည်ကိုယ် တစ်ခုနှင့်လာတာ၊ လမ်းစရိတ်၊ ခရီးစရိတ်၊ ဘာမှမပါဘူး။ လမ်းမှာ သူ့အဆက်နှင့်သူ ထုတ် ယူပြီး ခရီးဆက်မယ်လို့ ဘုန်းကြီးတို့က ယူဆတယ်။ အဲဒီအဆက်တွေ၊ လူပွဲစားတွေကို ဘုန်းကြီး တို့က ဖော်ထုတ်ပြီး ဥပဒေ အကြောင်းအရ အရေးယူနိုင်အောင် ဆောင်ရွက်နေတာပါ””
ဟု အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေး နာယက ဆရာတော် ဦးဓမ်္မိကက မိန့်ကြားပါသည်။

ကလေးမြို့တွင် အောက်တိုဘာလ (၁၄)ရက်က သာယာကုန်း ရွာအနီး ဘင်္ဂါလီ (၁၆)ယောက် ဖမ်းဆီး ရရှိပြီးသည့်နောက် ယခု အောက်တိုဘာလ (၂၀)ရက် ညနေပိုင်းတွင် ကလေးမြို့၊ မြို့မဈေးအရှေ့ ဖက်ဗလီကျောင်းရှေ့တွင် ခိုးဝင်လာသော ဘင်္ဂါလီ(၁)ယောက် ကို ဒေသခံတို့က ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို အပ်နှံနိုင်ခဲ့ ကြောင်းသိရသည်။ ယခုဖမ်းဆီး ရရှိခဲ့သော ဘင်္ဂါလီမှာ ဘင်္ဂါလီ အမျိုး သ မီး ဖြစ်သည်။ သက်ဆိုင်ရာမှ တရားဝင်ထုတ် ပြန်သော သတင်းများ အရ ကလေးဒေသ တွင် (၂၀၁၂) ခုနှစ် အတွင်း ဖမ်းဆီး အရေးယူခဲ့ရသော ဘင်္ဂါလီဦးရေ (၃၇)ယောက်နှင့် လမ်းပြ(၆)ဦး ရှိကြောင်း သိရသည်။

The Hot News

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကလေး ဒေသတွင် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့က စုံစမ်း ဖော်ထုတ်ချက်အရ ဘင်္ဂါလီ နှင့် ခိုးသွင်းသူစုစုပေါင်း (၄၃) ဦး အား ယခုလပိုင်း ရက်ဆက် ဖမ်းဆီးရ မိ

Labels:

26.10.2012

ကလေးဒေသ တွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂါလီများ ယခုလပိုင်း ရက်ဆက်ဖမ်းဆီး ရမိလျက် ရှိရာ ဦးရေ(၃၀)ကျော် နေပြီဖြစ်ပြီး ဒေသခံ တို့၏ ပြောစ ကားအရ ကလေးဒေသအတွင်း သွားလာနေသော ဘင်္ဂါလီ အရေအတွက်မှာ ရာဂဏန်း၊ထောင်ဂဏန်းအထိပင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ဖမ်းဆီးရမိသော ဘင်္ဂါလီများမှာ ဒေသခံတို့မှ ၀ိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံ သူ များဖြစ်ကြောင်း သိရသည်။

““ဘုန်းကြီးတို့က ဒေသအာဏာပိုင်အဖွဲ့အစည်းတွေကိုကူညီပြီး တစ်ဖက်က ခိုးဝင်လာသူ တွေကို ဖမ်းဆီး၊ သတင်းပေးဆိုတာမျိုးလုပ်ပေးနေတာပါ။ အခု ဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်လာသူအား လုံးဒေသ ခံတွေ တာဝန် သိစွာ ဖမ်း ဆီးပြီး သက်ဆိုင်ရာကို အပ်နှံခဲ့ တာဖြစ်ပါတယ်။ သက်ဆိုင်ရာ တွေ အနေ နဲ့လည်း နယ်စပ် ဖြတ် ကျော် မှု၊ တရားမ၀င်၊ ၀င်ရောက်လာမှုကို ဟန့်တားဖမ်းဆီးနိုင်ဖို့ အစီအ မံ တွေ ဆောင် ရွက် သင့်ပါတယ်။ အခုဆိုရင် နယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကလေး မြို့ပေါ် ဈေးထဲအထိရောက်လာပါပြီ။ အချိန်မီဆောင်ရွက် မှုအားနည်း ရင် ပြည်သူ လူထုကြားမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ် ပေါ်လာ နိုင်ပါ တယ်။ ဘုန်းကြီး တို့ကတော့ ကလေး၊ တမူး၊ ချင်း တောင်ဒေသမှာ တာဝန်ယူပြီး ပို့ လွှတ်နေတဲ့ ပွဲစား ရှိနေနိုင်တယ်လို့ ယူဆတယ်။ နောက်တစ်ခု က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ကြည့်လိုက်ရင် အ၀တ် တစ် ထည်ကိုယ် တစ်ခုနှင့်လာတာ၊ လမ်းစရိတ်၊ ခရီးစရိတ်၊ ဘာမှမပါဘူး။ လမ်းမှာ သူ့အဆက်နှင့်သူ ထုတ် ယူပြီး ခရီးဆက်မယ်လို့ ဘုန်းကြီးတို့က ယူဆတယ်။ အဲဒီအဆက်တွေ၊ လူပွဲစားတွေကို ဘုန်းကြီး တို့က ဖော်ထုတ်ပြီး ဥပဒေ အကြောင်းအရ အရေးယူနိုင်အောင် ဆောင်ရွက်နေတာပါ””
ဟု အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေး နာယက ဆရာတော် ဦးဓမ်္မိကက မိန့်ကြားပါသည်။

ကလေးမြို့တွင် အောက်တိုဘာလ (၁၄)ရက်က သာယာကုန်း ရွာအနီး ဘင်္ဂါလီ (၁၆)ယောက် ဖမ်းဆီး ရရှိပြီးသည့်နောက် ယခု အောက်တိုဘာလ (၂၀)ရက် ညနေပိုင်းတွင် ကလေးမြို့၊ မြို့မဈေးအရှေ့ ဖက်ဗလီကျောင်းရှေ့တွင် ခိုးဝင်လာသော ဘင်္ဂါလီ(၁)ယောက် ကို ဒေသခံတို့က ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို အပ်နှံနိုင်ခဲ့ ကြောင်းသိရသည်။ ယခုဖမ်းဆီး ရရှိခဲ့သော ဘင်္ဂါလီမှာ ဘင်္ဂါလီ အမျိုး သ မီး ဖြစ်သည်။ သက်ဆိုင်ရာမှ တရားဝင်ထုတ် ပြန်သော သတင်းများ အရ ကလေးဒေသ တွင် (၂၀၁၂) ခုနှစ် အတွင်း ဖမ်းဆီး အရေးယူခဲ့ရသော ဘင်္ဂါလီဦးရေ (၃၇)ယောက်နှင့် လမ်းပြ(၆)ဦး ရှိကြောင်း သိရသည်။

The Hot News

0 comments: