Pages

Saturday, January 5, 2013

စစ်သား လူမိုက်

ရန်သူအင်အား (၅၀၀) လောက် ဖြတ်သန်းမည့်  လမ်းကြောင်း တစ်ခုပေါ်မှာ  စစ်သည်(၅) ဦးဟာ သူတို့ အသက်ကို ရင်းပြီး ကင်းစောင့် နေပါသည် ဟု ဆိုလျှင်  ရူးသွပ်နေသည်ဟု သင်တို့ ထင်မြင် ယူဆမည် မဟုတ်လော ၊ ယူဆလိုက ယူဆနိုင်ပါသည်။  စစ်သား ၏ အဓိက တာဝန်က စစ်တိုက်ရန်ဖြစ်သည်  ( စစ် သားတွေ နိုင်ငံကို အုပ်ချုပ်နေတာ ဘာဖြစ်လို့လဲဟုခင်ဗျားတို့ မေးနိုင်ပါ သည်။ ရိုးသားစွာ ပြောရလျှင်  ကျွန်ေ တာ် မသိပါ၊)  ကျွန်တော် ယခုပြောမည့်  စစ်သားဆိုသည်ကား ( professional ) စစ်သား  စစ်မှုေ ရးရာ အတတ်ဖြင့် အသက်မွေး ၀မ်းကျောင်း ပြုလုပ် နေသော စစ်သားကို ဆိုလိုပါသည်။

ပြည်သူတွေ သာယာအေးချမ်းတဲ့ ဘ၀ နဲ့နေနိုင်ဖို့စစ်သားဆိုသူများက အသက်သွေးချွေး များစွား ပေးဆပ်ထောက်ကန် ပေးထားကြတာပါ
 
စစ်သား မှန်လျှင်  အမိန့်နာခံရမည်၊ အထက်အရာရှိမှ ပေးအပ်ေ သာအမိန့်နှင့် တာဝန်ကို ကျေ ပွန်စွာထ မ်းေ ဆာင်ရမည်၊ ၄င်းအမိန့်၏ တရားဥပဒေနှင့် ညီခြင်း၊ မညီခြင်းကား  စစ်သားနှင့်မဆိုင် စစ်သားများအထ က် အရာ ရှိ၏ အမိန့်ကို နာခံခြင်းသည် စစ်ဥပဒေနှင့်အညီ မိမိထမင်းကျွေးသောအလုပ်ကို  တာဝန်ကျေခြ င်းဖြစ်သည်။

အထက်ပါ စစ်သည်(၅)ဦးသည် မိမိတပ်များ  ရန်သူဖြတ်သန်းမှုကို သိရှိနိုင်ရန်နှင့်  ရန်သူနှင့် ထိတွေ့ မှု ဖြစ်ပွားသည်နှင့် ဘေးနံတပ်များ အချိန်နှင့်တပြေးညီ လှုပ်ရှားစစ်ဆင်နိုင်ရန်  ပထမဆုံး သေနတ် သံပေးရသည့်  သူများဖြစ်သည်၊။ သူတို့ သေနိုင်ပါသည် ၊ကျဆုံးလဲ  ကျဆုံးခဲ့ကြပါသည်။ စစ်သား စစ်တိုက် ရင်း သေသည်ကို  သနားစရာမလိုပါ၊ ကျွန်တော်ဒီနေ့ မိတ်ဆွေ တစ်ယောက် အား အဆိုပါ စကား များ  ပြော လိုက်မိသည်။  သူက  စစ်သားဆိုတာ လူမိုက်တွေပါ တဲ့။ သေမှန်းသိရက်နှင့် ဒီအလုပ်ကို လုပ်စားနေတာ သနားစရာမရှိပါတဲ့။  နွားတွေလိုဘဲ  ဘာမှ မသိသူများပါတဲ့။

ဒီရဲဘော် ဘယ်လို လူတန်းစားကပဲလာလာ သူဟာ လူသားတဦးပါ .. သူ့မှာမှီခိုသူရှိမယ်၊ မိဘ ရှိမယ် ၊ အပေါင်းအသင်းသူငယ်ချင်းတွေ လဲ ရှိမယ် ၊ သူသိပ်ချစ်တဲ့ သူ့အသက်တောင်စွန့်ရဲတဲ့ အထိချစ်တဲ့ နိုင်ငံ ရှိတယ်

မှန်ပါသည် စစ်သားများသည် လူမိုက်များ ဖြစ်ကြပါသည်။ မိမိအတွက် မသိ၊ မိသားစုအတွက်မသိ ၊သူ တို့ရင်ထဲ၌ အမိန့်နှင့်တာဝန်သာရှိသည် ၊ ရဲဘော်သုံးကျိပ်ဝင် စစ်သား များသည်  အင်္ဂလိပ် နယ်ချဲ့ နှင့် ဖက်ဆစ် ဂျပန်ကို  သေမည်မှန်း သိလျှက်နှင့်  မိုက်မဲစွာ တော်လှန် တိုက်ခိုက်ခဲ့သည်။ ဗီယက်ကောင်းများ သည်  သေမည်မှန်း သိလျှက်နှင့်  မိုက်မဲစွာ ယန်းကီးများအား တိုက်ခိုက်ခဲ့ သည်။   အီရတ်နှင့် အာဖဂန် စစ်မြေပြင်ရှိ  အမေရိကန် တပ်သားများသည်  မိုက်မဲစွာ သေပွဲဝင် သည်အထိ တိုက်ခိုက်ခဲ့ကြသည်။  ဟစ်တလာ၏ နာဇီတပ်များ သည်  မိုက်မဲစွာပင်  မဟာမိတ်များနှင့် တိုက်ခိုက်ခဲ့ကြသည်။  ကမ္ဘာ့သမိုင်း တွင်  စစ်သားများ ၏ မိုက်မဲမှုများ ကား  ရေး၍ ကုန်မည်မထင်။

လူအများစု၏ စိတ်အစဉ်ဝယ်  စစ်သားဟူသည်  ညစ်ကျယ်ကျယ် နိုင်သော ၊ အောက်တန်း ကျသော၊ မိုက်ရိုင်းသော ၊အဆင့်အတန်းမရှိသော လူမိုက်များဟု သတ်မှတ်ထား ကြသည် အာဏာ ရှင်နှင့် စစ်သားကို မျက်မှန်စိမ်း တပ်၍  ညီမျှခြင်းချ သည်။ စစ်သည် အဆင့်အတန်း အားလုံး၌  စရိုက် အမျိုးမျိုးပါသည်  ပန်းရံဆရာ၊ လက်သမား၊ ဖာခေါင်း၊ ဆံသဆရာ၊ သူခိုး၊ ခါးပိုက်နှိုက်၊ ဘုန်းကြီး လူထွက်၊ သစ်ခုတ် သမား၊ လယ်သမား၊ ယာသမား ကျောင်းသား၊ ကျောင်းဆရာ ၊သူဌေးသား ၊ လူကြီးသား အစရှိသည်ဖြင့်  ဘ၀မျိုးစုံမှ စစ်တပ်ထဲသို့  အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိလာ ကြမည် ဖြစ်သည်၊သက် ဆိုင်ရာ အဆင့်အတန်း အလိုက်  စစ်သင်တန်းများ တက်ရောက်ပြီး  အလံကိုင်၍   မိမိနိုင်ငံနှင့် လူမျိုး အတွက် မည်သည့် အချိန်ကာလ၊ မည်သည့် နေရာဒေသ ၊မည်သည့် ခရီး ကိုမဆို  မိမိ အသက်ကို စွန့်လွှတ်၍  အမှုထမ်းပါမည် ဟု ကျမ်းကျိမ်ရပါသည်။

လူ အမျိုးမျိုးရှိ၍  စရိုက်အ မျိုးမျိုး ရှိနိုင်ပါသည်။ သစ္စာ မရှိသော၊ မညှာတာသော၊ ရက်စက်တက်သော လူမိုက် စစ်သားများ ရှိသလို၊  သစ္စာရှိသော၊ ညှာတာသော၊ ကြင်နာ တက်သော လူမိုက် စစ်သားများ လဲ ရှိပါသည်။ အာဏာကို တပ်မက်သော ၊ မိမိမှ တပါးအခြား မရှိသော စစ်သားလူမိုက်များ ရှိသလို ၊ စွန့်လွှတ် အနစ်နာခံသော  အများ အတွက် အသက်ပေးခဲ့သော စစ်သား လူမိုက်များလဲ ပေါများစွာ ရှိနေခဲ့ပါသည်။   

စစ်သားလူမိုက်များ သစ္စာလေးချက်ကို နေ့စဉ်သီဆိုရပါသည်-        

- ငါတို့သည်     နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။        

- ငါတို့သည်     ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
 
- ငါ့အားအထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။         

- ငါ့နိုင်ငံတော် ၊  ငါ့နိုင်ငံသား  ၊ င့ါတပ်မတော်အတွက်  ငါ၏ အသက်ကို စွန့်လွှတ်ရန် ဓိဌာန်ပြုပါ ၏-- ။                 

သစ္စာ လေးချက်ကို ကျေနပ် သည်ဖြစ်စေ ၊မကျေနပ် သည်ဖြစ်စေ  သီဆိုပြီးခဲ့သော၊ သီဆို လတ္တံသော ၊သီ ဆိုရန် ရည်စူးသော  စစ်သား လူမိုက်များသည်ကား  သစ္စာလေးချက် ၏ စူးရှမှုကို နားလည် သဘောပေါက် လာပါမည်-

-  နိုင်ငံတော်နှင့်  နိုင်ငံသားတို့အပေါ် သစ္စာဖောက်ဖျက်သော  စစ်သားများ၏ နောက်ဆုံးသွားရာ လမ်းများ ။        
- ကျဆုံးလေပြီးသော တပ်မတော်သားတို့အပေါ် သစ္စာဖောက်ဖျက်ခဲ့သော စစ်သားများ၏ နောက်ဆုံး သွား ရာလမ်းများ။   

-အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ သစ္စာမစောင့်သိခဲ့သော စစ်သားများ၏ နောက်ဆုံးသွားရာလမ်းများ။
- နိုင်ငံတော်၊ နိုင်ငံသားနှင့် တပ်မတော်အတွက်  အသက်စွန့်လွှတ်ရန်  တာဝန်ရှိရက်နှင့် ပျက်ကွက်ခဲ့ေ သာ စစ်သားများ၏ သွားရာလမ်းများကား ဇာတ်သိမ်းကောင်းမည်မဟုတ်ပါ။ 
 
မိတ်ဆွေများ မုန်းတီးသော မိုက် မဲသည့်  စစ်သားများ သည် တိုင်းပြည်၏ ရန်စွယ်များကို  မိုက်မဲစွာ တွန်းလှန်ခဲ့ကြပါသည်။ မိုက်မဲစွာပါ အသက်တွေ ပေးဆပ်ခဲ့ကြပါသည်။ မိုက်မဲစွာ မိမိ၏ ခြေလက် အင်္ဂါများ ကို စွန့်လွှတ်နေ ကြသည်၊ မိမိပြ ည်သူပြည်သား များအပေါ် ကျရောက် လာမည့် ဘေးအန္တာရယ်များ ကို မိုက်မဲစွာ ကာကွယ်နေခဲ့ ကြပါ သည်။

အဆိုပါ လူမိုက်များတွင်  ကားမရှိပါ၊ နေစရာ အိုးအိမ်တိုက်တာ မရှိပါ၊ သေဆုံးသွားလျှင်လဲ  မည် သည့် ဥစ္စာဓနမျှ ကျန်ရစ်မည်မဟုတ်ပါ၊ သို့သော်  မိမိအတွက်သာကြည့်သော၊မိမိမှ တပါး အခြားမရှိ သော၊ စည်း စိမ် အာဏာကို တမ်းတ မက်မောသော၊ လူမိုက် စစ်သားများနှင့်  ကြင်နာတက်သော၊ ငဲ့ညှာတက်သော၊ စွန့်လွှတ် စွန့်စွား တက်သော လူမိုက်စစ်သား များ၏  နောက်ဆုံး သွားရာ လမ်းကား   အကွဲပြားကြီး  ခြား နားနေပါသည်၊ ခြားနားနေအုံးမည်ဖြစ်ပါသည်။  

အာဏာရှင်နှင့်  စစ်သားအားခွဲခြားမြင်နိုင်သော မျက်မှန်များ ပေါ်ပေါက်ပါစေ

Tuntun Win 

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: