လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော ဒေါ့ ဖုန်း ယန်ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချ ထားသောမြန်မာအစိုးရ အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့  ညနေ ပိုင်းက သွားရောက် တိုက်ခိုက် ခဲ့ရာလက်နက်ကြီး များထိ မှန် ပျက်စီး သွားခဲ့ပြီးကျန်ရှိသော လက်နက်ကြီးများအား နေ ရာပြောင်းရွှေ သွား ကြကြောင်း သိရသည် ဟုအင်တာနက် သတင်း အချို့တွင်ဖော်ပြ ထား ရာ ၄င်းသတင်း မှန်ကုန်မှု မရှိကြောင်း ဒေါ့ဖုန်းယန် အမြောက် တပ်တွင် တာဝန်ကျနေသောအရာရှိတစ်ဦးမှာဆိုပါသည်။
မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချရတဲ့နေရာမှာဘဲနေရာချထားတာပါ။ ကျွန်တော်တို့အမြောက်စခန်းတွေပတ်ဝန်းကျင်မှာခြေလျင် တပ်တွေအများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့ တစ်ချက် လမ်းပစ်ပြီတော့ထွက်ပြေးသွားတာတော့ရှိပါတယ် ကျွန်တော်တို့စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ တစ်လုံးကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက် ပစ်နိုင်တာကို ဘဲသူတို့ဂုဏ်ယူပြီးပြောနေတယ်ထင်ပါတယ်။
KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင်သွေးပျက်ပြီးပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့်သူတို့တပ်ဖွဲ့တွေစိတ်ဓာတ်မကျအောင်ဝါဒဖြန့်တယ်လို့ယူဆပါတယ် အမြောက်ပစ်တာရ ပ်မရပ် ကတော့ KIA အသိဆုံးပါဟုပြောဆိုသွားသည်။
Phay Than Zaw
က ချင် တိုင်း ရင်း သား အ ပါ အ ၀င် အ ပြစ် မရှိ တဲ့  ပြည် သူ လူ ထု ကို အ ကြမ်း ဖက် နေ တဲ့  ကေ အိုင် အေ ကို ထိ ထိ ရောက် ရောက် ပစ် ခတ် ပေး ပါ၊ ခြေ လျင် ရဲ ဘော် တွေ ကို ထိ ရောက် ပစ် ကူ ပေး ပါ။ တိုင်း ပြည် အတွက် တိုက် ပွဲ ၀င် နေ တဲ့ ရဲ ဘော် များ ကို လေး စား ဂုဏ် ယူ လျက် ပါ၊ဦး ညွတ် အ ရို အသေ ပြု လျက် ပါ၊ တရား သော စစ် အောင် ပါ စေ ၊ကေ အိုင် အေ ကျ ဆုံး ပါ စေ ၊ က ချင် ပြည် နယ် အ မြန် ဆုံး အေး ချမ်း ပါ စေ၊ က ချင် တိုင်း ရင်း သား များ လူ မှု ဘ၀ အေး ချမ်း ပါ စေ၊ ဘေး ကင်း ကြပါ စေ၊
ReplyDelete