ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က
ရှမ်းနီပါတီအနေနဲ့ KIA ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဖော်ထုတ် ကန့်ကွက်ထား
တာတွေ့ရပါတယ်။ စာဖတ်တဲ့သူများအနေနဲ့ ရှမ်းနီလူမျိုးတွေပဲ ဒီဒုက္ခကိုခံစား
နေရတာလို့ ယူဆနေမှာစိုးလို့ ဒီစာကိုရေးလိုက်တာပါ။ ရှမ်းနီပါတီရဲ့
ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အချက်တွေ အားလုံးလိုလိုဟာ ကျွန်တော်တို့
ကချင်ဒေသမှာ နေထိုင်နေတဲ့ တိုင်းရင်းသားတွေ အမြဲခံစားနေရ တဲ့ ပြဿ နာ ပါ။
ကချင်ပြည်နယ်ဆိုတာ ကချင်တစ်မျိုး တည်းနေတဲ့ နေရာမဟုတ်ပါဘူး။
တာလောကြီး၊
ဗန်းမော်၊ ကျွန်းကြီး၊ မိုင်းကာ၊ စင်းခမ်း စတဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက်
ရွာတွေ အားလုံးဟာ ဗမာလူမျိုးတွေ နဲ့ ရှမ်း လူမျိုးတွေ နေထိုင်ကြတာများပါတယ်။
KIA ကလူသစ်စုရင်၊ ဆက်ကြေးကောက်ရင် လူမရွေး၊ နေရာ မရွေးပါ ဘူး။ ကချင်ရွာလည်း
စုတာပဲ၊ ရှမ်းရွာလည်းစုတာပဲ၊ ဗမာရွာလည်း စုတာပဲ။ များသောအားဖြင့်
အဲဒီဒေသမှာ ရှိတဲ့ အခြားတိုင်းရင်းသား လူမျိုးတွေဟာ ဒီဒုက္ခေ တွကို
နှစ်ပေါင်းများစွာ ခံလာရတာပါ။
လက်နက်အားကိုးနဲ့ အနိုင်ကျင့်မယ်၊ တိုင်းရင်းသူအမျိုး သမီးတွေကို စော်ကားမယ်။ သူတို့စကားနား မထောင်ရင် ဥပဒေမဲ့ သတ် ဖြတ်မယ်။ ဒီလုပ်ရပ်တွေဟာ KIA အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းလို လိုဖြစ်နေပါပြီ။ ဒီဒေသမှာရှိတဲ့ ရှမ်းရွာတွေ၊ ဗမာရွာတွေ အနေနဲ့ ကြောက်လို့သာ မပြောရဲတာ၊ ဘယ်သူမှ မကျေနပ်ကြ ပါဘူး။ ဒါကြောင့် လူငယ်တွေ ဆိုရင်ရွာ မှာတောင်မနေရဲဘဲမြို့ကိုပို့ထားရပါတယ်။ အကြောင်း အမျိုး မျိုးကြောင့် KIA ရဲ့ လူသစ် ဆွဲတဲ့အထိပါသွားပြီ ဆိုရင်တော့ ဘ၀ဟာရစရာမ ရှိအောင်ရေ စုန်မျောတော့တာပါပဲ။ KIA လူသစ်စုဆောင်း ခံရရင် ပိုက်ဆံရှိရင် ပိုက်ဆံပေးပြီး လိုက်ရွေးလို့ရတယ်။ ပိုက်ဆံမရှိလို့ကတော့ ပြန်လာစရာလမ်းမရှိပါဘူး။
KIA ရဲ့ လူသစ် စုတာ ပါသွားလို့ ဘယ်နေ့၊
ဘယ်အချိန်ပြန်လာ မလဲဆိုပြီး စောင့်နေရှာတဲ့ မိဘတွေလည်း အများကြီးပါ။
တစ်ချို့မိဘတွေဆိုရင် အသက်ကြီးလာတော့ သားသမီးပဲအားကိုးရတာ အဲဒီအားကိုးရတဲ့
သားသမီးက လူသစ်စု ခံလိုက်ရရင် မိဘလဲဘ၀ပျက်တာပါပဲ။ ပိုဆိုးတာက
မိန်းကလေးတွေပါ။ မိန်းကလေး တွေ လူသစ်စုတဲ့အထဲပါသွားရင်တော့ မတွေးရဲစရာပါပဲ။
အဲဒီလိုလူသစ်စုခံရပြီး ဘ၀ပျက်ခဲ့ရတဲ့ မိန်း ကလေး တွေလည်း အများကြီးရှိ
ပါတယ်။ နောက်ဆုံး တရုတ်ပြည်ကိုရောင်းစား ခံရတဲ့အထိကို ဖြစ်နေတာပါ။
လူသစ်
စုခံရတဲ့သူ အများစုဟာ ပြန်လာချင်၊ အလင်းဝင်ချင်ပေမဲ့လည်း ထွက်ပြေးရင်
သတ်မယ်၊ KIA မသတ် လည်း အစိုးရက သတ်မှာပဲ။ မင်းတို့မိဘတွေလည်း
ထောင်ချခံရမယ်ဆိုတဲ့ ခြိမ်းခြောက် စကားတွေကြောင့် တော်တော် တန်တန်
ထွက်မပြေးရဲကြဘူး။ KIA မှာ ဥပဒေဆိုတာလည်း ရှိတာ မဟုတ်ဘူး။ လူ့အသက်ဆို
တာလည်း ကြက်ကလေး၊ ငှက်ကလေးလိုပဲ။ သတ်ချင်သလို သတ်ဖြတ်နေ ကြတာ။ ဒါတွေက
ကျွန်တော်တို့ ကချင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေရဲ့
ဘ၀အမှန်တွေ ပါ။ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဒီဇင်ဘာလ ၂၇ ရက်နေ့က
ရှမ်းနီတွေထုတ်ပြန် ခဲ့တဲ့ ကြေငြာချက်ကို ကျွန်တော်တို့ လုံးဝထောက်ခံပါတယ်။
ဒါပေမဲ့ အားလုံးသိစေ ချင်တာက ဒီလို ဒုက္ခမျိုးတွေကို ရှမ်းနီတွေတင်မကပါဘူး။
ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးက အဲဒီလို ဒုက္ခတွေကို
ခံစားနေရတယ် ဆိုတာ သိစေချင် ပါတယ်။
From:ဗန်းမော်သား(KDN)
From:ဗန်းမော်သား(KDN)
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။