Pages

Thursday, January 3, 2013

သစ္စာ မရှိချင်နေပါ သစ္စာတော့ မမဲ့ပါနဲ့လို့ ပြောပါရစေ

သူဟာ အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ယောက်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး၊ သမ္မတ၏ ယုံကြည် ကိုးစားခြင်း ခံရတဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ဥက္ကဌ တစ်ယောက် ဖြစ်ပါတယ်။ နယ်သား၊ ဂါဒီယန် ဆိုတဲ့ အစွဲတွေကြောင့် နေရာရတယ်လို့ မဆိုလိုချင်တာကြောင့် ကံ၊ဥာဏ် နဲ့ ၀ီရိယ ပေါင်းစပ် ပြီး လက်ရှိရာထူး နေရာမှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့သူလို့ ပြောချင်ပါတယ်။
 
အလုပ်လုပ်မယ့်သူ မရှိတဲ့ အတွက်ကြောင့် ကျွန်တော်လုပ်ရတယ်၊ ကျွန်တော်တို့က တရုတ်ကိုလည်း ကြောက်ရ တယ်ဘုရား ဆိုတဲ့ စကားတွေဟာ တိုင်းပြည်အတွက် ကောင်းစေလိုတဲ့ စိတ်ကြောင့် နှုတ်မစောင့် နိုင်ဘဲ ထွက်ခဲ့တယ်လို့ ယုံကြည်ပေးလို့ ရပါတယ်။ ဒါပေမယ့် သစ္စာ ၄ ချက်ထဲက ငါတို့သည် ကျဆုံးလေပြီး သော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် ဆိုတာကို ကျွန်တော်တို့က ပြင်ပေးရမယ် ဆိုတဲ့ စကားက စလို့ အတိုင်းအတာတော့ လွန်ချေပြီ။
 
ဦးအောင်မင်း မမြင်တွေ့တဲ့ ကချင်တောတွင်းမှ မမြုပ်နှံရသေးတဲ့ ကျဆုံးတပ်မတော်သား

ကျဆုံးလေပြီးသော တပ်မတော်သား ဆိုသည်မှာ ယနေ့ ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ အခြား တိုင်းရင်းသား မပါ ဗမာတိုင်းရင်းသားတွေကို ဆိုလိုတာ မဟုတ်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်က စလို့ မြန်မာ့ တပ်မတော်ထဲ ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ တိုင်းရင်းသား ညီအစ်ကိုအားလုံးရဲ့ အသက် စွန့်မှု တွေကို သတိတရ သစ္စာစောင့်သိရွတ်ဆိုတာပါလို့ ဘာကြောင့် မထွက်ခဲ့လဲဆိုတာ နားမလည်နိုင်ေ အာင်ပါပဲ။

အမှန်အတိုင်းသာ စာရင်းကောက်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့က ၁၀ ဖွဲ့ ငြိမ်းချမ်းရေးယူတဲ့ လုပ်ဆောင်ချက်မှာ ဦးအောင်မင်းဆိုတာ ကြားဖူးခဲ့သူ ခပ်ရှားရှားပါ။ အခွင့်သာခိုက်မို့ ကေအိုင်အေနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးစဉ်မှာမှ ခေါင်းဆောင်ဆိုတဲ့ ခေါင်းစဉ်တပ်ခွင့်ရချိန်မှာ နာမည်ကောင်းတစ်ခု အတွက် တပ်မတော် ကို စတေးပစ်ဖို့ ကြိုးစားနေသလားဆိုတာတော့ သံသယ ရှိစရာပါပဲ။
 
ဦးအောင်မင်း အသံမထွက်ခဲ့တဲ့ တပ်မတော်သားအလောင်းရှေ့မှာ အလှရိုက်ခဲ့တဲ့ ဓာတ်ပုံ

တပ်မတော်သားဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်မင်းဟာ ကေအိုင်အေရဲ့ အပစ်ရပ်ကာလ အတွင်း တစ်နေ့ ကို တပ်မတော်သား ၅၀ လောက် ကျဆုံးဒဏ်ရာရတဲ့ အချိန်မှာ အသံမထွက်ခဲ့ပါဘူး။ ကေအိုင်အေတို့ တပ်မတော် ကို ခြုံခိုတိုက် အလောင်းကောင်တွေ ရှေ့မှာ ဓာတ်ပုံရိုက်နေ တုန်းကလဲ အပြုံးမပျက်ခဲ့ပါဘူး။ ငြိမ်း ချမ်းရေးကို စေ့စပ်ဆွေးနွေးပါလို့ ခေါင်းဆောင် ခန့်ထားတဲ့အချိန်မှာတောင်မှ တာဝန်မရှိဘဲ တာဝန် သိစွာနဲ့ လက်ပံတောင်း ကို ကချင်ပြည်နယ်မှာ တပ်မတော်သားတွေ သေကြေဒဏ်ရာရနေတုန်း သွားခဲ့ ပါသေးတယ်။ အဲဒီ အချိန်တွေ မှာတော့ ကေအိုင်အေ ခေါင်းဆောင်မတက်တဲ့အတွက် ကချင်ငြိမ်းချမ်းရေး ဆိုတာ သတိရချင်မှတောင် ၇မှာပါ။

ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်မင်း သိစေဖို့ ကချင်ပြည်နယ်ရဲ့ လူဦးရေကို ပြောပြချင်သေးတယ်။ ကချင်ပြည်နယ်မှာ ကချင်လူမျိုးက မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ပူတာအို ခရိုင်လေးခုပေါင်း ၁၆ သိန်း နီးပါး ရှိပါတယ်။ အဲဒီထဲမှာမှ ကချင်လူမျိုး ၃၉.၃၁၉ % ရှိပြီး ကယား ၀.၀၂%၊ ကရင် ၀.၂၁၈% ၊ ချင်း ၀.၇၃၇ %၊ ဗမာ ၂၉.၂၈၈%၊ မွန် ၀.၀၃၀%၊ ရခိုင် ၀.၂၁၇ % နဲ့ ရှမ်းက ၂၃.၆၃၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒီလို စာရင်းဇယား အရ လိုင်ဇာတစ်ကွက်က ကေအိုင်အေဟာ ကချင်ပြည်နယ်ကို ကိုယ်စားပြုသတဲ့လား ဦးအောင်မင်း ဖြေပါအုံး။

တပ်မတော်သား အသက်တွေ ထောင်ပေါင်းများစွာ ပေးဆပ်မှုကို သတိမရဘဲ ကေအိုင်အေရဲ့ အတင်း အဓမ္မ လူသစ်စုထားသူတွေကို ရှေ့တန်းပို့တာကြောင့် သေဆုံးခဲ့သူတွေ ရှိလာမှ တိုင်းရင်းသား အရေးကို ထအော် ရသလား။ တပ်မတော်မှာ တိုင်းရင်းသား လူမျိုးအားလုံးပါတယ် ဆိုတာ တပ်မတော်မှာ ရာထူးကြီး တာဝန် ထမ်းဆောင်ဖူးတဲ့ ဦးအောင်မင်း တို့ ပိုသိပါတယ်။ ၀မ်ပေါင် သမ္မတ နိုင်ငံဆိုတဲ့ ကေအိုင်အေ အတွက် ထက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဆိုတာ အတွက် အသက်ပေးဆပ်ရတဲ့ တပ်မတော် သားတွေကို စော်ကားခြင်း ဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ပိုတောင် ထိခိုက်စေပါတယ်။ 
 
တပ်မတော်သားတွေဟာ အခွင့်အရေး မပြည့်မစုံနဲ့ စွန့်လွှတ်သည်းခံပြီး အသက်ပါစွန့်နေရတဲ့ အတွက် ငြိမ်းချမ်းရေးကို ပိုပြီး လိုလားပါတယ်။ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ တပ်မတော်အတွက် တိုင်းရင်း သားပေါင်းစုံ ပါဝင်တဲ့ ပြည်သူတွေက မျက်ရည် တွေ ကျခဲ့ရပြီးပါပြီ။ တပ်မတော်ကို သစ္စာ မရှိချင်နေပါ။ တပ်မတော် ကို သစ္စာတော့ မမဲ့ပါနဲ့ လို့ ပြောပါရစေဗျာ။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: