Pages

Wednesday, January 9, 2013

အသက် ၉၀ အရွယ် သတိုးသားက အသက် ၁၅ နှစ်အရွယ် သတိုးသမီး မိဘများကို တရားစွဲ

ဆော်ဒီအာရေးဗီးယားမှ အသက် ၉၀ အရွယ်ရှိ သတိုးသား အဖိုးကြီး တစ်ဦးသည် အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် မင်္ဂလာဆောင်ရာ မင်္ဂလာဦးညတွင် သတိုးသမီးမှ အိပ်ရာခန်းထဲ အ၀င်မခံဘဲ တံခါး ပိတ်ထားခဲ့သည်ဟု သိရသည်။

မင်္ဂလာဆောင်ပြီး နှစ်ညတိုင်တိုင် သတိုးသား အဖိုးကြီးမှ အိပ်ခန်းထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့သော် လည်း သတိုးသမီးမှ တံခါး ပိတ်ထားခဲ့ပြီး နောက်တစ်နေ့တွင် သတိုးသမီး ဖြစ်သူမှာ သူမ မိဘအိမ်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။ သတိုးသား အဖိုးကြီးသည် အမျိုး သမီးငယ်၏ ဖခင် ယီမင် လူမျိုးနှင့် မိခင် ဆော်ဒီအာရေးဗီးယား အမျိုးသမီးအား မင်္ဂလာခန်းဝင်ကြေး အမေရိကန် ၁၇၅၀၀ ပေးခဲ့သည်ဟု ဆိုသည်။

မင်္ဂလာဦးည ရောက်ပြီးမှ အာဝါဟ၀ိဝါဟ မပြုလုပ်ခဲ့ရ၍ အထူး မကျေမချမ်း ဖြစ်နေသော သတိုးသား အဖိုး ကြီးသည် အမျိုးသမီးငယ် ဖခင်နှင့် မိခင် ဖြစ်သူအား တရားစွဲဆိုသွားမည်ဟု ဆိုသည်။

အမျိုးသမီးငယ်ကို သူနေအိမ်သို့ ပြန်ပို့ရန် (သို့မဟုတ်) ခန်းဝင်ကြေးကို ပြန်ပေးရန် သတိုးသား အဖိုးကြီး က တောင်းဆိုသွားရန် စီစဉ်နေသည်ဟု ဆိုသည်။

ယခုအခါ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်အား ကယ်တင်ရန် ဆော်ဒီ လူ့အခွင့်အရေး လူပ်ရှား သူ များက အစိုးရအား တောင်းဆိုထားပြီး ယခုကဲ့သို့ အသက်အရွယ် ကြီးရင့်နေသူ တစ်ဦးက အသက်ငယ် ရွယ်သူ အမျိုးသမီးငယ် တစ်ဦးကို လက်ထပ် ယူခြင်း အပေါ် ရှုတ်ချ ကန့်ကွက်နေကြသည်ဟု ဆိုသည်။

သူတိုးသား အဖိုးကြီးက မိမိ အနေဖြင့် တရားဝင် လက်ထပ်ယူခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားလုပ် တာ မရှိပါဟု ပြောကြားသည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းထောက် ဟာဂျီဝက်စ်လီ က စီနီယာအလ္လာဟ်ကြီး၏ သဘောထား ကို မေးမြန်းရာ စီနီယာအလ္လာဟ်က ဒီအဖိုးက ၆ နှစ်သမီးကို လက်ထပ်ခဲ့တဲ့ တမန်တော်ကြီးရဲ့ လမ်းစဉ်အ တိုင်း လိုက်နာဆောင်ရွက်တာ ဖြစ်တဲ့အတွက် အဖိုးကြီးဟာ အစ္စလမ်တရားတော်နှင့် အညီဆောင်ရွက်ခဲ့ခြ င်းဖြစ်လို့ အပြစ်မရှိပါဘူး ။ ခေတ်သစ်ယဉ်ကျေးမှုမြင်နှင့်ကြည့်ကြလို့သာ အဖိုးကြီးမှာ ဘာလိုလိုညာ လို လိုဖြစ်နေရတာပါ ။ ဒါဟာ မိုဟာမက်ကျင့်စဉ်ဖြစ်ပါတယ် ။ အမှန်တရားသိချင်ချင်တော့ အလ္လာဟ်ရှင်ကို သာ မေးကြပါ ဒါမှမဟုတ် သခင်ယေရှု အပြန်ကိုစောင့်ပြီးမေးကြပါဟု မှတ်ချက်ပေးပါသည် ။

အကိုးအကားများ ။

http://www.dailymail.co.uk/news/article-2259067/90-year-old-Saudi-groom-claims-wife-15-parents-set-10-000-dowry.html
http://rt.com/news/old-saudi-underage-marriage-523/
http://www.narinjara.com/burmese/?p=3907

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အသက် ၉၀ အရွယ် သတိုးသားက အသက် ၁၅ နှစ်အရွယ် သတိုးသမီး မိဘများကို တရားစွဲ

Labels:

0 comments: