Pages

Friday, January 18, 2013

မြန်မာစစ်တပ် လိုင်ဇာ မြို့ဝင်ဂိတ်အား သိမ်းပိုက်ရရှိ

 
 
ကျွန်တော်တို့တပ်တွေလိုင်ဇာမြို့မှကြိုဆိုပါ၏ ဆိုင်းပုဒ်ကိုရောက်ပြီ လိုင်ဇာရောက် သတင်းထောက်များ ကိုကြိုဆိုပါတယ်။

ဒီနေ့(၁၈-၁-၂၀၁၃) နေ့လည်ပိုင်းမှာ လိုင်ဇာမြို့မှကြိုဆိုပါ၏ လို့ရေးထားတဲ့ဆိုမုတ်ဦးကြီးကို ကျွန်တော်တို့ တပ်တွေ ရောက်နေပါပြီ။

မကြာခင် ၄င်း မုတ်ဦးကြီးရှေ့မှ ကျွန်တော်တို့ တပ်တွေ အမှတ်တရ ဓာတ်ပုံရိုက်ထားတာတွေ တင်ပေး ပါမယ်။ ဒါပေမဲ့ ကျွန်တော် တို့ လိုင်ဇာမြို့ကို ဆက်သွားဖို့ အစီအစဉ် မရှိပါ။ စစ်ဆင်ရေး ကိစ္စတွေနဲ့ အလုပ် များ နေလို့ ဒီကြားထဲ အင်တာနက် မသုံးနိုင် တာပါ။ တင်စရာ ဓာတ်ပုံတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကန့် သတ် ချက်လေးတွေ ရှိနေလို့မတင်ပေးနိုင်တာ ခွင့်လွတ် ပေးပါ။

လိုင်ဇာကိုရောက်နေတဲ့ သတင်းထောက်တွေ လိုင်ဇာမြို့မှကြိုဆိုပါ၏ ဆိုင်းပုဒ်နားကို လာပြီးကျွန်တော်တို့ သတင်းတွေ လာယူစေချင် ပါတယ်။

ကျွန်တော်တို့ကို စိုးရိမ်ကြတဲ့ ပြည်သူများကို အထူးကျေးဇူးတင်ပါတယ်။ ဖားကန့်ဘက်မှာ ကျွန်တောင်တို့ ညီေ နာင်တွေ အစွမ်းပြ နေတာ ကြားတော့ အားတက်မိပါတယ်။

Yan Naing Aung


No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။