Pages

Saturday, January 5, 2013

ကြားညှပ်သွား သလား၊ ကြားညှပ်ထား တာလား မသိသော စန္ဒာမင်း

ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံ တိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ အမှတ်(၂၂၃)ရှိ တော်ဝင်နှင်းဆီစားသောက် ဆိုင် သီရိခန်းမတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ဇဗ္ဗူသီရိမြို့နယ်ပြည်သူ့လွှတ်ေ တ်ာကိုယ် စားလှယ် ဒေါ်စန္ဒာမင်းတို့မှ မိုးထိမိုးမိ ရွှေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်း လင်းပွဲအား (၄-၁-၁၂)ရက်နေ့ နေ့လယ် (၂)နာရီအချိန်တွင်ပြုလုပ်သွားကြောင်း သိရှိရပါသည်။
 
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ စီမံကိန်းမန်နေဂျာ ဦးထွန်းအောင်စိုးမှ မိုးထိမိုးမိ ဆန္ဒပြအလုပ်သ မား များနှင့် ပြေလည်မှုရရှိသည်အထိ ဆောင်ရွက်နိုင် ခဲ့သည်ကိုပြောကြား၍ ဒေါ်စန္ဒာမင်းမှ ယခုမီဒီယာ များနှင့်တွေ့ဆုံပြီး မိုးထိမိုးမိဒေသရွှေ တူးဖော်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲပြု လု ပ်ရာ သူမအနေဖြင့် (၁၂ဒီ၂၃)ရက်နေ့မှစတင်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။
(၂၀၁၂)ခုနှစ်မှာ ယခုလိုပြဿနာတစ်ခုပြေ လည်စွာရှင်းလင်းပေးနိုင်သဖြင့် မင်္ဂလာရှိသည်ဟု ပြောလိုေ ကြာင်း၊ မိုးထိမိုးမိဒေသဆန္ဒပြ အလုပ်သမားများသည် ဆန္ဒပြလမ်းလျှောက်လာ ရာ ခေါင်းဆောင် များ ကိုသက်ဆိုင်ရာမှ တောင်ငူခရိုင်ရေတာရှည်မြို့အဝင်တွင် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း၊ ပုဒ်မ(၁၈)၊ (၅ဝ၅/ ခ)တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဥက္ကဌ ဦးစိုးထွန်း ရှိန်၊ သက် ဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် သူမတို့သည် ဆန္ဒပြအလုပ်သမားများဖြင့် လေး ကြိမ် ညှိနှိုင်းခဲ့ရာ ပထမအ ကြိမ်တွင် အဆင်မပြေခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင် ကျင်းဦးစီး တစ်ဦးကို (၅)သိန်းဖြင့်ဖြေရှင်းပေးခဲ့ေ ကြာ င်း ၊ တတိယအကြိမ်တွင် ကျင်းဦးစီးတစ်ဦးကို (၁ဝ)သိန်းကျပ်ဖြင့် ဖြေရှင်းပေးခဲ့ကြောင်း၊ စတုတ္ထအကြိမ် တွင် ကျင်းဦးစီးတစ် ဦးလျှင် (၁၅)သိန်းဖြင့်ဖြေရှင်းပေးခဲ့ကြောင်း၊ ကယ်ရီအလုပ်သမားများကို တစ်ဦးလျှင် (၅ ) သိန်းကျပ်နှုန်း ဖြင့်ဖြေရှင်းပေးခဲ့ရာ အလုပ်သမား(၈၁)ဦးကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ၊ ငြိမ်းချမ်းစွာပြီးဆုံး သွား ခဲ့ကြောင်း သိရှိရပါသည်။
သူမသည်အလုပ်ရှင်ဖြစ်ခဲ့ရသဖြင့် အလုပ်ရှင်များ၏ဘဝကိုကိုယ်ချင်းစာနာသလို အလုပ်သမား များအားအ လုပ် ရှင်များမှ မတရားခေါင်းပုံဖြတ်မှုကို အလုပ်သမားများဘယ်လို ခံစားရမလဲ ဆိုတာကိုလည်းနားလည်ေ ကြာင်း၊ အမှန်ကန်ဆုံး ဆုံးဖြတ်ပေးခဲ့ကြောင်း၊ အလုပ် သမားများနေထိုင်သည်ကိုလည်း ကိုယ့်သဘောနှင့် ကိုယ်သွားရောက်လေ့လာရာ ရေချိုး ကန်၊ လျှပ်စစ်မီး၊ မူလတန်းကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်သမားများအား ထောက်ပံ့မှုကိုလေ့လာရာအနည်းငယ်ကျေနပ်ခဲ့ရကြောင်း၊ ဦးစိုးထွန်းရှိန်မှလည်း ထိုသို့ လေ့လာရန်ဖိတ်ကြားကြောင်း၊ ဆန္ဒပြခေါင်းဆောင် ဦးစောနိုင်၊ ဦးနိုင်ဝင်း၊ ဦးရဲထွန်း၊ နန္ဒာ ထက်ေ အာင် တို့ (၄)ဦးသည် ပုဒ်မ(၁၈)အရ ဒဏ်ငွေတစ်သောင်းကျပ်ပေးဆောင်ရပြီး၊ ပုဒ်မ(၅ဝ၅/ခ)အရထောင် ဒဏ်(၆)လကျခံစေရန် ယနေ့အမိန့်ချမှတ်ခံရကြောင်း၊ ငြိမ်းချမ်း စွာဖြင့်ဖြေရှင်းပေးနိုင်ခဲ့သည်ကို အခြားအ လုပ်ရှင်နှင့်အလုပ်သမားများမှ အတုယူစေလို ကြောင်း၊ ဒီမိုကရေစီစနစ်ထူထောင်နေချိန်မှာ ပထမဆုံးအ ကြိမ်ဖြေရှင်းပေးနိုင်ခဲ့ခြင်းဖြစ် ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
ဆန္ဒပြအလုပ်သမားတစ်ဦးမှ ပြောကြားရာ--- 
 
၎င်းတို့ရွှေ လုပ်သားဆန္ဒပြခဲ့ သူများအတွင်း(၄)ဦးအဖမ်းခံခဲ့ရကြောင်း၊ ဒေါ်စန္ဒာမင်းပြောဆိုခဲ့သည် အတိုင်းသာဖြစ်ကြောင်း၊ မီဒီယာများမှမေးမြန်းကြရာတွင် ပြေလည်သွားပြီဟုပြောသော် လည်း မည်သည့် အတွက်ကြောင့်(၄)ဦးကထောင်ကျခဲ့ရသနည်း?
 
 ကုမ္ပဏီနှင့် ပြဿနာတက် သည်ကိုဘာကြောင့် နိုင်ငံတော်ကထောင်ချခဲ့တာလဲ?
 
 အလုပ်သမားအများစုဘာကြောင့် မလာရောက်တာလဲ?
 
ဟုမေးရာ ဒေါ်စန္ဒာမင်းမှ ထောင်ကျခြင်းသည်နိုင်ငံတော်နှင့်သာသက်ဆိုင်ကြောင်း၊ အလုပ်သမားများ သ ည် လည်း ကုမ္ပဏီမှစည်းကမ်းတင်းကျပ်သဖြင့် လာရောက်နိုင်ကြခြင်း မရှိကြောင်းစသည်ဖြင့်ဖြေဆိုခဲ့ေ ကြာင်း သိရှိရပါသည်။
လာရောက်သတင်းယူသော  သတင်းထောက်အများစုမှ ဒေါ်စန္ဒာမင်းသည်ယခု ပြဿနာအတွင်း ကြားည ပ်ေ နပြီဟုပြောဆိုဝေဖန်နေကြကြောင်း ပြောဆိုမှုအားသိရှိရပါသည် ။
မိုးထိမိုးမိ ရွှေမိုင်းသည် နိုင်ငံတော်နှင့် လုပ်ကိုင်သည့် ကုမ္ပဏီတို့ ၂ ဦး ၂ဖက် အကျိုးရှိအောင် ဆောင်ရွက် ထားခြ င်းဖြစ်ပါသည်။ ယခင် က ကနေဒါနိုင်ငံ အခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီသည် မြန်မာမြေပေါ်မှ အဆီ အနှစ်များကိုထုတ်ယူသွားသလို ၄င်းတို့နှင့် ရွှေလုပ်ကွက်အနီးတွင်လည်း ဒေသခံ တစ်ပိုင်တစ်နိုင် ရွှေတူးေ ဖ်ါသူများ အား လုပ်ကိုင်ခွင့်ပေးထားခဲ့ပါသည်။ နိုင်ငံတော်မှ ပုဒ်မ -၁၄၄ ထုတ်ပြန်ကာ တားဆီးခဲ့သော် လည်း ဒေသတွင်း တစ်ပိုင်တစ်နိုင် ဗျောက်သောက် ထုတ်လုပ်နေမှုများကြောင့် ရမည်းသင်းခရိုင်နှင့်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများသာ ငွေကြေးတံဆိုးလက်ဆောင်များဖြင့် ချမ်းသာသွားပြီး နိုင်ငံတော်အတွက် မည်သည်အကျိုးအမြတ်မျှ မရရှိခဲ့ပါ။
သို့ဖြစ်၍ နိုင်ငံတော်မှ အိုင်ဗင်ဟိုး ကုမ္ပဏီအား မောင်းထုတ်ခဲ့ရပြီး စနစ်တကျ လေလံတင်ခဲ့ရာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ တစ်နှစ် လျှင် နိုင်ငံတော်သို့ ရွှေတန်ချိန် ၅.၅၇၇ တန်ဖြင့် အောင်မြင်ခဲ့ ပါသည်။ အကျိုးတူ အများပိုင် ကုမ္ပဏီအဖြစ် စတင်လုပ်ကိုင်ချိန်တွင် ဒေသတွင်းတစ်ပိုင်တစ်နိုင် ထုတ် လုပ်သူများ၊ ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့စဉ်က ဒေသအာဏာပိုင်များကို ငွေကြေး လဘ်ထိုးပြီး ခိုးတူးသူများက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလုပ်ငန်းစုအား ကန့်ကွက်ဆန္ဒပြခဲ့ခြင်းသာ ဖြစ်ပါသည်။
ဒေါ်စန္ဒာမင်းပြောသကဲ့သို့ အလုပ်ရှင် ၊ အလုပ်သမား ပြသာနာ မဟုတ်ဘဲ ၊ တရားဝင် ကုမ္ပဏီများနှင့် ခိုးတူးသူများကြား ပြသာနာသာဖြစ်ပြီး ဒေါ်စန္ဒာမင်း မိုးထိမိုးမိ တောင်ပေါ်သို့ ရောက်ရှိလေ့လာချိန်တွင် အားလုံးသဘောပေါက်လက်ခံသွားပြီး ဖြစ်ပါသည်။ သို့သော်လည်း ဒေါ်စန္ဒာမင်းအနေဖြင့် ရပ်တည် ချက် မှားနေသော်လည်း မှန်သယောင်ပြုကာ ဖျာခင်း၊ နံမည်ကောင်းယူလို့သည့် အတွက်သာ ပါဝင်လာခြင်း ဖြ စ်ပါသည်။ လက်တွေ့တွင် အထင်နှင့်အမြင် လွှဲမှားမှန်သိလာသော အခါ ဆန္ဒပြသူများဖက်မှ ဒေါ်စန္ဒာ မင်းအပေါ်ယုံကြည်မှုနည်းပါးလာကြောင်း သိရှိရပါသည်။
 
ခေတ်သစ်
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: