ရန်ကုန်တွင် ဆန္ဒပြသူများအား ငရုတ်ကောင်းရည်ဖြင့် ပတ်ဖြန်းနည်း အမေရိကန်မှ မြန်မာအစိုးရအား သ င်ေ ပး မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးပြကာ အားတိုင်းေ တွ့နေ ရသည့် ဆန္ဒထုတ်ဖော်မှုများနှင့် အဓိကရုဏ်းများကို ကိုင်တွယ် တတ်စေရေးအတွက် အဓိက ရုဏ်း နှိမ် နင်းရေး နည်းပညာများ ပို့ချပေးမည်ဟု အနောက်နိုင်ငံ သုံးခုက ကမ်းလှမ်းထားကြောင်း နိုင်ငံတော် သမ္မတ ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ အဆိုပါ အဓိကရုဏ်း နှိမ်နင်း မှု များနှင့် ပတ်သက်သည့် သင်တန်းပေးရန် ကမ်းလှမ်းထားသော အနောက်နိုင်ငံ သုံးခုမှာ အမေရိကန်၊ ဥေ ရာ ပ သမဂ္ဂနှင့် နော်ဝေနိုင်ငံတို့ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ ဒီဇင်ဘာလ ၂၂ ရက်ေ န့က မော်လမြိုင်မြို့တွင် ကျင်းပသော Myanmar Egress ၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် National Enlightenment Institute သင်တန်းကျောင်း ဖွင့်ပွဲသို့ တက်ရောက်သော ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။