ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် လူသန်းပေါင်းများစွာ နေထိုင်သလို လူမျိုးစု များစွာ ဘာသာ များစွာ ရှိကြပါတယ် အဲဒီအချိန်မှာ ကမ္ဘာမှာ မြန်မာရယ်လို့ လူသိရှင်ကြား စဖြစ်ချိန် တိုးတက်နေချိန်တွင် ယခု ဖြစ်သွားခဲ့သာသော ကိစ္စရပ်မှာ အလွန်ပင်ရုပ်ဆိုးလှပါတယ်
အသက်မပြည့်သေးသော မိန်းမပျိုတစ်ယောက်အား မုဒိန်းကျင့်သော ကိစ္စအနေနှင့် ပြည်သူအများစုမှာ NLD ပါတီကို မကျေမနပ် ဖြစ်မိမည် ဟုထင်ပါတယ်
အိန္ဒိနိုင်ငံ ဘတ်(စ်)ကား တစ်စီးပေါ်တွင် ဆေးကျောင်းသူ တစ်ယောက် မုဒိမ်းကျင့်ခံရသောအချိန်တွင် အိန္ဒိယ နိုင်ငံ မှ ပြည်သူများက တစ်ခဲနက် ဆန္ဒပြခဲ့ကျပါတယ် ထို့နောက် လွှတ်တော် တွင်လည်းေ နာ က်နောင်ထိုကဲ့သို့ အမှုများအတွက် လွှတ်တော်တွင် သင်းကွတ်ရန် အဆိုတင်သွင်းခဲ့ပါတယ်
NLD ပါတီရယ်လို့ လူသိများသော ပါတီ တစ်ခု အနေနှင့် ထိုကိစ္စအား ပြည်သူများ ကျေနပ်သည် အထိ လုပ်ဆောင်ပေးရန်လိုတယ် လို့ ကျွန်တော် ထင်မိပါတယ် အကယ်လို့ ပါတီ အနေနှင့် ပြည်သူ များ ကျေ နပ်သည် အထိ လုပ်မပေးနိုင်ခဲ့လျင် ၂၀၁၅ တွင် NLD ပါတီ အတွက်ရင်လေး ဖွယ်ရာ ဖြစ်မိပါတယ်
ကျွန်တော့် အထင်နှင့် ထပ်တူမကျသော သူများ မှာကျွန်တော့်ကို ဆဲချမည်ဆိုတာကိုလည်း ကျွန်တော် ကြိုတင်သိရှိထားပါတယ် ဒါပေမဲ့ ဘယ်သူတွေဘယ်လိုပဲ ပြောနေပါစေ ဖြစ်သင့်ဖြစ် ထိုက်တဲ့အမှန် တရား တစ်ခုကိုတော့ အမှောင် အဖြစ် ဖုံးကွယ်မထားပဲ ပြည်သူများ သိရှိအောင် လုပ်ဆောင်ရန်မှာ ကျွန်တော် တို့ မြန်မာ နိုင်ငံသားများရဲ့ တစ်စိတ် တစ်ပိုင်း တာဝန် တစ်ရပ် ဖြစ်ပါတယ်
အကယ်လို့ ကျွန်တော်ပြောခဲ့သော ကိစ္စများမှာ မှားယွင်းခဲ့သည်ဟု ယူဆမည်ဆိုခဲ့လျင် သင်ကိုယ်တိုင် ထိုမိန်းကလေး မိဘ နေရာမှာ ၀င်လိုက်ပါ ကျွန်တော် ဘယ်ပါတီရယ်လို့မှ ပါတီစွဲမရှိပေမဲ့ ဖြစ်သ င့် ဖြ စ်ထိုက်သည်များကို ထောက်ပြလိုပါတယ် လွတ်လပ်စွာ ဝေဖန်နိုင်သလို အမြင်မတူသူမျာလည်း လွတ် လပ်စွာ ပြောနိုင်ပါတယ်
သို့သော် မြန်မာ မိန်းကလေးများဖတ်ရန် မသင့်တော်သော ကွန်မန့်များကို ဖျက်သွားမှာ ဖြစ်ပါတယ် (မှတ်ချက်။ ။ကျွန်တော် မြန်မာ အမျိုးသမီးများကို စောင့်ရှောက်လိုသည့် စိတ်ဓါက် နှင့် မျိုးချစ် ဓိတ် ဓါက်လေး တစ်ချို့ ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းနေလို့ ဖြစ်ပါတယ်.......)
Nay Min
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။