Pages

Thursday, October 25, 2012

၈၈၈၈ အရေးတော်ပုံ ၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သတ်ခဲ့ပုံ အကျဉ်းချုပ် .....

(၁) ၂-၄-၈၈ ။     ။ ၁၉၈၈ခုနှစ် မတ်လ က လေဖြတ်သွားခဲ့ သော နေထိုင်မကောင်းသည့် မိခင်ကြီး အားပြုစု ရန် ဒေါ်အောင်ဆန်းစုကြည် မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိ။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ခုနှစ် မိခင်ကြီး အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာ သံ အမတ်ကြီး အဖြစ် ခန့် အပ် ခံ ရစဉ် မှစတင်ကာမြန်မာ နိုင်ငံ မှထွက်ခွာသွား ခဲ့ပြီး ၂၇ နှစ် အတွင်း မြန်မာပြည်သို့ ခေတ္တ ၈ ကြိမ် ပြန်လာခဲ့ ပြီး နိုင်ငံ သားအဖြစ်ဆက်လက် ရပ်တည်နေ။၎င်း ၂၇ နှစ်အတွင်း ၁၉၈၆ ခုနှစ် အာဇာ နည်နေ့ တွင် တကြိမ် အာဇာနည်ဗိမ္မာန်ရှိ ဖခင်ကြီး၏ အုတ်ဂူတွင် လွမ်းသူ့ ပန်းခွေ ချကန်တော့ ခဲ့။

(၂) ၂၀-၈-၈၈ ။    ။ ဒေါ်ခင်ကြည် အစား အရေးပေါ် လိုအပ်နေသော လူထုခေါင်းဆောင် နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး အတွက် ကြည့်မြင်တိုင် ဗိုလ်သူရလမ်း ရှိနေအိမ် တအိမ် တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့နေများ၊ ဆရာ ဦး ၀င်းတင် ၊ ဆရာ မောင်သော်က အပါအ၀င် စာပေပညာရှင်များ နိုင်ငံရေး သမားကြီးများ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ ဒေသပါတီကော်မတီ မှ ဦးသက်ခိုင်( ဗကပ မြေအောက်ကွန်ယက် ခေါင်းဆာင်များ ) တွေ့ဆုံဆွေးနွေး။

(၃) ၂၄-၈-၈၈ ။    ။ ရန်ကုန်ဆေးရုံကြီး သပိတ်စခန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် စတင်တရားဟော။ ၂၆-၈-၈၈ တွင် သိမ်ဖြူကွင်း၌ ဒေါ်အောင်အောင်ဆန်းစုကြည် လူထု အား တရားပွဲ ကျင်းပမည်ဖြစ်ကြောင်း ပိုစတာများ နေရာအနှံ ကပ်ထား။

(၄) ၂၆-၈-၈၈ ။    ။ ရွှေတိဂုံ ဘုရား အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် တရားပွဲ ကျင်းပ။ မြန်မာစကားပင် ပီသစွာပြောနိုင်ခြင်းမရှိကြောင်း ဝေဖန်ချက်များထွက်ပေါ်။ ( သိမ်ဖြူကွင်း၌ ကျင်းပမည့် တရားပွဲ အစားကျင်းပခြင်းဖြစ် )

(၅) ၄-၉-၈၈ ။    ။အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ကော်မတီ မှ အာရှပစိံဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ မစ္စတာ စတီဗင်ဂျေဆိုလာ့ဇ် ရန်ကုန်မြို့သို့ တစ်ရက်တာရောက်ရှိ။ ဦးအောင်ကြီး၊ ဦးနု၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နှင့်ကျောင်းသားခေါင်းဆောင် များအားတွေ့ဆုံ၍ ကြားဖြတ်အစိုးရဖွဲ့ စည်းရေး တောင်းဆိုရန် အကြံပြု ပြောကြားသွား။

(၆) ၁-၉-၈၈ ။    ။ မြန်မာ့ ပင်လယ်ရေပြင် ရန်ကုန်မြို့တောင်ဘက်ရေ မိုင် ၁၉၀ အကွာ မြောက် လတ္တီတွဒ် ၁၄.၅၇ံ နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆.၃၃ံ ဆုံရာတွင် အမေရိကန်ရေတပ် လေယဉ်တင် သင်္ဘော အုပ်စုရောက်ရှိ ၊ ကမ်းတက်ယာဉ်များ ချ၍ စစ်ရေးလေ့ ကျင့်နေမှု အား မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းပိုင် အင်းဝ သင်္ဘော မှတွေ့ ရှိ မှတ်တမ်းတင် ဗွီဒီယို ရုပ်သံ ရိုက်ကူးလာခဲ့။

(၇) ၁၃-၉-၈၈ ။    ။ ဆေး(၁) တွင် ဦးနု၊ ဦးတင်ဦး၊ ဦးအောင်ကြီး ၊ ဗိုလ်မှုးအောင် ၊ ဒေါ်အောင်ဆန်းစုကြည်  တို့တွေ့ ဆုံ ပြီး ကြားဖြတ်အစိုးရ ဖွဲ့ စည်းနိုင်ရေး ဆွေးနွေး၊ ဆုံးဖြတ်ချက်မကျ။

(၈) ၂၃-၉-၈၈ ။    ။ ဦးအောင်ကြီး၊ ဦးတင်ဦး ၊ ဓေါ်အောင်ဆန်းစုကြည် ထံ လိပ်မူထားသော KNU ဗိုလ်ချုပ် စောဘိုမြ ထံမှ စာတစောင်ပေးပို့။

(၉) ၂၇-၉-၈၈ ။    ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီမှတ်ပုံတင်ကျ။

(၁၀) ၂၅-၁၁-၈၈ ။    ။ NLD ပါတီကွန်မြူ နစ်များ ကြီးစိုးနေကြောင်း ပါတီ ဥက္ကဌ ဦးအောင်ကြီးမှ ပါတီ မှတ်ပုံတင်ကျ တည်ထောင်ပြီး ၅၈ ရက်တွင် ပြောကြား၊

(၁၁) ၃-၁၂-၈၈ ။    ။ ဦးအောင်ကြီး ၏ အဆို (  NLD ပါတီကွန်မြူ နစ်များ ကြီးစိုးနေကြောင်း ) အား ပါတီဗဟို မှ မဲခွဲ ဆုံးဖြတ် ဦးအောင်ကြီး ၂၈ မဲ ၊ ၁၃ မဲ ဖြင့် ရှုံး နိမ့် ပြီး ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ။

(၁၂) ၃၀-၁၂-၈၈ ။    ။ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်။

အချက်အလက်များမှာ ဗဟုသုတ အလို့ ငှာသာ တင်ပြခြင်းဖြစ်ပါသည် ......

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: