မင်္ဂလာရှိသော မွေးနေ့  နှစ်သစ်မှာ
မင်္ဂလာရှိသော သမ္မတဦးသိန်းစိန်ရဲ့  ဆုမွန်ကောင်းကို တွေ့လိုက် ရပါတယ်။
အရမ်းကို ချစ်စရာကောင်းလှပါသော ကျွန်တော်တို့  မြန်မာလူမျိုးတွေရဲ့ 
အေးချမ်းမှု၊ မင်္ဂလာ တရားတော်နဲ့ ပြည်စုံမှုတွေကို ဒီနှစ်သစ် မနက်ခင်း
ဖွဘုတ်မှာ တွေ့ လိုက်ရပါတယ်။
အလားတူပါပဲ မင်္ဂလာ မရှိလှသော Jade land ရဲ့  ဓါတ်ပုံတွေ တွေ့ လိုက်ရသလို
စစ်ဦးစီးချုပ် ဂွမ်ရှောင်ရဲ့  အင်တာဗျူးကိုလည်း ကြည့်လိုက်ရပါတယ်။
ဘာသာရေးကို ဆွဲမထည့်ကြပါနဲ့  KIO ခေါင်းရှောင်ကြီးများ ခင်ဗျား။
ပလေတိုလည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဒါပေမယ့် ဘာသာတရားတိုင်းကတော့
အတူတူပဲ လို့  သိရှိမှတ်သားခဲ့ရဘူးပါတယ်။ ကောင်းတာကိုပဲ လုပ်ဖို့ 
မကောင်းတာတွေ မလုပ်ဖို့  သက်ဆိုင်ရာ ဘုရားတွေက ညွှန်ပြခဲ့တာပါ။
ပလေတို ဘင်္ဂလီကို ဆန့် ကျင်ခြင်းသာ ဖြစ်ပြီး အစ္စလာမ်ကို ဆန့် ကျင်ခြင်း
မဟုတ်ပါ။
ပလေတို KIO-KIA ကို ဆန့် ကျင်ခြင်းသာ ဖြစ်ပြီး ကချင်တိုင်းရင်းသားများနဲ့ 
ခရစ်ယာန် ဘာသာကို ဆန့် ကျင်ခြင်း မဟုတ်ပါ။
ပညတ်တော် (၁၀)ပါးမှာလည်း You shall not murder, You shall not commit
adultery, You shall not steal ဒီလိုပဲ ပါရှိပါတယ်။
အခု ဂွမ်ရှောင် ပြောသွားတာက KIA စစ်တိုက်ဖို့  ဘယ်လိုလုပ်ပါ၊ ဘယ်လိုချပါ၊
ဘယ်လို နှက်ပါ ဆိုပြီး ဘုရားက အသေးစိတ် ပြောထားပါတယ် တဲ့။ ပြီးတော့
စစ်စဖြစ်ပြီ ဆိုတာနဲ့ ဘုရားက အကုန် စီစဉ်ပေးပါတယ်တဲ့။
ဒါဆိုရင် ဂွမ်ရှောင်ကို မေးချင်တာကတော့ အပြစ်မဲ့ ပြည်သူတွေကို
လူတံတိုင်းလုပ်၊ သေကြပေရော့ လို့  ပြောတာ KIO - KIA ခေါင်းရှောင်တွေ
မဟုတ်ဘူးပေါ့။ စေတန်တွေ ဆိုပြီး သုံးနှုံးသွားတာဟာ အင်မတန့်  အင်မတန်မှပဲ
လက်လွှတ်စပယ် ပြောရာရောက်ပါတယ်။ (ဖွဘုတ်က မောင်စေတန်ရဲ့ 
ပရိသတ်ဖြစ်နိုင်တယ်)
(ဘာသာရေးအရ ထပ်မပြောလိုပါဘူး)
နောက်တစ်ချက်က ဂွမ်ရှောင် ဟာ သူတို့ ကိုယ် သူတို့  သူပုန်တွေ ဆိုတာကို
ဝန်ခံသွားပါတယ်။
နောက်တစ်ချက်က ဂွမ်ရှောင်ဟာ တရုတ်ဆီက ထောက်ပံ့မှု မရဘူး ဆိုပြီး ရှေ
့-နောက် မညီ ပြောသွားပါ တယ်။
တရုတ်က သူပုန်တွေကို မကူရဘူးလို့  ဗဟိုက မူဝါဒချမှတ်ထားတော့ ခက်နေတယ် တဲ့။
ဗဟိုက မသိချင်ယောင်ဆောင်၊ ယူနန်နဲ့  ပေါင်းပြီး လက်သိပ်ထိုး လုပ်နေတာတွေ
မသိဘူး လို့  ထင်နေသလား။ နောက်တစ်က ဂွမ်ရှောင်တို့  ခေါင်းဆောင်တွေ
အမေ၇ိကကို သွားတုန်းက ဘယ်က ပတ်စ်ပို့ နဲ့  သွားခဲ့ကြပါသလဲ။ ဘယ်မှာ ဗီဇာ
ဝင်ခဲ့ကြပါသလဲ။ ပီကင်းကတော့ ၀န်ခံမှာ မဟုတ်သလို တရားဝင် ခွင့်ပြုမှာလဲ
မဟုတ်ပါဘူး။
စစ်စဖြစ်ပြီ ဆိုတာနဲ့  ဘုရားသခင်က အကုန် စီစဉ်ပေးတယ်။ လက်နက်တွေ ၀ယ်ဖို့ က
အစ ဆိုပြီးတော့ ပြော သွား ပါတယ်။ ဒါဆိုရင် အခု KIA သုံးနေတဲ့
တရုတ်လက်နက်တွေ၊ ၁၂၀ မမ စိန်ပြောင်းတွေက တရုတ်က မရလို့ ၊ မထောက်ပံ့ လို့ 
ဘယ်က ရပါသလဲ။
အခု သုံးနေတဲ့ ဆက်သွယ်ရေးစက်တွေ ဘယ်က ရပါသလဲ။ အင်တာနက်အပါအ၀င် ကွန်ရက်တွေ
ဘယ်က ရပါသလဲ။ ယုတ္တိရှိရှိ ပြောဖို့ လိုတယ် ထင်ပါတယ်။
ဂွမ်မော် ပြောခဲ့တာတွေနဲ့  အခု ဂွမ်ရှောင်ထွက်ပြောတာတွေ ကွဲလွဲနေတာတွေ
အများကြီးပါ။ စဉ်းစားစရာက ဂွမ်မော် ထွက်မလာဘဲ ဂွမ်ရှောင် ဘာဖြစ်လို့ 
ထွက်ပြီး ရှင်းတာလဲ။ ပင်လုံကို အကာအကွယ်လုပ်ထားပေမယ့် ပင်လုံကို သေသေချာချာ
နားမလည်ဘူး။
ဘာသာရေးဘက်ကိုပဲ ဆွဲပြီး ပြောသွားတာ တွေ့ ရပါတယ်။
ဂွမ်ရှောင်ရဲ့  သဘောထားက ဘာသာရေး ပဋိပက္ခကို တည်ချင်တဲ့ ပုံစံ ဖြစ်နေတယ်။
ဒါမျိုးတော့ မလုပ်သင့်ဘူး ထင်ပါတယ်။ ရိုးသားဖို့  လိုပါတယ်။
ကရင်ခေါင်းဆောင်တွေ ပြေတာနဲ့  KIO ခေါင်းရှောင်တွေ ပြောတာ မတူဘူး။
ရင်ဘတ်ထဲက သိနေတယ်။။
ဂွမ်ရှောင် ရော ဂွမ်မော်ရော မရိုးသားဘူး။
ကချင်ပြည်နယ် မငြိမ်းချမ်းရခြင်းရဲ့  အဓိက ပြဿနာက ဒါပဲ။ ရိုးသားမှု လိုနေတာ
ပါ။
ပလေတို ဒီမို
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။