Pages
▼
Saturday, October 27, 2012
ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေ သတင်းထုတ်ပြန်မည်
27.10.2012
ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ လူသေဆုံးမှု စာရင်း၊ ဒဏ်ရာရရှိသူများစာရင်း၊ မီးလောင်ပျက်စီး နေအိမ်များအရေအတွက်၊ ဘာသာရေးအဆောက်အဦ အရေအတွက် စသည် တို့ ကိုလည်းကောင်း၊
ဖြစ်စဉ်ဖြစ်ရပ်များကိုလည်းကောင်း အမျိုးမျိုး ဖော်ပြရေးသားနေကြသည်ကို လည်း တွေ့ရှိရပါသည်။ အချို့သော သတင်းအချက်အလက်များမှာ ပကတိအခြေအနေမှန်ထက် များစွာ ကျော် လွန်နေကြောင်း တွေ့ရှိရပါသည်။
ယခုအခါ တိကျခိုင်လုံသော သတင်းအချက်အလက်များကို ယနေ့ည (၈) နာရီသတင်းတွင်လည်းကောင်း၊ မနက်ဖြန်နံနက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင်လည်းကောင်း ဖော်ပြသွားမည် ဖြစ်ပါသည်။
ပြည်တွင်းရှိ ပြည်ပသတင်းဌာန ကိုယ်စားလှယ် သတင်းထောက်များ အနေဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ပေးသော သေဆုံး-ဒဏ်ရာရ သတင်းကို ကိုးကား၍ ပြည်ပသတင်းဌာန ရုံးချုပ် များသို့ ပေးပို့ စေလိုပါသည်။ မိမိတို့ ဖော်ပြထားပြီး ဖြစ်သော သတင်းများ ကိုလည်း ပြန်လည်ပြင် ဆင်ပေးကြပါရန် အနူးအညွတ် မေတ္တာ ရပ်ခံအပ်ပါသည်။
ဒီနေရာ က ကူးလာတယ် ....
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။