Pages

Wednesday, January 2, 2013

တာလီဘန် များက သေနတ်ဖြင့် ပစ်ပြီး သေပြီ ဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေ ပြန်ကောင်းလာ

အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့ကဆေး ကုသ ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းသတင်းရရှိသည်။
 
ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲ ၀ှက်ကာ သေနတ် သမား များ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူ ရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက် ရှင်ခဲ့ ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကိုကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်းပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့် သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန် လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ အကယ် ၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်း မည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများကပြောကြားသည်။

မောက္ခ
ရွှေနိုင်ငံ 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

တာလီဘန် များက သေနတ်ဖြင့် ပစ်ပြီး သေပြီ ဆိုကာ ပစ်ထားခဲ့သည့် ၆ နှစ်သမီးလေး အခြေအနေ ပြန်ကောင်းလာ

Labels:
 
အာဖဂန်နစ္စတန်တွင် တာလီဘန်အကြမ်းဖက်သမားများသည် အသက် ၆ နှစ်သမီးလေးကို သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ကာ သေပြီးဆိုပြီး ပစ်ထားခဲ့ကြသည်။ ထိုကလေးငယ်ကို အမေရိကန်တို့ကဆေး ကုသ ပေးခဲ့ရာ ယခုအခါတွင် အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းသတင်းရရှိသည်။
 
ကမ္ဘာ့ဆေးဝါးရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသော အယ်လစ်စာ မွန်တန်တီဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ကလေးငယ်မှာ မျက်လုံးတစ်လုံးသာ အစားထိုးကုသပေးရန် ကျန်တော့သည်ဟုဆိုသည်။ ကလေးငယ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဖခင်ဖြစ်သူက ကားထဲ ၀ှက်ကာ သေနတ် သမား များ စောင့်ကြပ်နေသည့်ကြားမှ ကယ်ထုတ်လာခဲ့ရခြင်းဖြစ်သည်။ သူမသည် ၃ နာရီခန့် ဆေးကုသမှု မခံယူ ရဘဲ မေ့မြောနေခဲ့ရာမှ ကံကောင်းထောက်မစွာဖြင့် အသက် ရှင်ခဲ့ ရခြင်းဖြစ်သည်။

ပလပ်စတစ်ဆာဂျင်ခွဲစိတ်ကုသပေးသော ဆရာဝန်များက ထိုသတင်းကိုကြားပြီးနောက် ဆေးရုံသို့လာကာ ကလေးငယ်၏မျက်နှာကို မူလအတိုင်းပြန်လည်ပြုပြင်ကြရာတွင် ယခုအခါ မျက်လုံးတစ်လုံးသာ ထည့် သွင်း ပေးရန် ကျန်တော့သည်။

ကလေးငယ်၏အမည်နှင့် ဖခင်အမည်ကို ကွယ်ဝက်ထားကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းပြီး အိမ်ပြန် လျှင် လည်း ကလေးနှင့်တကွ ဖခင်ဖြစ်သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း သိရသည်။ အကယ် ၍ အမေရိကန်အစိုးရအနေဖြင့် ကလေးနှင့် မိသားစုအသက်ကို ကယ်တင်နိုင်လျှင် ပိုကောင်း မည်ဟု ဆေးရုံမှ တာဝန်ရှိ အဖွဲ့အစည်းများကပြောကြားသည်။

မောက္ခ
ရွှေနိုင်ငံ 
0 comments: