Pages

Thursday, October 25, 2012

ကွန်ပျူတာနဲ့ပက်သတ်ရင်မိမိက ဘယ်အပိုင်းကိုစိတ်ဝင်စားလဲ? ဘာတွေတတ်ထားသင့်လဲ?

ကျွန်တော် ဒီနေ့ အကြောင်းအရာလေး တစ်ခုလောက် ပြောပြချင်တယ်ဗျာ ထွေထွေ ထူးထူး တော့ မဟုတ်ပါဘူး နည်းပညာလောကထဲကို ၀င်လာကြမယ့်မိတ်ဆွေ တွေအတွက် လုပ်သင့်တာ ရွေးချယ်သင့် တာလေးတွေကို စဉ်းစားဖို့ အတွက် ကျွန်တော့် အမြင် ၊ ကျွန်တော့်အတွေ့အကြုံအရ ပြောချင်တာပါ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အရမ်းကို တော်ကြပါတယ် ကြိုးစားရင် သူများတွေ ထက်ကိုသာ ပါတယ် သို့သော် မြန်မာနိုင်ငံကြီး သူများနိုင်ငံ လောက် မတိုးတက်သည် မှာ ရေသာခို အချောင်လိုက်နေ သူများနေလို့ လို့ ကျွန်တော်ထင်ပါတယ် ..။ လူတွေက မိမိလုပ်အားမပါဘဲ အလကား ရတဲ့ပိုက်ဆံကို လိုချင်ကြတယ် ၊ ရာထူး အာဏာကို မက်မောကြတယ် ၊ မိမိ အကျိုးသာဖြစ်ထွန်းခဲ့မယ်ဆို လျှင်အများ အကျိုးပျက် လည်း ဂရုမစိုက်ခြင်းကြောင့် ကျွန်တော်တို့ လူမျိုးတွေ နှစ်ပေါင်း တစ်ရာကျော်လောက် သူများနိုင်ငံတွေထက် နောက်ကျခဲ့ရပါတယ်.. အခု အချိန်မှာတော့ အခြေအနေတွေက တဖြည်းဖြည်း တိုးတက်လာနေပါပြီ .. မိမိ လုပ်ရင်လုပ်သလောက် တန်ပြန်အကျိုးခံစားခွင့်တွေ ရရှိတော့မှာပါ.. နည်းပညာနယ်ပယ်ကို စ၀င်လာကတည်းက မိမိမှာ ရည်ရွယ်ချက်တွေတော့ကိုယ်စီရှိကြမှာပါ ကွန်ပျူတာ စသင်တဲ့လူတွေကို မေးကြည့်လိုက်ပါ ကွန်ပျူတာဘာကြောင့် သင်လဲဆိုရင်သူတို့ဘယ်လို ဖြေကြမလဲ? ကျွန်တော်ကတော့ ဓါတ်ပုံရိုက်တာ ပြင်တာ ကိုဝါသနာပါလို့ပါ .. ကျွန်တော်ကတော့ Website တွေ ရေးချင် လို့ပါ ကျွန်တော်ကတော့ Software တွေ ရေးချင်လို့ပါ ၊ ကျွန်မကတော့ Networking ပိုင်းကိုစိတ်ဝင်စားလို့ပါ စသဖြင့် ပြောကြမယ့်သူ 50% သာရှိကြပါတယ်
မိဘက ဆယ်တန်းအောင်ပြီးရင် ကွန်ပျူတာသင်ဆိုလို့ လာသင်ရတာနဲ့ သူများက ကွန်ပျူတာဆိုလို့ ကွန်ပျူတာ လာသင်တာပါ ဆိုတာတွေ အများကြီးပါ သို့သော် နည်းပညာလောကကို ၀င်လာပြီဆိုရင်တော့ မိမိ မှာ Target တစ်ခုထားပါ တစ်ချိန်မှာ ငါဟာ ဘယ်အပိုင်းမှာ ဆရာဖြစ်ရမယ် ကျွမ်းကျင်ဆုံးဖြစ်ရမယ် စသဖြင့် ဥပမာ - ကျွန်တော်အောင်ကျော်ဟာ တစ်ချိန်မှာ Operating System တစ်ခုကို ရေးနိုင်ရမယ်(ဟဲဟဲ အခုထိတော့ ဘာမှ တိတေးဝူး တားတား ကဥပမာကြောတာနော်) အိုး ကြီးမားလိုက်တဲ့ ရည်မှန်းချက်ကြီးပါလား မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့ လူတိုင်းမှာ သူများထက်သာတဲ့ ကိုယ်ပိုင်အစွမ်းအစတွေ အများကြီးရှိပါတယ် မိမိရပ်တည်နေရတဲ့ဘ၀ ရဲ့ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီးတော့ အကောင်အထည်ဖော် မပြနိုင်သေး တာပါ ကျွန်တော်တို့ ကွန်ပျူတာ ဘယ်အပိုင်းကိုပဲလိုက်လိုက် စစသင်ရမှာကတော့ အခြေခံပါ အခြေခံစလေ့လာမယ့်သူတွေ အခြေခံဆိုတာ ကွန်ပျူတာမှာပါဝင်တဲ့ အရာတွေကို သိရမယ် Hardware ပိုင်းပေါ့ဗျာ။ keyboard , mouse စတာတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမယ် Operating System  Concept ကိုလည်း တတ်နိုင် သလောက် လေ့လာထား ရမှာပါ OS Concept ဆိုတာကတော့ OS ဆိုရင်တော့ အထူးသဖြင့် အများသုံးပြီး သိပြီးသားဖြစ်နေတဲ့ Windows ပဲဆိုပါတော့ခင်ဗျာ Windows တောင်မှ အခွဲတွေ အများကြီးပါ ယခု လက်ရှိအခြေအနေ ဆိုရင်တော့ Windows XP, Windows 7 ကိုတော့ တတ်နိုင်သလောက် လေ့လာထားသင့်ပါတယ် Windows XP ကို မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေမှာ လက်ရှိအချိန်ထိ အသုံးပြုနေဆဲပါ အမှန်တော့ လည်း မသုံးသင့် တော့ပါဘူး 2009 ခုနှစ်ကတည်းက ထွက်တဲ့ Windows 7 ဟာ အစစအရာရာ လုပ်ဆောင်ရတာ ကောင်းပြီး Stable ဖြစ်နေပါပြီ အခြေခံ စလေ့လာမယ့် သူတွေဆိုရင်တော့ windows 7 ရဲ့ သာမန် System error လေးတွေကို ဖြေရှင်းတက်ရမှာပေါ့နော်System မှာ အများကြီးရှိတာပဲ ဘယ်လိုလုပ် အကုန်လုံးကို သိနိုင်မှာလဲ အောင်ကျော်ရဲ့လို့တော့ မပြောပါနဲ့ဗျာ အကုန်လုံးကိုတော့မဟုတ်ပါဘူး သာမန်ပြဿနာလေး တွေဖြစ်တဲ့ Disk Drive ပျောက်တာတို့ Write Protect ဖြစ်တာတို့ font ပျောက်တာလေးတွေနဲ့ Program install , uninstall , full version ဖြစ်အောင် လုပ်တတ်ဖို့ နောက်ပြီး ပိုက်ဆံမကုန်စေချင်ရင်တော့ မိမိကိုယ်တိုင် Window တင်တက်ရင်ပို အဆင်ပြေ တာပေါ့ ဒါဆို အခြေခံလေးတွေ လုံလောက်ပါပြီ ပြီးမှ ဆက်သွားကြမယ် ငါတို့ target ကဘာလဲ ........

Networking သမားလား

ဒါဆိုရင် Window 7 နဲ့ ရပ်နေလို့မဖြစ်တော့ပါဘူး Windows server တွေကို ကလိရပါတော့မယ် Protocol version တွေ ၊ IP ဆိုတာဘာလဲနားလည်ရမယ် , DHCP ချပေးတတ်ရမယ် ၊ Sharing ပိုင်းတွေနဲ့ Network Admin ပိုင်းတွေကို လေ့လာရပါတော့မယ် နောက်ပိုင်းမှာ Linux Server ,Cisco , VPN ,VPS စတာတွေကိုပါ လေ့လာရတော့မှာပါ တစ်ရွေ့ရွေ့ခြင်းသွားကြရမှာပေါ့ဗျာ တစ်ခါတည်းအကုန်တက်ချင်လို့တော့မဖြစ်နိုင်ပါဘူး သူ့ဟာနဲ့သူ အဆင့်ဆင့်သိမှ လုပ်နိုင်တာပါ ပြီးမှ မိမိ ကြိုးစားမှုအပေါ်မူတည်ပြီး ကျွမ်းကျင်မှု ဆိုတာဖြစ်လာရတာပါ ဖြစ်ချင်တာပဲသိတယ် ဖြစ်အောင် မလုပ်ဘူးဆိုရင်တော့ ဖြစ်လာဖို့က ဝေးသထက်ဝေးလာမှာပါ ဝေးသထက်ဝေးဆိုတာကတော့ နည်းပညာဆိုတာ တစ်နေ့ထက်တစ်နေ့ များပြားလာလို့ပါပဲ အဲတော့ မလုပ် ပဲနေလေ ဝေးသထက်ဝေးလေ ဖြစ်နေမှာအမှန်ပါ ဒါဆို ကျွန်တော်တို့ အခုပဲ စလိုက်ကြရအောင် ဗျာ ဖြစ်ခဲ့တာတွေကို တွေးပြီး မှားလေစွလို့ မညဉ်းညူလိုက်ပါနဲ့ အနာဂတ်ကိုတွေးပြီးလည်း အဲဒီအချိန်ကျမှ လုပ်မယ်လို့ မစဉ်းစားလိုက်ပါနဲ့ လက်ရှိအချိန်က အကောင်းဆုံးပါပဲ

Web Development သမားလား  Software Development သမားလား

ငါတို့ကတော့ Website တွေရေးချင်တာကွ ဆော့ဝဲတွေ ထုတ်ချင်တာကွ ဂိမ်းတွေ ရေးချင်တာကွ ဆိုသူများကတော့ အခုအချိန်က စပြီးတော့ Programming လောကထဲကို ခြေစုံပစ်လိုက်ပါတော့ Programming ဟာ ရှုပ်ထွေးပါတယ် လွယ်လွယ်နဲ့မတက်ပါဘူး အထပ်ထပ်အခါခါ လေ့ကျင့် မှတ်သား၊ လက်တွေ့တွေရေးကြည့်မှသာ အဆင်ပြေမှာပါ မိမိက ဘယ်လိုင်းပဲလိုက်လိုက် Programming Flow လေးကို တော့နားလည်အောင် အရင်လုပ်ရမှာပါ Software လိုင်းးကို သွားချင်ပါတယ်ဆိုသူများကတော့  C, C++ ,C#, java စတာလေးတွေကို အရင်လေ့လာရပါမယ် နောက်မှ စပ်ဆက်ပြီး ဆက်သွားကြတာပေါ့ ဒီ 4 ခုလောက် ကို ကျွမ်းကျင်နေပြီဆိုရင်တော့ ဆော့ဝဲကောင်းကောင်းတစ်ခု ရေးနိုင်ပါပြီ ငါကတော့ Web သမားကွ ဆိုရင်တော့ အင်တာနက်နဲ့ ထိတွေ မှုများမှ ပိုအဆင်ပြေမှာပါ Web page တွေကို ဖန်တီးတဲ့နေရာမှာ Concept တွေအများကြီးရှိပါတယ် အကယ်၍ မိမိဟာသာမန်ဘလော့လေးတစ်ခု ပဲရေးချင်တယ်ဆိုရင်တော့ Programming language ဆိုတာကို နားလည်ဖို့သိပ်မလိုပါဘူး ကျွန်တော့်လိုမျိုး ပေါ့ ဘာမှ သေချာ မသိပဲနဲ့ ဘလော့လေးတွေရေးလို့ ရပါတယ် ဒါပေမယ့် အင်တာနက်မှာ ရှာဖွေ လေ့လာတတ်ရမှာပါ CMS application  တွေကိုလည်းသိရမှာပါ.. Web design ပိုင်းကို ဆိုရင်တော့ HTML ,CSS ,javascript စတဲ့ Programming language တွေအပြင် Photoshop လိုမျိုး ဆော့ဝဲလေးကိုလည်း  ကျွမ်းကျင်အောင်သုံးတတ်ဖို့လိုပါသေးတယ် ဒါမှသာ မိမိဒီဇိုင်းက သူများထက် သာပြီး အများနှစ်ခြိုက်မှာပါ ။ မဟုတ်ဘူး… ငါက Website တစ်ခုလုံးကကိုအစအဆုံးရေးချင်တာ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ရပ်တည် ချင်တာဆိုရင်တော့ အပေါ်က ဟာလေးတွေ တက်ထားရုံနဲ့ မလုံလောက်တော့ပါဘူး Server Side Language တွေဖြစ်တဲ့ PHP , ASP.net, Ajax စတဲ့ Language တွေ အများကြီးကို  လေ့လာရမှာပါ အချိန်တွေလည်း မနည်းပေးရပါတယ် လေ့ကျင့်မှုတွေကလည်း Triple တောင်မကပါဘူး နောက်ပြီး Database ဆောက်နည်းအကြောင်းလေးတွေနဲ့ ဆက်စပ်မှုတွေကိုသိရပါအုံးမယ် ဒါကလည်း မိမိလိုချင်တာက ကြီးမားတာကို Company website တွေရေးချင်တာတို့ Online Shopping တွေ
ရေးချင်တာတို့ဆိုတော့  စီးပွားရေးတစ်ခုတောင်ဖြစ်နေပြီလေ များများယူချင်ရင် များများပေးဆပ်ရမှာပေါ့ဗျာ  နော်..

စာစီစာရိုက် ၊ Photo , Video လေးတွေနဲ့စီးပွားရေးလုပ်ချင်သူတွေလား

ဒါဆိုကျွန်တော်တို့က တော့ Office လို စာစီစာရိုက်ဆော့ဝဲကို ကျွမ်းကျင်ရပါတော့မယ် Microsoft word , Excel , PowerPoint , Adobe Page Maker စတဲ့ စာရိုက်တဲ့ ဆော့ဝဲတွေကို ကောင်းကောင်းအသုံးချနိုင်မှသာ စာရိုက်ခြင်းနဲ့ အသက်မွေးရပါလိမ့်မယ်ဗျာ ဓါတ်ပုံလေးတွေရိုက်မယ် လိုင်စင် ပုံလေး တွေထုတ်ပေးမယ် ၊ ပုံဟောင်းတွေပြင်မယ် ပုံဒီဇိုင်းတွေကို အလန်းလေးတွေ လုပ်ချင်သူတွေကတော့ Adobe Photoshop ကို ကျွမ်းကျင် တတ်ဖို့တော့ လိုပါလိမ့်မယ်ဗျာ နောက်ပြီး အရေးကြီးတာက Camera အကြောင်းလေးလည်း သိသင့်ပါတယ် Camera တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို ရွေးချင်မလဲ? ဓါတ်ပုံရိုက်နည်း ၊ ဓါတ်ပုံဆရာ တစ်ယောက်ရဲ့စိတ်ကူး တွေက အရေးမကြီးဘူးလို့ မထင်လိုက်ပါနဲ့ဗျာ Photoshop တတ်ရုံနဲ့ပုံကောင်းတစ်ပုံမရလာပါ မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ ဓါတ်ပုံဆရာရဲ့စိတ်ကူးနဲ့ပုံဖော်မှုတွေက အရမ်းကို အရေးကြီးပါတယ် အရောင်တွေရဲ့ သဘောတွေ
Exposure, Focus , ဓါတ်ပုံရိုက်ချိန် , ပုံရဲ့အနေအထား စတာတွေက လိုအပ်ပါတယ် တကယ်လုပ်ကြည့်ရင် အရမ်း အနုစိတ်တဲ့အလုပ်တွေဖြစ်လို့ အနုပညာလုပ်ငန်းတစ်ခုလို့တောင် ဆိုနိုင်ပါတယ်ဗျာ Camera က shot ခလုတ်ကို နှိပ်တတ်တိုင်းဓါတ်ပုံမရိုက်တတ်ကြပါဘူး အဲဒါက နှိပ်တတ်တာပါခင်ဗျာ.
မိမိရပ်တည်မယ့်လုပ်ငန်းပေါ်မူတည်ပြီးတော့ Designer သမားတွေတက်သင့်တဲ့ Illustrator ,Indesign, Corel Draw စတဲ့ Program တွေကိုပါ အသုံချတတ်ဖို့လိုပါတယ်  ဆိုရရင်တော့ မိမိကျွမ်းကျင်ရာ လိမ္မာရာဆိုတဲ့အတိုင်းပေါ့ဗျာ မိမိရပ်တည်မယ့်ဘ၀နဲ့ လုပ်ရမယ့် အလုပ်ပေါ်မူတည်ပြီး ကျွမ်းကျင်မှုတွေက ကွားခြားသွား မှာပါ ။ အလှူမင်္ဂလာပွဲ တွေမှာ မှတ်တမ်းတင်ဓါတ်ပုံလေးတွေရိုက်ရာကနေ ရုပ်ရှင် ဗီဒီယိုဖြစ်အောင် ရိုက်ကူးမယ် ဆိုရင်တော့ Corel Video Studio, Power Director , Pinnacle, Premier စတဲ့ဆော့ဝဲတွေကို အသုံးချတတ်ဖို့လိုပါလိမ့်မယ် Premier လိုဆော့ဝဲမျိုးကိုတော့တကယ့် Professional Video Editing သမားတွေမှသာ သုံးကြပါတယ် ဒါပေမယ့် သာမန် အလှူမင်္ဂလာ Home Video လေးတွေကိုတော့ ကျွန်တော်ပြောထားတဲ့ပထမဆော့ဝဲသုံးမျိုးလောက်နဲ့ Edit လုပ်နိုင်ပါတယ်

ကွန်ပျူတာHardware တွေကိုပြင်ချင်တဲ့ A+ သမားလား

ကွန်ပျူတာလောကကို စတင်ဝင်ရောက်လာကတည်းက သိထားသင့်တဲ့ အပိုင်းလေးဆိုလည်းမမှားပါဘူး ကျွန်တော်တို့ကွန်ပျူတာတစ်လုံးမှာ ဘာတွေနဲ့တပ်ဆင်ထားသလဲ Casing , Motherboard , CPU , Hard Disk , RAM , Power Supply , UPS , Keyboard , mouse စတာတွေနဲ့တပ်ဆင်ထားပါတယ် အဲဒီအစိတ်အပိုင်းတစ်ခုချင်းကို ကောင်းကောင်းသိပြီးတော့ သူတို့ရဲ့အလုပ်လုပ်ပုံတွေကို သေချာသိထားဖို့
အရမ်းကိုအရေးကြီးလှပါတယ် A+ သများတစ်ယောက်ဟာ အဓိကကတော့ Hardware ကို ပြင်တတ်ဖို့ပါ ဒီ A+ course က အချိန်တွေပေးရတယ် စက်တွေ အများကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖြုတ် ၊တပ် လုပ်ပြီး စမ်းသပ်ရတယ် ။ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို  ဖြေရှင်းနိုင်ဖို့ဆိုတာ
မိမိ Service သက်တမ်းနဲ့အမျှ သိလာမှာပါ ၊ ဒီ ပညာရပ်လေးကို တက်ထားတာနဲ့တင် ထမင်းမငတ်တော့ ပါဘူး ကွန်ပျူတာ Service ဆိုင်တွေမှာ ၀င်အလုပ်လုပ်နိုင်ဖို့လွယ်ကူပါတယ် မိမိကသာ အစစအရာရာကို ပြင်တတ်မယ် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ လက်မခံနိုင်တဲ့ အလုပ်ရှင်
မရှိပါဘူးဗျာ Service ဆိုင်အများစုမှာ မကျွမ်းကျင်တဲ့ ပြင်ဆရာတွေ အများကြီးရှိတာမိတ်ဆွေ တို့လည်းသိကြမှာပါ သူတို့ကို ပြဿနာလေး တစ်ခုဖြစ်လို့သွားပြရင် ပစ္စည်းလဲလိုက်ဆိုတာတွေချည်း အမှန်တော့ ပစ္စည်းက ပြင်ရင်ရပေမယ့် သူတို့မကျွမ်းကျင်တဲ့အခါ လဲဖို့သာအဓိက ပြောဆို လိုက်တာပါ System ပိုင်းဆိုလည်း ဒီအတိုင်းပါပဲ ကျွန်တော်ဟိုတစ်ခါ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ် ဆော့ဝဲတစ်ခု တင်မရလို့ သူ့ကိုသွားပြတာ ၀င်းဒိုးတင်ဖို့ချည်းပြောနေတယ် ၊ Windows တင်တာက သွားပြတဲ့လူလည်းတင်တက်တာပဲ တစ်ခါတစ်လေမှာဆော့ဝဲတင်ရတာတွေ အဆင်မပြေဖြစ်တတ်ပါတယ် အချို့ဆော့ဝဲများက သာမန် install လုပ်တတ်ရုံနဲ့ အဆင်မပြေပါဘူး နည်းလမ်းပေါင်းများစွာ ကျော်ဖြတ်ပြီးမှ success ဖြစ်တာပါ ဒါကလည်း မိမိလေ့လာမှုနဲ့ အတွေ့အကြုံအရကွာခြားသွားမှာပါ

~~~~~~~~~~~~~~~

နိဂုံးချုပ်အနေနဲ့ကျွန်တော် အကြံပေးချင်တာလေးက အခုမှ ကွန်ပျူတာ လောကကို စ၀င်ရောက်မယ် ဆိုရင်တော့ အခြေခံကိုပိုင်နိုင်အောင် အရင် ကျွမ်းကျင်အောင် လေ့ကျင့်လိုက်ပါ တော်တော်လေး ကျွမ်းကျင်နေပြီဆိုမှ မိမိ စိတ်ဝင်စားရာ Course ကို ဆက်သွားပါ သင်တန်းတက်တယ်ဆိုရင်လည်း
မစုံစမ်းဘဲနဲ့ ငွေတွေအများကြီး အကုန်အကျခံပြီး မတက်လိုက်ပါနဲ့ အပြင်ပိုင်းကောင်းပြီး အတွင်းပိုင်းညံ့ တဲ့ သင်တန်းတွေ အများကြီးပါ ကျွန်တော် ကိုယ်တိုင် သင်တန်းသိပ်မတက်ဖူးပါဘူး ဒါပေမယ့် အဲလိုမျိုးသင်တန်းတစ်ခုကိုတော့ တစ်ခါကြုံခဲ့ဖူးပါတယ် ။ မိမိက သင်တန်းတက်မယ်ဆိုရင်တော့
မိမိပတ်ဝန်းကျင်က တက်ဖူးတဲ့လူတွေကိုမေးကြည့်ပါ သူတို့ကိုယ်တိုင် ကျွမ်းကျင်စွာ တက်တယ်ဆိုရင်တော့ တက်လိုက်ပါ အခုသင်တန်းတွေ တော်တော်များများက ဈေးလျှော့နေကြပါတယ် အပြိုင်အဆိုင်ဖြစ်နေကြတာ ဆိုတော့ ။ Mobile Service ဆိုရင် ၆ သိန်းကျော်ပါတယ် ကြောက်ဖို့ကောင်းလောက်တဲ့သင်တန်းကြေးပါ ငွေကြေးမတတ်နိုင်သူတွေဆို ဘယ်လိုများတက်ကြမလဲ အိုကေ စိတ်မပူနဲ့ Online ပေါ်တက်လိုက်ပါ
ရှာဖွေတတ်သလောက် ကျွမ်းကျင်မှာပါ အချိန်လည်း သီးသန့်မပေးရပါဘူး မိမိကြိုက်တဲ့အချိန် သင်လို့ရပါတယ် facebook group တွေ မှာ လိုက်မေး ၊ Forum တွေမှာ ၀င်ဆွေးနွေးပါ ၊ ၀င်ဖတ်ပါ နည်းပညာ ဘလော့တွေ ၊ ဖိုရမ်တွေ ၊ Group တွေ Chat တွေကို လုပ်ပါ သင် အလိုလိုကျွမ်းကျင်လာပါလိမ့်မယ်
ပညာတစ်ခုရဲ့တန်ဖိုးကိုတော့ ဘယ်ငွေကြေးနဲ့မှ အဖိုးမဖြတ်လိုက်ပါနဲ့ဗျာ ကိုယ်တိုင် Self-Study လုပ်လို့ တတ်လာတဲ့ပညာက သင်ပေး တာထက်ပိုမှတ်မိ စေပါတယ်ဗျာ ကျွန်တော်ကိုယ်တိုင် အွန်လိုင်းမှာပဲ နည်းပညာတွေကို ရှာဖွေ သင်ယူနေတဲ့အတွက် ကိုယ်တွေ့လေးမို့ အားလုံးကို ပြောတာပါ ဒါပေမယ့်လည်း Programming လိုမျိုး ကျတော့ Self-Study လုပ်ဖို့ အင်မတန်ခဲယဉ်းသွားပါတယ် သင်တန်းလေးတော့ တက်လိုက်ပါ Language တစ်ခုရဲ့ Flow လေးတွေ နားလည်သွားမယ် Program တစ်ခု အလုပ်လုပ် ပုံလေးတွေကို သိသွားရင် နောက်ထပ်လေ့လာမယ့် Language တွေက စပ်ဆက်မှုတွေ အများကြီးပါ ကျွန်တော့်အစ်ကိုလို ခင်ရတဲ့ ကိုဝေလင်းဦး(ရန်ကုန်)က အစ်ကိုဆိုရင် လက်ရှိ Web Developer တစ်ယောက်အဖြစ်အသက်မွေးနေပါတယ် သူကွန်ပျူတာတက္ကသိုလ်နဲ့ကျောင်းပြီးခဲ့ပါတယ် ကျောင်းတုန်းက တက်ခဲ့တဲ့ C language လေးကိုအခြေခံပြီး ဘယ် သင်တန်းမှ မတက်ဘဲ Online မှာ Self-Study လုပ်ရင်း ကျွမ်းကျင်လာတာပါ ဒါဆိုရင် ကျွန်တော်တို့အားလုံးလည်း လုပ်နိုင်မှာပါ ဘယ်တော့မှ အားမလျှော့လိုက်ပါနဲ့ လို့ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်ဗျာ .............

ကျွန်တော်ရေးခဲ့တာလေးတွေက ကျွန်တော့်အမြင် အတွေ့အကြုံလေးတွေနဲ့ ရေးသားထားသည့်အတွက် အမှားပါခဲ့ရင် ကျွန်တော်အောင်ကျော်ကပဲ တောင်းပန်ပါတယ်ဗျာ အခုမှ အခြေခံစလေ့လာနေသူများကိုသာ ရည်ရွယ်ရေးသားထားခြင်းဖြစ်ပါသဖြင့် ကျွမ်းကျင်သူများက ကျွန်တော့်ပို့စ်လေးအား ရယ်စရာဖြစ်နေမလားလို့ပြောလည်း ကျွန်တော်ခံနိုင်ပါတယ်ဗျာ ကျွန်တော့်လို မသိမတတ်သေးတဲ့လူတွေအတွက်တော့ အထောက်အကူ ဖြစ်စေမှာ အမှန်ပါဗျာ
                                                                                
စာဖတ်သူအားလုံးကိုလေးစားလျှက်
အောင်ကျော်(ပုသိမ်-နည်းပညာ)
၂၁-၁၀-၂၀၁၂(နံနက် ၁၂:၃၄)

မူရင်း လင့် ... http://www.aungkyaw.com/2012/10/blog-post_25.html

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: