Pages

Friday, January 18, 2013

ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဘီဂျေ နာမ်ဘီးယား တို့ အယ်လ်ဂျားဇီးရား ရုပ်သံကိစ္စ ဆွေးနွေး

 
အယ်ဂျားဇီးရား သတင်းဌာနက ထုတ်လွှင့် ခဲ့သည့် ဖုံးကွယ်ထားသော လူမျိုးတုံး သတ်ဖြတ်မှု (The Hidden Genocide) အမည်ရ ရုပ်သံ နှင့် ပတ်သက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ကိုယ်စားလှယ် ဘီဂျေ နာမ်ဘီးယား တို့ ဇန်နဝါရီ လ၁၅ရက် နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုတွင် အယ်လ်ဂျာဇီးရား၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှု များအပြင်၊ လူသားချင်း စာနာသည့် အကူအညီ များ ပေးရေး၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ် အေးချမ်းလာသည့် အခြေအနေ များ၊ ငြိမ်ချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဥပဒေ အတိုင်း နိုင်ငံသား စိစစ်နေမှုများ နှင့် နိုင်ငံတကာ အဖွဲ့ အစည်း များနှင့် ပူးပေါင်း လုပ်ဆောင်မှု များကိုေ ဆွးနွေး  ခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။ ယင်းအပြင် ပဋိပက္ခ ဖြစ်ပွားနေေ သာ ဒေသများ အတွက် ရေရှည် လိုအပ်ချက် ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး အကူအညီ ပေးရေး ကိစ္စလည်း ဆွေးနွေး ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ များနှင့် ပတ်သက်၍ ရိုက်ကူး ထုတ်လွှင့် ခဲ့သော အဆိုပါ ရုပ်သံသည် မဟုတ်မမှန် လုပ်ကြံ ထုတ်လွှင့် ခဲ့ခြင်းသာ ဖြစ်၍ မြန်မာနိုင်ငံ အစိုးရက တရားဝင် ကန့်ကွက် ထားသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခ အခြေအနေများကို ပုံကြီးချဲ့ ထုတ်လွှင့်မှု များသည် ဒေသခံ များ၏ စိတ်ခံစားမှုကို ပိုမို ဆိုးဝါးအောင် လှုံဆော်ရာ ရောက်ပြီး ပြဿနာ ပိုမိုရှုပ်ထွေး စေနိုင်သဖြင့် မဟုတ် အမှန် ပုံကြီးချဲ့ ထုတ်လွင့်မှုမျိုး ကို မလုပ်သင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန် မာနိုင်ငံ ဆိုင်ရာ အကြံပေး အထူး ကိုယ်စားလှယ် ဗီဂျေ နာမ်ဘီးယားက ဒီဇင်ဘာ ၁၈ နှင့် ၁၉ရက် နေ့တွင် သွားရောက် ခဲ့သော ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြား ခဲ့သည်။

The Voice Weekly
 
 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။