Pages

Wednesday, November 21, 2012

“““ အိုကီ နာဝါကျွန်း ရှိ အမေရိကန် တပ်ဖွဲ့ဝင်များ ဥပဒေ ချိုးဖောက် ”””


ဂျပန် နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့များ ညမထွက်ရ အမိန့် ထုတ်ပြန် ထားသည့် အချိန် အတွင်း အသက် ၂၄ နှစ် အရွယ်ရှိ အမေရိကန် ရေ တပ် အရာရှိ ဗိုလ်သောမတ် ရှန်ကတ်အား အိုကီ နာဝါကျွန်း တောင် ဘက် ပိုင်း ရှိ လူနေအခန်း တစ်ခု အတွင်း ကျူးကျော် ဝင်ရောက် နေသည်ကို ဖမ်းဆီး ရမိပြီး နောက် တစ်ေ န့ တွင် ဂျပန် အစိုးရက ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါသည်။ ယင်းသို့ အမေရိကန် တပ်ဖွဲ့ဝင် များ၏ ဥပဒေ ချိုးဖောက်သော လုပ်ရပ်သည် တစ်လ အတွင်း သုံးကြိမ်မြောက် ဖြစ် ပါ သည်။ ဂျပန် တစ်နိုင်ငံ လုံးတွင် ဖြန့်ကျက် ထားသော တပ်ဖွဲ့ဝင် ၅၂,ဝဝဝ အနက် ထက်ဝက်ကျော် အရေ အ တွက် ရှိသည့် တပ်ဖွဲ့ဝင်များ အိုကီ နာဝါ ကျွန်းတွင် တပ်စွဲ ထားခြင်းကို ဒေသခံ များက ဆက် လက် လက်ခံ မထား လိုတော့ကြောင်း သိရှိ ရပါသည်။

ကချင်နေ့စဉ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။