Pages

Thursday, January 10, 2013

KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း

ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ၊ ကော့ပြင်းေ ကျး ရွာအနီးရှိ မြေနီကုန်းတွင် KNUမှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေစာ သောက်စားမူးယစ်ပြီး  မုန်းဒေသမှ ၀ါးလာ ခုတ်သူဒေသခံပြည်သူများအား ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မုန်းေ ဒ သရှိ ကျေးရွာများမှ ရွာသား ၁၀၀ ခန့်နှင့် လှည်းအစီး ၅၀ ခန့်သည် အဆိုပါ ကော့ပြင်းကျေးရွာအနီးတွင် ထင်း ခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်ပြီး ပြန်လာကြောင်း၊ ၄င်းတို့ ပြန်လာစဉ် လှည်းအစီး ၅၀ အား KNUအဖွဲ့မှ တပ် မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း(၈) တပ်ခွဲမှူး ဖိုးကျော်မှ သေနတ်ပြ ခြိမ်းခြောက်ရပ်တန့်စေပြီး လှည်းများပေါ်တွင် ရွာသားများအားမှောက်စေ၍ ပျဉ်းကတိုးအပင်ပေါက်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့ အပြ င်လှည်းတစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာ စုစုပေါင်း  လူ ၅၀ ခန့် ဖမ်းဆီးခံ ရကြောင်း သိရှိရပါသည်။ အဆိုပါ KNU အဖွဲ့၏ ရိုက်နှက်မှုကြောင့် ရွာသား ၁၆ ဦးခန့် မုန်းတိုက်နယ်ဆေး ရုံတွင် ဆေးကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။ KNU အဖွဲ့မှ ၄င်းတို့အား အသိပေးခြင်းမရှိပဲ ၀ါး လာခုတ်သဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ချိန်တွင် KNU အဖွဲ့ဝင်များ အရက်သေစာ သောက်စား ထားပြီး လူမှန်းမသိအောင် မူးယစ်နေကြကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင် သွားသူများအား ဒဏ်ပေးသည့် အနေဖြင့် ၄င်းတို့၏ မရမ်းပင်စခန်းတွင် တောင်ယာခုတ်ထွင်ရှင်းလင်းရန် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
အရိုက်ခံရသူများမှ KNU အဖွဲ့၏ မူးယစ်ရမ်းကားမှုအား မကျေနပ်သဖြင့် သက်ဆိုင်ရာ ဆက်ဆံရေးရုံးမှ တ စ်ဆင့် KNU ဗဟိုသို့ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ပြီးခဲ့သော ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်း၌ KNU အဖွဲ့မှ ဘုရားဖူးတောင်တက် ယာဉ် လိုင်းမှ ယာဉ်အားတားဆီးပြီး ဆက်ကြေးငွေ ၇ သိန်းကောက်ခံသွားသဖြင့် ဆက်ဆံရေးရုံးမှ တဆင့် ၄င်းငွေအား ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သတင်းရရှိပါသည် .....

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း

Labels:
ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ၊ ကော့ပြင်းေ ကျး ရွာအနီးရှိ မြေနီကုန်းတွင် KNUမှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေစာ သောက်စားမူးယစ်ပြီး  မုန်းဒေသမှ ၀ါးလာ ခုတ်သူဒေသခံပြည်သူများအား ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မုန်းေ ဒ သရှိ ကျေးရွာများမှ ရွာသား ၁၀၀ ခန့်နှင့် လှည်းအစီး ၅၀ ခန့်သည် အဆိုပါ ကော့ပြင်းကျေးရွာအနီးတွင် ထင်း ခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်ပြီး ပြန်လာကြောင်း၊ ၄င်းတို့ ပြန်လာစဉ် လှည်းအစီး ၅၀ အား KNUအဖွဲ့မှ တပ် မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း(၈) တပ်ခွဲမှူး ဖိုးကျော်မှ သေနတ်ပြ ခြိမ်းခြောက်ရပ်တန့်စေပြီး လှည်းများပေါ်တွင် ရွာသားများအားမှောက်စေ၍ ပျဉ်းကတိုးအပင်ပေါက်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့ အပြ င်လှည်းတစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာ စုစုပေါင်း  လူ ၅၀ ခန့် ဖမ်းဆီးခံ ရကြောင်း သိရှိရပါသည်။ အဆိုပါ KNU အဖွဲ့၏ ရိုက်နှက်မှုကြောင့် ရွာသား ၁၆ ဦးခန့် မုန်းတိုက်နယ်ဆေး ရုံတွင် ဆေးကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။ KNU အဖွဲ့မှ ၄င်းတို့အား အသိပေးခြင်းမရှိပဲ ၀ါး လာခုတ်သဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ချိန်တွင် KNU အဖွဲ့ဝင်များ အရက်သေစာ သောက်စား ထားပြီး လူမှန်းမသိအောင် မူးယစ်နေကြကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင် သွားသူများအား ဒဏ်ပေးသည့် အနေဖြင့် ၄င်းတို့၏ မရမ်းပင်စခန်းတွင် တောင်ယာခုတ်ထွင်ရှင်းလင်းရန် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
အရိုက်ခံရသူများမှ KNU အဖွဲ့၏ မူးယစ်ရမ်းကားမှုအား မကျေနပ်သဖြင့် သက်ဆိုင်ရာ ဆက်ဆံရေးရုံးမှ တ စ်ဆင့် KNU ဗဟိုသို့ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ပြီးခဲ့သော ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်း၌ KNU အဖွဲ့မှ ဘုရားဖူးတောင်တက် ယာဉ် လိုင်းမှ ယာဉ်အားတားဆီးပြီး ဆက်ကြေးငွေ ၇ သိန်းကောက်ခံသွားသဖြင့် ဆက်ဆံရေးရုံးမှ တဆင့် ၄င်းငွေအား ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သတင်းရရှိပါသည် .....

0 comments: