Pages

Tuesday, October 30, 2012

ကျောက်နီ မော်လူထု တောင်းဆိုချက် ( ၃ ) ချက် အာဏာပိုင်တို့ လိုက်လျော




30.10.2012

ယနေ့ ကျောက်ဖြူ မြို့နယ်၊ ကျောက်နီမော် လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်း တို့မှ လူ ထုတောင်း ဆိုချက် (၄) ချက်အနက် (၃)ချက်ကို ဒေသ လုံခြုံရေး တာဝန် ယူထားသော အာဏာပိုင် တို့မှ ယနေ့ညနေ (၄) နာရီအချိန်တွင် သဘောတူ လိုက်လျောလိုက်ပြီ ဖြစ်သည်။ ကျောက်နီမော် ဒေသခံ ကို သိန်းဇော် က အာဏာပိုင်တို့ သဘောတူ သည့်အချက် များမှာ -

၁။ ကျောက်နီမော်ဒေသ တွင် တရားမဝင် လာရောက် နေထိုင်သူ ဘင်္ဂလီများအား ( ၇ ) ရက် အ တွင်း ပြောင်းရွှေ့နေ ရာချထားရန်

၂။ မတရား ပစ်သတ်ခံခဲ့ရသူ ဦးဟန်တင် သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီ မော် ရဲစခန်း မှ ဒုရဲအုပ် သန်းတင့် ကို ဥပဒေကြောင်း အရ အရေး ယူရန်
၃။ ဒဏ်ရာ ရရှိသူ ဦးမောင်သန်းရွှေ အတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်

တို့ ဖြစ်ပါတယ်ဟု  Arakantimes သတင်းဌာန သို့ ပြောကြားသွားသည်။

ယနေ့နံနက် ( ၈ ) နာရီအချိန် မှ စ၍ ကျောက်နီမော်လူထု တစ်သောင်းကျော် ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲ ကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ် နှိမ် နင်းခဲ့ မှု ကြောင့် ဦးဟန်တင် (ဘ) ဦးကျော်ဟန် အသက်(၅၇) နှစ်မှာ ပွဲချင်းပြီးသေ ဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ (ဘ) ဦးချမ်းတင် အသက် (၄၂) နှစ်မှာ သေနတ် ဒဏ်ရာပြင်းထန်စွာ ရရှိ သွားခဲ့သဖြင့် ရမ်းဗြဲမြို့ နယ် ပြည် သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။

အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ် လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြား လာသည့် အ တွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ ( ၃၂၆ ) မှ ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြ သူ များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယခုလို သဘော တူညီခဲ့ကြကြောင်း သိရသည်။

တောင်းဆိုချက် များကို အမြန်ဆုံး လိုက်လျော နိုင် စေရန်အတွက် သပိတ်စခန်း အဖြစ် ဆက်လက် ထား ရှိရေး ကိုမူ သဘောတူညီမှု မရရှိခဲ့ကြောင်း Arakantimes သတင်းဌာန မှ စုံစမ်း သိရှိရ သည်။

drmyochit

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။