30.10.2012
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲ၊ အမှတ်(၅) ရပ်ကွက်တွင် ယခုလ(၂၅)ရက် နေ့ မနက် ၂ နာရီခွဲအချိန်ခန့်တွင် မသင်္ကာဖွယ်ရာပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကနန်ကျေးရွာခံ တစ်ဦး က ပြောကြားသည်။“ ကျွန်တော်တို့ဒေသဘက်မှာက ချောင်းမြောင်း တွေထဲမှာ ငါးရှာရင်လည်း မိုင်းခွဲပြီး ရှာ တတ်တာကြောင့် ငါးမိုင်း ပေါက်ကွဲခဲ့တာလို့ထင်နေခဲ့ရတာပါ။ နောက်တော့ ခမ်းပတ်အမှတ်( ၅ ) ရပ် ကွက် ထဲ က ပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်” ဟု ကနန်ကျေးရွာသား တစ်ဦးက ပြော ပြသည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “မနက် အစောကြီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာပါ။ အမှတ်(၅)ရပ်ကွက်ထဲက (ဘ) ဦးမောင်မူ၏သား ဦးခင်မောင် သင်း နေအိမ်အရှေ့မြောက်ဘက်ရှိ ရေလောင်းအိမ်သာအနီး အဲ့ဒီပေါက်ကွဲမှုက ဖြစ်ပွားခဲ့တယ်လို့ အ တည်ပြု့ လို့ရ ပါတယ်” ဟု ၎င်းတာဝန်ရှိသူက တုန့်ပြန်ပြောကြားသည်။ စုံစမ်းသိရှိရသည်မှာ အဆို ပါ ပေါက် ကွဲမှုဖြစ်ပွားရာ နေရာသို့ ရှေ့တန်းရောက် ခလရ(၂၆၆) တပ်ရင်းမှ ဗိုလ်ကြီး မြတ်ကျော်ဦး ဆိုသူ ဦးဆောင်သော တပ်မတော်သားများနှင့် ခမ်းပတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက် စစ်ဆေး ခဲ့ရာတွင် အနီ/အနက် နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုး အရှည်ပေ(၁၅၀)နှင့်အတူ အ၀ါရောင် တိပ်စဖြင့်ရစ် ပတ်ထားရှိသော ဓာတ်ခဲခြောက် တစ်ခု တို့အား စီစစ်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ ၎င်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ဘက်ရေးရာ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ပေါက်ကွဲတာ နဲ့ပတ်သက်လို့ လူရော တရိစ္ဆာန်ပါ အသေအပျောက် လုံးဝမရှိခဲ့ပါ်” ဟု Hot News သို့ ပြောကြားခဲ့သည်။
လတ်တလော အခြေအနေတွင် ခမ်းပတ်မြို့နယ်ခွဲတွင် မိမိတို့ပတ်ဝန်းကျင်းမှ မင်္ကာဖွယ်ရာ ပစ္စည်း များ တွေ့ မြင် ရပါက သက်ဆိုင်ရာသို့ အချိန်မီဆက်သွယ် အကြောင်းကြားနိုင်ကြောင်း၊ဒေသခံများထံ ပ ညာပေးဟောပြော မှုများအား သက်ဆိုင်ရာက ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
စိုးမိုးထွန်း(မုံရွာ)
မြန်မာ့သတင်းများစုစည်းရာ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။