Pages

Saturday, October 27, 2012

မင်းပြား၊ မြောက်ဦး တွင် မီးဘေး ဒုက္ခသည် နှင့် နေအိမ် စွန့်ခွာသူ (၃၀၀၀) ခန့်ရှိ

27.10.2012

အောက်တို ဘာလ အတွင်း မြောက်ဦး- မင်းပြား တွင် ဖြစ်ပွား ခဲ့သည် ဆူပူ အကြမ်းဖက်မှု များကြောင့် ယခု အခါတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေး သူပေါင်း (၃၀၀၀) ခန့်ရှိကြောင်း သတင်းရ ရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့် ကျေးရွာ များမှ ဒေသခံ များသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိ မည်ဟု မြောက်ဦးမြို့ ဒုက္ခသည် ကယ်ဆယ် ရေးအဖွဲ့မှ ပြောသည်။

"အခု မြောက်ဦး မြို့ပေါ်မှာ ရတနာ့ မာရ်အောင် ကျောင်း၊ အလို တော်ပြည့်ကျောင်း၊ လက်ကောက် ဈေး ကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ် စွန့်ခွာ ထွက်ပြေး လာသူ(၅၀၀) ကျော်ရှိ ပါတယ်။

မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀) လောက်ဟာ အဲဒီ ကျေးရွာ (၁၀) ရွာမှာ ရောက်ရှိ နေပါတယ်။ ထွက်ပြေး လာခဲ့တဲ့ ကျေးရွာက (၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာ ရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်း သင်္ဃာ များနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်း လျှက်ရှိပြီးဒုက္ခ သည်များ စားဝတ် နေရေး အတွက် မြောက်ဦး မြို့ခံ များမှ တာဝန်ယူ ဖြေရှင်းပေး လျှက်ရှိကြောင်း သိရှိရသည်။

"အဲဒီ ရွာတွေကို ရောက်သွား တဲ့လူ တွေကို မြောက်ဦး မြို့ကို ခေါ်မှဖြစ်မယ်။ ဘာလို့လဲ ဆိုတော့ ရွာတွေ အကုန် လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ ဆီက နေပြီး အဲဒီရွာ တွေကို ရိက္ခာတွေ သွားပို့ဖို့ ကလည်း ကြားမှာ ဘင်္ဂလီ ရွာတွေ ခံနေပြီး လမ်းခရီးက မကောင်း တော့ မဖြစ်နိုင်ဘူး။

ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူ သွားရ မှာပါ။ လိုအပ်တဲ့ အကူ အညီ တွေကိုလည်း ကျနော်တို့ ရခိုင် လူမှု အဖွဲ့ အစည်း တွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် တွေကို အကူညီ တောင်းထား ပါတယ်။"ဟု ဦးခိုင် ပြည်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်၊ မင်းပြား မြို့နယ်၊ မြေပုံမြို့ နယ်နှင့် မြောက်ဦး မြို့နယ်များ တွင် ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက်မှု များကြောင့် အောက်တို ဘာလ(၂၄) ရက်နေ့ထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာ ရရှိသူ (၅၀)ဦး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက် အဦး (၈)ခု မီးလောင် ပျက်စီး ခဲ့ပြီး လူအများ အပြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရ သည်ဟု နိုင်ငံတော် သမ္မတရုံး သတင်း ထုတ်ပြန်ချက် (၁/၂၀၁၂) တွင် ဖော်ပြ ထားသည်။

Arakan Times  သတင်းဌာန

ဒီက ယူတယ် ...

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မင်းပြား၊ မြောက်ဦး တွင် မီးဘေး ဒုက္ခသည် နှင့် နေအိမ် စွန့်ခွာသူ (၃၀၀၀) ခန့်ရှိ

Labels:

0 comments: