Pages
▼
Friday, October 26, 2012
အ သိ ပေး ချက်
26.10.2012
လတ်တလော ဖြစ်ပေါ်နေသည့် သတင်းများအရ သတင်းမီဒီယာ များ က မကြာ ခဏ မေးမြန်း လာ သဖြင့် အောက် ပါ အတိုင်း အသိပေး အပ်ပါသည်-
နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့သည် (၂၀-၁၀-၂၀၁၂) ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများ တွင်လည်းကောင်း၊ (၁၉-၁၀-၂၀၁၂) ရက်နေ့တွင် ထုတ်လွှင့် သည့် နိုင်ငံ ပိုင်ရုပ်/သံ၊ အသံလွှင့် ဌာနများ ၏ ထုတ်လွှင့်ချက် တွင်လည်းကောင်း (၂၇-၁၀-၂၀၁၂) ရက်နေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ် စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများ ပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ တွင် အောက်ပါအတိုင်း အတိအလင်း ပြဌာန်းထားပါသည်-
"ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့် တရားနှင့်သော် လည်းကောင်း ၊ ပြည်သူ့ ကျန်းမာရေး နှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြားပြဌာန်း ချက်တို့နှင့်သော် လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာ ယူဆ နိုင် သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။"
လက်ရှိ မေးမြန်းလာကြသော မေးခွန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်း ထင်ရှားစေခြင်း ငှာ အောက်ပါ အ တိုင်း ဖြေကြားအပ်ပါသည်-
"နိုင်ငံတော် သမ္မတကြီး အနေဖြင့် ကုရ်ဘာရီ ပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်း" အသိပေးအပ်ပါသည်။
Hmuu Zaw
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။