ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတွင်း နေ ထိုင်ကြတဲ့ သူတွေ အတွက် စားဝတ်နေရေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုခက်ခဲလာနေပါတယ်။ စစ်ပွဲတွေဖြစ်နေပေမ ယ့် ၀မ်းရေးဟာ အဓိကဖြစ်နေတာမို့ ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေကြားထဲကပဲ မိမိတို့ရဲ့ ၀မ်းစာအတွက် လုပ်ကိုင်ရှာဖွေ စားသောက်နေကြရပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စား နေရတဲ့ အလုပ်သမား တွေ ဟာ ေ ရႊေ မွာ္ေ တွအတွင်းမှာ သက်စွန့်ကြိုးပမ်း လုပ်ကိုင်စားသောက်နေကြရပါတယ်။
ရွှေမှော်ထဲမှာ လုပ်ကိုင်စားသောက်နေကြတဲ့သူတွေဟာ KIA လက်နက်ကိုင်အဖွဲ့တွေနဲ့ သင့်တင့်အော င်ပေါင်း ပြီးဝမ်းစာရှာဖွေနေကြရသူတွေဖြစ်ပြီး KIA တပ်ဖွဲ့တွေကို လစဉ်ကြေး ပေးပြီး အလုပ်လုပ်နေပေမဲ့ KIA တပ်တွေ အနေနဲ့ နေ့စဉ်ဆိုသလို လူဝင်လူထွက်စစ်ဆေးမှုတွေလုပ်နေပါတယ်။ KIA အဖွဲ့ရဲ့လုပ် ကိုင်ခွင့်လက်မှတ် မရှိတဲ့ သူတွေတွေ့ရင် ချက်ချင်း ဖမ်းဆီးပြီး မသင်ကာ တဲ့သူဆိုရင် သေနတ်နဲ့ပ စ်သတ် ပါတယ်။ ဒီခြားထဲမှာ သူတို့ရဲ့ လက်မှတ်ကိုင်ဆောင်ထားတာမှန်ပေမယ့် အရွယ်ရောက်နေတဲ့ ယောက်ျားေ လး ၊ မိန်းမလေးတွေဆိုရင်လဲ KIA တပ်ဖွဲ့မှာ အမှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်သွားပါတယ်။
KIA တပ်တွေမှာ ကျဆုံသူတွေများနေသလို၊ ထွက်ပြေးသူတွေ အစိုးရထံလက်နက်ချသူတွေရှိနေတာေ ကြာင့် KIA တပ်ဖွဲ့မှာ လူအင်အားနည်းပါးနေပါတယ်။ ဒါကြောင့်လဲ လုံခြုံရေး အကြောင်းပြစစ်ဆေးပြီး လူသစ်စုဆောင်း နေတာ ဖြစ်ပါတယ်။ရွှေမှော်မှာလုပ်ကိုင်စားသောက်နေကြတဲ့ သူတွေအများစုကတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ သူတို့ရဲ့ သားသမီးတွေ မှော်ထဲလိုက်မလာကြဖို့ သတိပေးနေကြပါတယ်။ အဲဒီမှာလူမျိုးပေါင်းစုံလုပ်ကိုင် စားသောက် နေကြပေမယ့် ရှမ်းနဲ့ဗမာလူမျိုးတွေအပေါ်မှာတော့ KIA ကပိုပြီး ဖိနှိပ်နေ တယ်လို့ ရွှေမှော်မှာရှိနေတဲ့ ရှမ်းလူမျိုး တစ်ဦးဖြစ်တဲ့ နော်ခမ်းလူကပြောပြပါတယ်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။