Pages

Tuesday, October 30, 2012

လွတ်လပ်ရေး ဟာ မျက်စိတမှိတ် လျှပ်တစ်ပြတ် အတွင်းမှာ ဆုံးရှုံး သွားနိုင် ပေမယ့် ပြန်လည် ရယူဖို့ ကတော့ အသက် သွေးချွေး များစွာ ပေးဆပ်ရပါတယ်

30.10.2012

ဒီနေ့ခေတ်လူငယ်တွေဟာ ( အပစ်တင်ခြင်းမဟုတ်ပါ ) သမိုင်း လမ်းဆုံ အပြင်ဘက်ကို အာဏာစက် မရောက်တော့လို့ ရန်ကုန်အစိုးရလို့ ပြောင်လှောင် အခေါ်ခံခဲ့ရတဲ့ ဘ၀ကနေ မိုးသီးမိုးပေါက်လို ပစ်နေတဲ့ ကျည်ဆန်တွေကို ပန်းပွင့်လိုမှတ်ယူပြီး အတင်းပြေး ၊ အတင်းတက်၊ အသက်နဲ့ ရင်းတိုက်ခဲ့ရတဲ့ အင်းစိန် တိုက်ပွဲလို တိုက်ပွဲကြီးတွေ ... ကျွန်းလုံးကြီးတွေကို ဆင်နဲ့ဆွဲတင်ပြီး ဆောက်ထားတဲ့ အခိုင်အမာ က တုတ်တွေ ကို စွန့်စွန့်စားစား အသေခံချည်းကပ်ပြီး အတင်းဝင်တိုက်ခဲ့ရတဲ့ ရန်ကြီးအောင်စစ်ဆင်ရေး၊ မဲခေါင် စစ်ဆင်ရေးတို့လို ပြည်ပကျူးကျော်မှုဆန့်ကျင်ရေး တိုက်ပွဲကြီးတွေ ....... ကျားကုတ် ကျားခဲ တိုက်ခဲ့ရတဲ့ ကွမ်လုံရက်လေးဆယ်တိုက်ပွဲ ၊ ခြူးရွှေပန်ကောက်၊ စီစီဝမ်တာဝန် ၊ မိုင်းယန်း၊ မဲသဝေါ စတဲ့ သောင်းကျန်းမှုဆန့်ကျင်ချေမှုန်းရေး တိုက်ပွဲကြီးတွေကို မသိထားဘူးဆိုရင် လွတ်လပ်ရေးကို ဘယ်လောက်ထိ ခက်ခက်ခဲခဲ ၊ ခဲခဲယဉ်းယဉ်း ၊ ပင်ပင်ပန်းပန်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတယ်ဆိုတာ သိနိုင်ဖို့ လွယ်မှာ မဟုတ်ပါဘူး .......။

ဒါတွေကို သိနိုင်မှလည်း ပင်ပန်းခက်ခဲ ကြမ်းတမ်းခဲ့တဲ့ ကျွန်တော်တို့ ဘိုး ဘေး ဘီ ဘင်တွေကို ကိုယ်ချင်း စာတတ်မှာပါ။ ကျွန်တော်တို့တွေ မညီမညွတ်ဖြစ်တိုင်း အချင်းချင်း မိမိအကျိုးစီးပွားကြည့်တဲ့ တိုက် ပွဲတွေဖြစ်တိုင်း ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ အချင်းချင်း လက်ညှိုးထိုးနေကြမယ်ဆိုတိုင်း ရှေးက လွတ် လပ်ရေး ပြန်လည် ရယူခဲ့ရတဲ့ ဗိုလ်ချုပ် တို့ မျက်နှာ၊ လွတ်လပ်ရေးကို ကာကွယ်ခဲ့ရတဲ့ ဘိုး ဘွား ဘီ ဘင်တွေရဲ့မျက်နှာကို တစ်ချက်လောက် ငဲ့ကွက် သင့် ပါတယ် ........

Sitt Thura Aung

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: