Pages
▼
Thursday, October 25, 2012
ရန်ကုန်မြို့တွင် မိန်းမ များ အုပ်စုဖွဲ့၍ လုယက်မူဖြစ်ပွား
25.10.2012
ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက် ဟေမ၀န် ဈေးသား ငါးတန်း အနီးကလေးကစားစရာရောင်းသည့်ဆိုင်တွင် လုယက်မှု တစ်ခု ဖြင့်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကို စုံစမ်းသိရသည်မှာ အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီခွဲ အချိန်ခန့်က ဒေါက်တာ —– (လက်ထောက် ကထိက၊ ရုက္ခ ဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်) သည် ငါးနှစ်သမီး အရွယ်သမီးများ ကို လက်ဆွဲကာ ဟေမ၀န်ဈေးသား ငါးတန်းအနီးကလေး ကစားစရာ အရောင်းဆိုင်တွင် မီး ဘောလုံး ၀ယ်နေစဉ်အမျိုးသမီး ငါးယောက်ခန့် ရှိသောအုပ်စု ရောက်လာပြီး ရှေ့ နောက်ဝဲယာမှ ၀ိုင်းဖိ၍ တိုးသဖြင့်ကလေး ငယ်မှာပိ နေကြောင်း ထို မိန်းမ တစ်သိုက် ညှပ်ဖိထားသောကြောင့် ကလေးမှာ အသက်မရှု နိုင်သဖြင့် ကလေး ကိုမိခင်က အာရုံ စိုက်နေစဉ် ထိုအုပ်စုထဲမှ မိန်းမ တစ်ဦးက ကလေး တစ်ဦးကို ဂရုစိုက်ရန် ပြောသွားကြောင်း ဒေါက်တာ —-က သမီးငယ်ကို မယူ၍ ချီလိုက် စဉ် ဒေါက်တာ—– ၏ အလေး ချိန်နှစ်ကျပ်ခွဲ သား ခန့်ရှိ ရွှေလက် ကောက်မှာ မရှိတော့ကြောင်း မိန်းမအုပ်စု မှာလည်း အနားတွင် မရှိတော့ကြောင်း သိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါက်တာ—– က တောင်ဥက္ကလာပမြို့၊ ရဲစခန်း သို့သွားရောက်တိုင် ကြားရာ ရဲစခန်းက (ပ) ၆၃၁/၂၀၁၂ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားပြီး တရားခံများကို အမြန်ဆုံး ဖမ်းဆီး ရမိရေး အတွက် ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။
7 Days News
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။